အူမကြီး သန့်ရှင်းဖို့ရာ အတွက် အိမ်တွင်းမှာ ရရှိနိုင်တဲ့ ထိပ်တန်းဆေး၁၀မျိုး

19/01/2018 10:04 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အစာချေစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အူမကြီးဟာ အစာချေလို့မရတဲ့ အစားအသောက် ထဲကရေ၊ ဆား၊ ဗီတာမင်နဲ့ အဟာရတွေကို စစ်ထုတ်ပေးပါတယ်။ အူသိမ်ကနေမချက်နိုင်တဲ့ အစာတွေကိုလည်း ချက်လုပ်ပေးပြီး ခန္ဓာကိုယ်ကနေ အစိုင်အခဲ အညစ်အကြေးတွေကိုလည်း စွန့်ထုတ်ပေးပါတယ်။

သို့ပေမယ့် အူမကြီးကောင်းစွာ အလုပ်မလုပ်တော့ဘူး ဆိုရင်တော့ သူကအဆိပ်တွေကို စွန့်ထုတ်ရမယ့်အစား စုပ်ယူပစ်ပါတယ်။ အဲဒါရဲ့နောက်ဆက်တွဲတွေ ကတော့ခေါင်းကိုက်တာတွေ ၊လေပွတာတွေ၊ ဝမ်းချုပ်တာတွေ ၊လေချဉ်တက်တာတွေ၊ ဝလာတာတွေ၊ အင်အားချိနဲ့လာတာတွေနဲ့ ဖျားနာလာတာတွေ ကဲ့သို့သောပြဿနာတွေဖြစ် လာတာပါပဲ။

ဒီပြဿနာတွေက အစာမချေဖျက်နိုင်တဲ့ အစားအသောက်တွေကြောင့် လည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဒီနေ့ချိန်ခါစားနေကြတဲ့ အစားအသောက်တွေက အရသာကောင်းမွန်လာအောင် ထည့်တဲ့အစားထိုးပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေ ပါဝင်လာပြီး ဒါတွေက အူမကြီးထဲမှာ အကျိအချွဲတွေဖြစ်စေပြီး ကိုယ်ခန္ဓာကို အဆိပ်တက်စေမယ့် ပစ္စည်းတွေ ထုတ်နေပါတယ်။

ဒါပေမယ့် အူမကြီးကို သန့်ရှင်းအောင်ပြုလုပ်ခြင်းအားဖြင့် အန္တရာယ်ရှိတဲ့ အဆိပ်တွေကို လွယ်လွယ်ကူကူ ဖယ်ရှားနိုင်တဲ့အပြင် အူမထဲမှာ ရှိနေတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကိုပါ အားပေးပါတယ် ။နောက်ပြီး ၎င်းက သင့်ရဲ့စွမ်းအင်တွေ ကိုမြှင့်တင်ပေးပြီး ခန္ဓာကိုယ်မှ ဗီတာမင်နဲ့ အဟာရတွေကိုပါ စုပ်ယူနိုင်ဖို့အားပေးပါတယ်။ အူမကြီးကို သန့်ရှင်းအောင်ပြုလုပ်ဖို့နည်းလမ်း အသွယ်သွယ်ရှိပါတယ်။ လူအများအစုအတွက် အကောင်းဆုံး နည်းလမ်းကတော့ ရိုးရှင်းပြီး သဘာဝကျတဲ့ အိမ်တွင်းရတဲ့ ပစ္စည်းတွေပါပဲ။

အူမကြီး သန့်ရှင်းရေး လုပ်ဖို့ရာအတွက် ထိပ်တန်းဆေး ၁၀ မျိုးရှိပါတယ်။ တကယ်လို့ဆေးသောက်နေရတဲ့ သူမျိုး ၊ရောဂါတစ်ခုခု ခံစားနေရသူမျိုးဖြစ်နေပါက အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၁။ရေ

