Green Way

Green Way app

Get answers and alerts, faster.

Get Get
ဂွေးသီးစိုက်ပျိုးနည်း

ဂွေးသီးစိုက်ပျိုးနည်း

အင်္ဂလိပ်အမည်     Ambarella

ရုက္ခဗေဒအမည်    Spondias dulcis

    ဂွေးသီးပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အသီးကိုစားသုံးနိုင်သောအပင်ဖြစ်ပါသည်။ အပင်အမြင့် ၃၀ မှ ၄၀ ပေ အထိရှိပါသည်။ အရွက်မှာ ရှည်လျားသောပုံသဏ္ဌာန်ရှိပြီး ၂ လက်မ မှ ၄ လက်မခန့် အရွယ်အစားရှိပါသည်။ ပင်တည်းဝတ်မှုန်ကူးသော အပင်အမျိုးအစားဖြစ်ပြီး ပန်းပွင့်အဖြူရောင်ပွင့်လေ့ရှိပါသည်။

    အသီးတွင် အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါသည်။ အသီးအစိမ်းနှင့် အမှည့်နှစ်မျိူးလုံးကို စားသုံးနိုင်ပြီး  ယို၊ ဖျော်ရည်များပြုလုပ်၍လည်း စားသုံးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အသုပ် (သို့) အထောင်းများပြုလုပ်၍ စားသုံးလေ့ရှိပြီး လုံခြုံသီးဟူ၍လည်း ခေါ်ဆိုကြပါသည်။ အချို့သောနိုင်ငံများတွင် ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုကြပြီး ပင်စည်ကို ကနူးလှေပြုလုပ်ရာတွင် အသုံးပြုကြပါသည်။

စိုက်ပျိုးခြင်း

    ရေဆင်းကောင်းသည့် မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်ပြီး အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသတွင် ကောင်းစွာကြီးထွားနိုင်ပါသည်။ ပင်ခြားတန်းခြားအကွာအဝေး ၁၀ ပေ မှ ပေ ၂၀  အတွင်းထား၍ စိုက်ပျိုးသင့်ပါသည်။ အစေ့မှ တိုက်ရိုက်စိုက်ပျိုးပါက အနက် ၂ လက်မခန့်ထား၍ စိုက်ပျိုးသင့်ပါသည်။  အစေ့မှ တိုက်ရိုက်စိုက်ပျိုးပါက ၄ ပတ်အကြာတွင် မျိုးညှောင့်ပေါက်နိုင်ပြီး ကိုင်းကူးကိုင်းဆက်ပြုလုပ်၍လည်း စိုက်ပျိုးနိုင်ပါသည်။

 မြေသြဇာကျွေးခြင်း

    မြေသြဇာလိုအပ်မှုနည်းသော အပင်ဖြစ်သော်လည်း စီးပွားဖြစ်စိုက်ပျိုးပါက မြေသြဇာထည့်သွင်းရန် လိုအပ်ပါသည်။ အပင်ငယ်စဥ်တွင် ကွန်ပေါင်းမြေသြဇာ ၁၀၀ ဂရမ်ကို ၂-၃ လ ခြားတစ်ကြိမ် ထည့်သွင်းရန် လိုအပ်ပါသည်။ အပင်ကြီးထွားလာသည်နှင့်အမျှ မြေသြဇာပမာဏကို တိုးထည့်ပေးရန် လိုအပ်ပါသည်။ အပင်သက်တမ်းရင့်လာပါက တစ်နှစ်လျှင် မြေသြဇာပမာဏ ၁ ကီလိုဂရမ် ၂ ကြိမ် မှ ၄ ကြိမ်ကျွေးနိုင်ပါသည်။ သို့သော် မြေသြဇာပမာဏ ၁ ကီလိုဂရမ်ထက် မပိုစေရန် သတိပြုရပါမည်။

အပင်ပြုစုခြင်းနှင့် သိုလှောင်ခြင်း

    နေရောင်ရသောနေရတွင် ကောင်းစွာကြီးထွားနိုင်ပြီး ရေအသင့်အတင့်လိုအပ်သော အပင်အမျိုးအစားဖြစ်ပါသည်။ ကိုင်းချိုင်ခြင်းကို တစ်နှစ်လျှင်တစ်ကြိမ် အပင်အနေအထားပေါ်မူတည်၍ ပြုလုပ်ပေးသင့်ပါသည်။ အပင်အမြင့် ၁၂ ပေ မှ ၁၅ ပေ အတွင်း ထားရှိပါက အသင့်တော်ဆုံးဖြစ်သည်။ ပျ၊ ကျိုင်းနှင့် သီးထိုးယင်များ ကျရောက်နိုင်ပြီး ကာကွယ်ရန်လိုအပ်ပါသည်။ အပင်သက်တမ်း ၅ နှစ်မှစ၍ စီးပွားဖြစ်အထွက်နှုန်းကို ရရှိနိုင်ပါသည်။ အသီးများကို အခန်းအပူချိန်တွင် သိုလှောင်နိုင်ပြီး မရင့်မှည့်သေးသော အသီးများကို ရေခဲသေတ္တာထဲထည့်ခြင်းမှ ရှောင်ကြဥ်သင့်ပါသည်။

ဖြိုးသဥ္ဇာကျော်

ကိုးကားချက်

http://www.rarefruitclub.org.au/Ambarella.htm

https://hort.purdue.edu/newcrop/morton/ambarella_ars.html

 

U Thuta

U Thuta

4 years ago

အစေ့ကို ပျိုးချင်လို့ပါ ပျိုးနည်းပြောပြပေးပါခင်ဗျ

သာပြည့်

သာပြည့်

5 years ago

ဂွေးသီး စိုက်ချင်လို့ပါ မျိုးဘယ်လိုယူသလဲပြောပြပေးပါအုံး

ko  phyo

ko phyo

5 years ago

စိုက်ချင်တယ်

You

Related questions

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • 4 answers

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • 3 answers

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • 1 answers

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • 3 answers

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • 2 answers

Leave without posting?

What you have written has not been posted yet. If you leave this page, it will be lost.