စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထ ကောင်းများ (၆)

12/01/2018 13:34 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျွန်မ ဘာသာပြန်ဖေါ်ပြနေသော ASEAN GAP မှ Food Safety Module တွင် Element ၁၀ ခုပါဝင် ရာ အခု အပိုင်း၂ ကို ရောက်ခဲ့ပြီဖြစ်ပါသည်။

Element (2) မှာ အပိုင်း(၂) မျိုးစေ့ ၊ ပျိုးပင် နှင့် စိုက်ပျိုးမျိုးပွားသည့်အပင် ၏ အစိတ်အပိုင်းများ ဖြစ်၍ ထောက်ခံ ထားသည့် ကျင့်သုံးသင့်သော အလေ့အထ ၃ ချက် ( 3 Recommended Practices ) ရှိပါသည်။ အပိုင်း (၂) မျိုးစေ့၊ ပျိုးပင် နှင့် စိုက်ပျိုးမျိုးပွားသည့်အပင် ၏ အစိတ်အပိုင်းများ မိမိ ၏ စိုက်ခင်းတွင် စိုက်ပျိုးမည့် မျိုးစေ့ (သို့မဟုတ် ) ပျိုးပင်သည် ပျိုးခင်း တွင် ပျိုးထားစဉ်ကာလ တွင် ဖျက်ပိုးများ ရောဂါ များကို နှိမ်နင်းရန် အလို့ငှာ သုံးစွဲ ထားကောင်း ထားလိမ့်မည်။ ထိုအခါ ဓာတ်ကြွင်း ပမာဏ များပြား စွာပါ၀ င်နေခြင်း ရှိမရှိ၊ တရားဝင် အသိအမှတ်ပြု ဆေးဆိုင်မ ှရောင်းချထားသော ဓာတု ပစ္စည်းဟုတ် မဟုတ်၊ အပင် တွင် စွဲကပ် ကျန်ရှိနိုင်သည့် ကာလအပိုင်း အခြား တို့ကို သေချာ စွာလေ့လာ စုံစမ်း မှတ်တမ်းတင် ထားရပါမည်။

ထောက်ခံထားသည့် ကျင့်သုံးသင့်သော အလေ့အထ (၅)

အကယ်၍ ထို မျိုးစေ့၊ ပျိုးပင် နှင့် မျိုးပွားမည့် အစိတ်အပိုင်း များသည် မိမိ ၏ ခြံ အတွင်း ထုတ်လုပ်သည် ဖြစ်ပါက ၊ သုံးစွဲသည့် ဓာတုပစ္စည်း ၊ သုံးစွဲရခြင်းအကြောင်းရင်းကို မှတ်တမ်းပြုစုရပါမည်။ ထိုသို့ မှတ်တမ်းပြုစုရာတွင် ပါဝင်သင့်သည့် အချက်အလက်များ မှာ

  • ပစ္စည်း အမျိုးအစား၊
  • တည်နေရာဒေသ၊
  • အသုံးပြုသောဓာတုပစ္စည်း၊
  • သုံးစွဲရသည့်အကြောင်းရင်း၊
  • သုံးစွဲသည့် နေ့စွဲ၊
  • သုံးစွဲသည့်နှုန်းထား၊
  • အပင်တွင် တည်ရှိနေမည့်ကာလအပိုင်းအခြား ၊
  • ဆေးကို အသုံးပြုသူ၏အမည် စသည်တို့ပါဝင်ရပါမည်။

ထို မှတ်တမ်းစာအုပ်သည် အနာဂတ်ကာလ တွင် ရည် ညွှန်း ကိုးကားရန်အသုံးဝင်ပါလိမ့်မည်။

ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၆)

အကယ်၍ထို မျိုးစေ့၊ ပျိုးပင် ၊မျိုးပွားသည့် အပင် အစိတ်အပိုင်းသည် တခြားသော ခြံ မှ ရယူသည် ဖြစ်ပါက ထို ခြံ ၏ အမည် ။ ရောင်းချသူ အမည် ၊ ဝယ် ယူသည့်ရက်စွဲ တို့ကို မှတ်တမ်းပြုစုရပါမည်။ ထို မှတ်တမ်းသည် ထို အပင်ကို စိုက်ပျိုး ထားသည် မှ စတင်၍ ရိတ်သိမ်းချိန်အထိ ကိစ္စ တစုံတရာ ဖြစ်ပေါ်ခဲ့ပါက စုံစမ်းစစ်ဆေးရန် ၊ နောက်ကြောင်းပြန်လိုက်ရန် မှတ်တမ်း မှ တဆင့် သိရှိနိုင်ပါမည်။ ထိုမှတ်တမ်းသည် စာရင်းသွင်း စာအုပ် ၊ ဖြန့်ဝေသည့်စာအုပ် ၊ လက်ခံရရှိသည့် စာအုပ် မှတ်တမ်းဖြစ်ရပါမည်။

ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၇)

မိမိခြံ အတွက် စိုက်ပျိုးမည့် မျိုးစေ့၊ ပျိုးပင် ၊ အပင် အစိတ်အပိုင်းသည် လူတို့စားသုံးလျှင် အဆိပ်အတောက် ဖြစ်စေ နိုင်သည် ဆိုပါလျှင် ထို မျိုးပြားများကို လုံး မစိုက်ပျိုးသင့်ပါ။ တချို့သော သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်တို့သည် လူတို့ စားသုံးရန်အတွက် အဆိပ် အတောက် ဖြစ်စေ တတ်ပါသည်။  ဥပမာ -ပီလောပီနံဥ ။ မစိုက်ခင် ကတည်း က မိမိစိုက်ပျိုးမည့် အမျိုးအစား သည် သင့်တော်မှုရှိမရှိ၊ လူတို့အတွက် အဆိပ်အတောက် ဖြစ်မဖြစ် စစ်ဆေးရန် လိုအပ်ပါသည်။

Element (3) မှာ အပိုင်း(၃) မြေသြဇာ နှင့် မြေဆီလွှာ ပြုပြင် ပစ္စည်းများ ဖြစ်၍ ထောက်ခံထားသည့် ကျင့်သုံးသင့်သော အလေ့အထ၉ ချက် ( 9 Recommended Practices ) ရှိပါသည်။

လတ်ဆတ်စွာ စားသုံးသည့် သီးနှံများတွင် အဓိ က အရေးကြီးသော အဆိပ်အတောက် ဖြစ်စေသော ဓာတု ဓာတ်ကြွင်းမှာ အရည် အသွေး ညံ့ဖျင်းသော မြေသြဇာများ ၊ မြေဆီလွှာ ပြုပြင် ပစ္စည်းတို့တွင် ဂျစ်ပဆန်(လချေး မှုန့်) တိရိစ္ဆာန် ချေးများ ၊မြေဆွေး၊ စသည်တို့ တွင် လေးလံသော သတ္တုများ အထူးသဖြင့် ကက်ဒမီယမ် ပါဝင်နေခြင်းကြောင့် ဖြစ်ပါသည်။ အမြစ်စားသီးနှံများ ၊ မြေအောက်ပင်စည်များ ၊ ရွက်စားသီးနှံများသည် အခြေ အနေပေးပါက ကက်ဒမီယမ်ကို စုတ်ယူလေ့ရှိကြပါသည်။ တခြားသောသီးနှံများ က ထိုသီးနှံများလောက် ကက်ဒမီယမ် စုတ်ယူမှု မများပါ။  အန္တရာယ် ဖြစ်စေသော အဏုဇီဝ ပိုးများ ပါဝင် နေခြင်းသည် စိုက်ခင်းမြေ တွင် အော်ဂဲနစ် ပစ္စည်းများ သုံးရာ မှ ပါဝင်လာတတ်ပါသည်။ ကောင်းစွာပြုပြင် မထားသော တိရိစ္ဆာန်ချေးများ၊ နည်းစနစ် မမှန်သော မြေဆွေးများ တွင် ရောဂါဖြစ်စေသော အဏုဇီဝပိုးများ ပါဝင် နိုင်ချေမြင့်မား ပါသည်။ ထို အော်ဂဲနစ် ပစ္စည်းများသည် မြေသို့ ထည့်စဉ် အခါ နှင့် အရွက်ကို ဖြန်းသည့် အခါ သီးနှံ၏ စားသုံးရသည့် အပိုင်းနှင့် တိုက်ရိုက် ထိတွေ့ ၍ သော်လည်းကောင်း၊ ဖြစ်ပွားနိုင်ပါသည်။မြေဆီလွှာ နှင့်လောင်းသည့်ရေ မှ သွယ် ဝိုက်သောနည်းဖြင့် ပါဝင်လာတတ်ပါသည်။ မြေ တွင် ကပ်ပေါက်သော သီးနှံက မြေ နှင့်ဝေးသော သီးနှံထက် ပါဝင် မှု ပိုမို မြင့်မားတတ်ပါသည်။

