မင်းဘူးဒေသထွက် သြဇာသီးများ အထွက်နှုန်းနည်းပြီး ဈေးမြင့်နေ

19/09/2018 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

"ဒီနှစ်ထဲ မိုးရွာသွန်းမှုများပြီး သြဇာပင် တွေ အသီးအတင်နည်းခဲ့တယ်။ အရင်နှစ် ကဆို သြဇာပင်တစ်ပင်ကို အလုံးရေ ၄၀၊ ၅၀ လောက်သီးတယ်။ ဒီနှစ်တော့ တစ်ပင်ကို အလုံးရေ ၂၀၊ ၃၀ လောက်ပဲ သီးပြီး အလုံး တွေ ထွားကျိုင်းမှုမရှိဘူး။ သြဇာသီးကို တော် သလင်းလလောက်မှာ ခူးဆွတ်ရောင်းချရပြီး သီတင်းကျွတ်လကုန်ရင် သြဇာသီးမထွက် တော့ဘူး။ အခုနှစ်အထွက်နည်းနေပေမယ့် ပေါ်ဦး ပေါ်စမှာ ဈေးကောင်းရနေပါတယ်"ဟု မင်းဘူးမြို့နယ် ကျွဲသိုးမြှောင်ကျေး ရွာနေ သြဇာခြံစိုက်တောင်သူ ကိုကျော်လွင်က ပြော ဆိုသည်။

မင်းဘူးဒေသထွက် သြဇာသီးမှာ နာမည် ကျော်ပြီး မင်းဘူး၊ မကွေး ကားလမ်းဘေး တစ်လျှောက်ရှိ ထောက်ရှာပင်ကျေးရွာနှင့် ကျွဲသိုးမြှောင်ကျေးရွာများတွင် သြဇာသီးရောင်း ချနေသူများဖြင့် စည်ကားနေပြီး ခရီးဝေး သယ်ယူမည့်သူများအား သြဇာသီးများကို ခြင်းဖြင့်ထည့်၍ ရောင်းချကြသည်။

ဆောင်းပါး အပြည့်အစုံ ဖတ်ရန်...........


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်