အူမကြီး သန့်ရှင်းဖို့ရာအတွက်ဆိုရင် အကောင်းဆုံး လုပ်ဆောင်နိုင်တဲ့ အရာကတော့ရေ များများသောက်ဖို့ပါပဲ ။ရေတစ်နေ့ကို ဖန်ခွက် ၁၀ မှ ၁၂ ခွက် ထိသောက်ပေးဖို့ လိုအပ်ပါတယ် ။ရေကို ပုံမှန်သောက်ပေးခြင်း အားဖြင့် အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို သဘာဝဖြစ်စဉ် အတိုင်း ခန္ဓာကိုယ်ပြင်ပသို့ချောချောမွေ့မွေ့ရောက် သွားအောင်ချောဆီ အဖြစ်ဆောင်ရွက်ပေးပါတယ်။

ရေများများသောက်ခြင်းဟာ အစာတွေကို အစာချေစနစ်အတွင်း မှာကောင်းစွာ လည်ပတ်ဖို့ ကူညီပေးပါသေးတယ် ။ရေက သင့်ခန္ဓာကိုယ် စိုပြေနေဖို့ရာအတွက် လိုအပ်နေပါသေးတယ် ။ရေသောက်တာ အပြင် လတ်ဆက်တဲ့ အသီးအရွက်ဖျော်ရည်တွေ လည်းသောက်သုံးနိုင်ပါသေးတယ်။

၂။ပန်းသီးဖျော်ရည်

လတ်ဆက်တဲ့ ပန်းသီးဖျော်ရည်က အူမကြီးသန့်ရှင်းဖို့ရာ အတွက် အိမ်တွင်း ရနိုင်တဲ့ အကောင်းဆုံးထဲက တစ်ခုပါပဲ။ ပန်းသီးဖျော်ရည်ကို ပုံမှန်သောက်ပေးခြင်းအားဖြင့်  အူမကြီးလှုပ်ရှားမှုကို အားပေးခြင်း၊ အဆိပ်အတောက်များ ကိုခြေဖျက်ပေးခြင်း၊ အသည်းကျန်းမာရေး ကိုကောင်းမွန်စေတဲ့ အပြင် အစာချေစနစ်ကို လည်းကောင်းမွန်စေ ပါသေးတယ်။ အကေင်းဆုံးရလာဒ်အတွက် ဆိုရင်တော့ လတ်လတ်ဆက်ဆက် ပန်းသီးကနေ အရည် ရယူနိုင်ပါတယ်။ ဒါမဟုတ်ရင်လည်း ထုတ်ပိုးထားတဲ့ ပန်းသီးရည်ကိုသောက်သုံးနိုင်ပါတယ်။

၃။ရှောက်ရည်

ရှောက်သီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်ပြီး သူရဲ့ကြွယ်ဝလှတဲ့ ဗီတာမင်စီဓာတ်က အစာခြေစနစ် အတွက်ကောင်းမွန်စေပါတယ်။ ဒါကြောင့်ရှောက်ရည်ကို အူမသန့်ရှင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

ရှောက်သီး တစ်လုံးကို အရည်ညှစ်ပြီး ပင်လယ်ဆား အနည်းငယ်(sea salt) နဲ့ပျားရည် နည်းနည်း တို့ကိုရောပြီးရေနွေးနွေးလေး တစ်ခွက်ထဲ မှာဖျော်လိုက်ပါ။ အဲဒီဖျော်ရည်ကို နံနက်ခင်း ဘာမျှ မစားရသေးခင် မှာသောက်ပေးပါ။ ဒီဖျော်ရည်က သင့်ကို အားအင်တွေ ပိုရစေသလို အူမကြီး လှုပ်ရှားမှု ကိုလည်းကောင်းစေပါတယ် ။နောက်ပြီး အသားအရည် ကိုလည်းကောင်းမွန်စေပါတယ်တဲ့။

ရှောက်ရည် ၂ ဇွန်းကို ပန်းသီးဖျော်ရည်တစ်ခွက်ထဲကို ထည့်ပြီး တစ်နေ့ကို သုံးကြိမ် မှလေးကြိမ် ထိသောက်ပေးပါ။ အဲဒါက အူထဲမှာရှိတဲ့ အကျိအချွဲတွေကို ဖယ်ထုတ်ပေးပါတယ်။