ထောက်ခံထားသည့် ကျင့်သုံးသင့်သော အလေ့အထ (၈)

မြေသြဇာနှင့် မြေဆီလွှာ ပြုပြင်ရေး ပစ္စည်း များ အသုံးပြုသောကြောင့် အဆိပ်အတောက် ဖြစ်စေသော ဓာတုပစ္စည်းများနှင့် အဏုဇီဝပိုးများ ပါဝင်နေမှုကို သီးနှံ တစ်မျိုးချင်းအလိုက် စစ်ဆေး ပြီး မှ အသုံးပြုရပါမည်။ထူးခြား လွန်ကဲသော အဆပ်အတောက်ဖြစ်မှု ကို သေချာစွာ အမျိုးအစားခွဲခြား မှတ်တမ်းတင်ထားရပါမည်။ လေ့လာ ဆန်းစစ်ချက်ကို အသုံးပြုရန် ရည်ရွယ် သည့်မြေသြဇာနှင့် မြေဆီလွှာပြုပြင် ပစ္စည်း တစ်ခုချင်းအလိုက် ပြုလုပ်ထားရပါမည်။ မည်သည့် ထူးခြားသည့် အဆိပ်သင့်မှုကို မဆို သေချာ မှတ်တမ်းတင်ရပါမည်။ မှတ်တမ်း တင်သည့် အခါတွင်လည်း တည်နေရာ၊ စိုက်ပျိုးမည့် သီးနှံ အမျိုးအစား၊ လေ့လာ ဆန်းစစ်သည့်နေ့စွဲ၊ ဆန်းစစ်သည့် သူ၊ ရရှိသောရလဒ် တို့ ပါဝင်ရပါမည်။ ထည့်သွင်း ရမည် ဇယားပုံစံကို ပူးတွဲဖေါ်ပြပါမည်။

ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၉)

အသုံးပြုသည့်မြေသြဇာ ၊ မြေဆီလွှာပြုပြင် ပစ္စည်း ၏ ထူးခြားသော အဆိပ်သင့်မှကို သေချာစွာ လေ့လာ ဖေါ်ထုတ်ပြီးလျှင် လျှော့ချပေးနိုင်မည့် ကုစား နှိမ်နင်းမည့်နည်းလမ်းများ ကို ဆောင်ရွက် ရမည်။ အန္တရယ် ဖြစ်မှုကိုလျှော့ချ ကုစားနိုင်စေရန် ၊ လေးလံသော သတ္တု များ ပါဝင် မှု နည်းသည့် မြေသြဇာ များ ၊ ထည့်သွင်းပေး ရမည်။ ထိုသတ္တုကို စုတ်ယူသော်လည်း ကိစ္စ မရှိ သည့်သီးနှံများကို စိုက်ပျိုးပေးရပါမည်။ ဓာတ်ခွဲစမ်းသပ်ချက် ကို အသုံးမပြုခင် အချိန်တိုင်း စစ်ဆေးရပါမည်။

အသုံးပြုသည့် ( စီးပွားဖြစ် ရောင်းချသည့် အော်ဂဲနစ် ပစ္စည်းများ၊ လယ်ယာထွက် သီးနှံ အကြွင်းအကျန်များ ဖြစ်သည့် ကောက်ရိုး ၊ နွားချေးများ သီးနှံ စွန့်ပစ်ပစ္စည်းများ ) မှ အဏုဇီဝပိုးများ ပါဝင် မှုလျှော့ချပေးရန် အတွက်
မြေ တွင်းသို့ ထည့်သွင်း မြေသြဇာကျွေးသည့်အခါ စားသုံးသည့် အစိတ်အပိုင်းနှင့် မထိတွေ့စေရန် သတိထားရပါမည်။

  • သစ်ပင် မြေရင်းကိုဖုံးကာခြင်း၊ မြေကို ပလတ်စတစ် အုပ်ပေးခြင်းတို့ ပြုလုပ်ရပါမည်။
  • အော်ဂဲနစ် မြေသြဇာ ကျွေးချိန်နှင့် ခူးဆွတ်ချိန်ကို ခပ်ခွာခွာ ထားပေးခြင်း တို့ကို ပြုလုပ်ရပါမည်။

ဆက်လက်ဖေါ်ပြပါဦးမည်..။
ဒေါက်တာမသစ္စာ


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်