အဏုဇီဝအားဖြည့်စာများဖြင့် မြေဩဇာပြုလုပ်နည်းနှင့် ကြံမြုပ်ချေးအစွမ်းသတ္တိများ

06/10/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြေဆွေးပြုလုပ်ရာတွင် အဏုဇီဝများမရှိပါက အဏုဇီဝအားဖြည့်စာများ ထည့်ပေးခြင်းဖြင့် သဘာဝ အဏုဇီဝများကို ပိုမိုပွားများလာစေပြီး အရည်အသွေးကောင်းသော မြေဩဇာများ ထုတ်လုပ်နိုင်ပါသည်။

၎င်းတို့မှာ

  • ဩဂဲနစ်ရှာလကာရည်
  • စပါးခွံမီးသွေး
  • ခိုင်တိုစန်
  • စပီရူလိုင်းနားရေညှိ
  • ကြံမြုပ်ချေး
  • နို့ချဉ်ရည်
  • ငါးအမိုင်နိုအက်စစ်
  • သစ်သီးချဉ်ဖောက်ရည်
  • ကုက္ကိုသီး

ME Technology သည် ယနေ့ခေတ်စားလာသော နည်းပညာတစ်ခုဖြစ်သည်။ အဏုဇီဝသက်ရှိများကို သိုလှောင်ရောင်းချရာတွင် သက်ရှိများကဲ့သို့ ထိန်းသိမ်းရသဖြင့် အခက်အခဲရှိသောကြောင့် အဏုဇီဝများ ကို တိုက်ရိုက်အသုံးမပြုဘဲ ၎င်းတို့ကို လျင်မြန်စွာပွားများစေသော ပစ္စည်းများကိုသာ ထုတ်လုပ် အသုံးပြုသော နည်းပညာဖြစ်သည်။

ကြံမြုပ်ချေး

ကြံမြုပ်ချေးသည် အပင်အာဟာရဓာတ်များစွာပါသော သဘာဝဩဂဲနစ်ပစ္စည်းဖြစ်သည်။ သကြားစက်ရုံ များမှ ဘေးထွက်ပစ္စည်းအဖြစ် အများအပြားထွက်ရှိပါသည်။ ၎င်းကို သဘာဝအတိုင်းဖြစ်စေ ဆွေးမြေ့ပြီးမှ ဖြစ်စေ ဩဂဲနစ်မြေဩဇာအဖြစ် ပြုလုပ်၍ဖြစ်စေ အသုံးပြုကြပါသည်။ ကြံမြုပ်ချေးဖြင့် ပြုလုပ်သော ဩဂဲနစ်မြေဩဇာများသည် အခြားဩဂဲနစ်မြေဩဇာများထက် ပိုကောင်းလေ့ရှိပါသည်။ မြေဆွေးပြုလုပ် ရာတွင် အလွှာတိုင်းတွင် အနည်းငယ်စီထည့်ပေးခြင်းဖြင့် ဆွေးမြေ့မှုမြန်စေပြီး အာနိသင် ပိုကောင်းစေ ပါသည်။

ကြံမြုပ်ချေးတွင် ပါဝင်သော အပင်အာဟာရဓာတ်များ

  • နိုက်ထရိုဂျင် ၁.၆ %
  • ဖော့စ်ဖရပ် ၄.၇ %
  • ပိုတက်ဆီယမ် ၁.၂ %
  • ကယ်လ်ဆီယမ် ၉.၄၇ %
  • ဆာလ်ဖာ ၄.၅ %
  • ဩဂဲနစ်ပစ္စည်း ၆၁ %
  • ချဉ်ငံဓာတ် ၇.၀၇ %

ကြံမြုပ်ချေးသည် စေးသောမြေကို ဖွယ်စေသည်။ ဖွယ်သောမြေကို စေးစေပါသည်။ မြေအစိုဓာတ်နှင့် အပူချိန်ကို ထိန်းထားပေးနိုင်သည်။ မြေချဉ်ငံဓာတ်ကို သမစေသည်။ မြေတွင်း အာဟာရဓာတ်များ ပျက်စီးဆုံးရှုံးမှုကို ထိန်းပေးနိုင်သည်။ ထို့ကြောင့် ဓာတ်မြေဩဇာများကို ကြံမြုပ်ချေးနှင့် ရောကျွေးပါက  ဓာတ်မြေဩဇာ၏ အာနိသင်ကို တိုးစေပါသည်။

အရည်အသွေးကောင်းသော မြေဆွေးများ ပြုလုပ်သုံးစွဲခြင်း (FSWG) စာအုပ်တွင်ပါဝင်သော ဆောင်းပါးကောင်းများထဲမှ တစ်ပုဒ်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်