အဲဒီနည်းလမ်းထဲက တစ်နည်းနည်းကို ရက်အနည်းငယ် လုပ်ဆောင်ပေးပါ။

၄။ဟင်းသီးဟင်းရွက် အရည်ကြမ်း

အူမကြီးသန့်ရှင်းဖို့ အတွက် တစ်ရက်နှစ်ရက်လောက် ချက်ပြုထားတဲ့ အစာတွေ ၊ပြုပြင်ထားတဲ့ အစာတွေကို မစားဖို့ လိုအပ်ပါတယ်။ အစာမာတွေကို စားမယ့် အစား လတ်ဆက်တဲ့ ဟင်းသီးဟင်းရွက် အရည်တွေကို တစ်နေ့တွင်းမှာ အကြိမ်ကြိမ် အခါခါသောက်ပေးပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက အစိမ်းရောင်ချယ် ပစ္စည်း(chlorophyll) ပါတဲ့ အတွက်ကြောင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေပါတယ်။ ဒါအပြင် ဟင်းသီးဟင်းရွက် ထဲမှာပါတဲ့ ဗီတာမင်၊ သတ္ထုဓာတ်၊ အမိုင်နိုအက်စစ်နှင့် ဓာတ်ပြောင်းအကူဒြပ်(အင်ဇိုင်း) တို့က သင့်ခန္ဓာကိုယ်ကို ကျန်းမာပြီး အားအင်ရရှိစေ မှာဖြစ်ပါတယ် ။ဆေးဘက်ဝင် လက်ဖက်ရည်လည်း သုံးဆောင်လို့ရပါတယ်။

အသင့်ပြု လုပ်ထားတဲ့ ဟင်းသီးဟင်းရွက် အရည်တွေကိုတော့ အသုံးမပြုဖို့ အကြံပြုလိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ထဲမှာ ခန္ဓာအတွင်း စွမ်းအင်ချေဖျက်မှုနဲ့ အညစ်အကြေး စွန့်ပစ်ရာမှာ ကူညီပေးတဲ့ အကျိုးပြု အင်ဇိုင်းတွေ မပါဝင်ပါဘူး။ လတ်ဆက်တဲ့ ဟင်းသီး ဟင်းရွက်တွေဖြစ်တဲ့ ခါကြက်ဥ၊ မုံလာဥ ၊ပြောင်းဖူး၊ သခွားမွှေး၊ ဟင်းနုနွယ် ၊မြင်းခွာရွက်၊ ကိုက်လန်စတာတွေကို အိမ်မှာရှိတဲ့ကြိတ်စက် နဲ့ကြိတ်ပြီး ကိုယ်တိုင် အလွယ်တကူ လုပ်လို့ရပါတယ်။

၅။အမျှင် ဓာတ်ကြွယ်တဲ့ အစားအစာများ

အမျှင်ဓာတ်ကြွယ်တဲ့ အစားအစာတွေကို စားခြင်းအားဖြင့် အူထဲမှာရှိတဲ့ အဆိပ်တွေကို ဖယ်ရှားပေးပါတယ်။  အမျှင်ဓာတ်က အူမထဲမှာရှိတဲ့ အစာတွေ ကိုပျော့ပြောင်းစေပြီး အညစ်အကြေးစွန့်ဖို့ အူမကြီး လှုပ်ရှားမှု ကိုကောင်းမွန်စေပါတယ်။ တစ်ချိန်ထဲမှာပဲ အမျှင်ပါတဲ့ အစားအစာတွေက အူနဲ့ ပတ်သက်တဲ့ပြဿနာတွေကို သက်သာစေပါတယ်။

အဲဒီတော့ သင့်ရဲ့တစ်နေ့တာ အစားအသောက်ထဲမှာ အမျှင်ဓာတ်ကို ပန်းသီး၊ သစ်တော်သီး စတဲ့ လတ်လတ်ဆက်ဆက် အသီးတွေ၊ ပန်းမုန်လာ၊ ပဲ ၊ဂေါ်ဖီစတဲ့ လက်ဆက်တဲ့ ဟင်းသီးဟင်းရွက်တွေက တစ်ဆင့် ရနိုင်ပါတယ် ။နှံစားသီးနှံတွေ၊ အခွံမာအသီးတွေ၊ ပဲနဲ့ အခြားအစေ့တွေမှာလည်း အမျှင်ဓာတ် လုံလုံလောက်ပါဝင်နေပါတယ်။

