တန်ဖိုးမဖြတ်နိုင်သော ဆုကြီးတစ်ဆုဖြစ်သည့်"လာနီညာ"

30/03/2024 17:19 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

သမုဒ္ဒရာများသည် 2023 ခုနှစ် ဧပြီလကတည်းက ကမ္ဘာပေါ်တွင် စံချိန်တင် အပူဆုံးဖြစ်ခဲ့ပါသည်။ ပင်လယ်မျက်နှာပြင်အပူချိန်သည် 2024 ခုနှစ် ဖေဖော်ဝါရီလတွင် အပူချိန်များ ဆက်လက်တိုးလာကာ ထိုလအတွက် စံချိန်တင်ခဲ့ပြီး 2024 ခုနှစ် မတ်လသည် အပူဆုံး မတ်လအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ အထူးသဖြင့် အတ္တလန်တိတ် သမုဒ္ဒရာသည် ပင်လယ်ရေမျက်နှာပြင် အပူချိန်တွင် ထူးခြားပြီး ကြာရှည်စွာ ပူနွေးမှုကို ပြသနေသည်။

ဤကမ္ဘာလုံးဆိုင်ရာပူနွေးမှုပုံစံသည် ENSO(El Niño-Southern Oscillation)ပြောင်းလဲဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်သော ပင်လယ်ရေမျက်နှာပြင်အပူချိန်များ၏ ပုံမှန်သမိုင်းဝင်ကမ္ဘာလုံးဆိုင်ရာပုံစံအပေါ် သက်ရောက်မှုရှိပါသည်။ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်မားလာခြင်းကို ကျွန်ုပ်တို့ တစ်ခါမှ မတွေ့ကြုံခဲ့ဖူးသောကြောင့် ပြီးခဲ့သည့် ENSO ပြောင်းလဲမှုမှတ်တမ်းများအပေါ် အခြေခံသော ၂၀၂၄ ခုနှစ် ENSO ပြောင်းလဲခြင်းအခြေအနေသည် မည်သို့ဖြစ်လာနိုင်ကြောင်းကောက်ချက်ချ၍ မရနိုင်တော့ပေ။

အယ်လ်နီညို—အယ်လ်နီညို-တောင်ပိုင်း Oscillation ၏ အတိုကောက်ဖြစ်သော ENSO ၏ ပူနွေးသောအဆင့်သည် အပူပိုင်းပစိဖိတ်ဒေသတွင် ဆက်လက်တည်ရှိနေသော်လည်း ဧပြီလမှ ဇွန်လအထိ ကြားနေအခြေအနေသို့ အမြန်ကူးပြောင်းသွားမည့် အရိပ်အယောင်များ ညွှန်ပြနေသည်။ ဇွန်လမှ သြဂုတ်လအထိ La Niña ရွှေလက်မှတ်ရရှိရန် 62% အခွင့်အလမ်းရှိသည်။(ပူပြင်းခြောက်သွေ့နေသည့် အယ်လ်နီညို၏ အပူဒဏ်ခံစားနေရသော ဒေသများတွင် လာနီညာဖြစ်ပေါ်လာနိုင်ခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် ဆုကြီးတခုသဖွယ်ဖြစ်နေကြောင်းဆိုလိုသည်) ထို့ကြောင့် အတ္တလန္တိတ်ဟာရီကိန်းရာသီနှင့် မြောက်အမေရိကဆောင်းရာသီအပါအဝင် La Niña သည် ကမ္ဘာ့ရာသီဥတုပုံစံများကို သက်ရောက်မှုရှိသောကြောင့် စောင့်မျှော်ကြည့်ရှုရပါဦးမည်။

အယ်နီညိုသည် အနောက်တောင်မုတ်သုံလေအပေါ်ထိရောက်သည့် ဆက်နွယ်သက်ရောက်မှုရှိသည်။

လာနီညာသည် မုတ်သုံရာသီအတွက် ကောင်းသည်ဟု ယူဆသော်လည်း ခိုင်မာသောဆက်စပ်မှုတော့မရှိပါ။

များသောအားဖြင့် လာနီညာဖြစ်ပေါ်ခြင်းသည် မုတ်သုံအားလျော့နေသည့်အခြေအနေကို 80% ပျက်ပြယ်စေသည်။ တနည်းအားဖြင့် မုတ်သုံလေကို အားကောင်းစေနိုင်လိမ့်မည်။ 

၁၉၉၉ နှင့် ၂၀၀၀ ခုနှစ်များတွင် လာနီညာဖြစ်ပေါ်ခဲ့သော်လည်း ပုံမှန်မုတ်သုံလေဝင်ရောက်မှုအောက်အခြေအနေကို ဖြစ်ပေါ်စေခဲ့ပါသည်။ 2000 ခုနှစ်တွင် IOD(Indian Ocean Dipole)သည် အနုတ်လက္ခဏာဖြစ်ခဲ့ပြီး 2024 ရာသီတွင် အပေါ်င်းလက္ခဏာဖြစ်နိုင်ချေ(IOD Positive)က များနေသည်။ စူပါအယ်နီညိုနှစ်(2015)ဖြစ်ပြီးနောက် လာနီညာသည် မုတ်သုံလေဝင်ရောက်မှုကို ပုံမှန် သို့မဟုတ် ပုံမှန်ထက်ပိုမိုအားကောင်းစွာဝင်ရောက်နိုင်ရန်မောင်းနှင်နိုင်သော မှတ်တမ်းများရှိခဲ့သည်။

နောက်ဆုံးခန့်မှန်းချက်အရ လာနီညာ - La Nina ဖြစ်ပေါ်နိုင်ချေသည် မုတ်သုံရာသီအစတွင် ၃၀ ရာခိုင်နှုန်းမှ စက်တင်ဘာလကုန်တွင် ၈၀ ရာခိုင်နှုန်းအထိ မြင့်မားလာသည်။ ကမ္ဘာမြောက်ဘက်ခြမ်းတွင် လာနီညာအမြင့်မားဆုံးအခြေအနေကို 2025 ခုနှစ်ကုန်ပိုင်း ဆောင်းရာသီသို့ ကူးပြောင်းသွားသည့်ကာလတွင် မြင်တွေ့ရနိုင်မည်ဖြစ်သည်။

reference: El Niño near its end

http://www.bom.gov.au/climate/enso/#tabs=Overview

March 2024 ENSO update: award season

https://www.climate.gov/news-features/blogs/enso/march-2024-enso-update-award-season

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်