၆။ဒိန်ချဉ်

လက်ဆက်တဲ့ ဒိန်ချဉ်ကို ပုံမှန်စားပေးခြင်းအားဖြင့် အူကို ကျန်းမာအောင်ထားဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။  အဏုဇီဝ အကျိုးပြုပိုးတွေ ပါဝင်နေတဲ့ ဒိန်ချဉ်က အူထဲကို အကျိုးပြု ဘက်တီးရီးယားတွေကို သယ်ဆောင်လာပေးတဲ့ အတွက်ကြောင့် အစာခြေခြင်း ကိုကောင်းမွန်စေပါတယ်။ ဒိန်ချဉ်က အူနဲ့ပတ်သတ်သောရောင်ရမ်း နာကျင်တာတွေကိုလည်း သက်သာစေပါတယ်။

ဒါတွေအပြင် ဒိန်ချဉ်က ကယ်လစီယမ် ဓာတ်ကောင်းစွာပါဝင်တဲ့အတွက် အူအတွင်း မျက်နှာပြင် ဆဲလ်တွေကြီးထွား လာမှုကိုလည်း ဟန့်တားပေးပါတယ်။ အစာအိမ် အတွက်ကောင်းမွန်စေတဲ့ ဒိန်ချဉ်တွေက ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ပြဿနာတွေဖြစ်တဲ့ အစာမကြေခြင်း ၊လေပွခြင်း၊ ဝမ်းရောင်ခြင်း၊ အပြင် အခြားပြဿနာများစွာ ကိုဖြေရှင်းပေးပါသေးတယ်။

ဒိန်ချဉ်ကို သူ့ချည်း သက်သက်သောက်နိုင်သလို လတ်ဆက်သောပန်းသီး၊ ငှက်ပြောသီး၊ ဘယ်ရီးသီး စတာတွေနဲ့လည်း တွဲဖက်သောက်သုံးနိုင်ပါတယ်။

၇။Flaxseed (အချို့ အဘိဓာတ်များတွင် ဗီသွာပင် ၊နှမ်းကြတ်ပင် ဟုဖော်ပြသည်)

Flaxseed ကအိုမီဂါ-၃၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ သဘာဝအမျှင်ဓာတ်ရဲ့ အရင်းအမြစ်ဖြစ် တာကြောင့် သူ့ကိုသင့်ရဲ့ အစားအသောက်စာရင်းထဲမှာ ထည့်ခြင်းအားဖြင့် အူကို သန့်ရှင်းစေဖို့ကောင်းတဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ Flaxseed ကရေကို စုပ်ယူပြီး အူထဲမှာကြီးထွား လာပါတယ်။ အဲဒီနောက်မှာတော့ အဆိပ်တွေနဲ့ အကျိအချွဲတွေ ကိုရေကဲသို့ အလွယ်တကူဖြတ်သွားပြီး ဖယ်ရှားပေးပါတယ်။ ဒါတွေအပြင် Flaxseed က ကင်ဆာ ၊နှလုံးရောဂါနဲ့ဆီးချိုရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

ကြိတ်ထားတဲ့ flaxseed ကိုနှံစားသီးနှံ၊ ဒိန်ချဉ်၊ အသီးနဲ့ အခြားကျန်းမာစေတဲ့ အစားအသောက်တွေထဲမှာ ထည့်စားနိုင်ပါတယ်။ Falxseed  ရဲ့အကျိုးကျေးဇူး ကိုမြန်မြန်ရဖို့ ဆိုရင်တော့ကြိတ်ထားတဲ့ Falxseed တစ်ဇွန်း ကိုရေတစ်ခွက် နဲ့ရောပြီး နံနက်စာမစားခင်နဲ့ ညအိပ်ရာ မဝင်ခင်နာရီဝက်ကြိုသောက်ပေးပါ။

၈။ပင်လယ်ဆား

အူသန့်ရှင်းဖို့ရာ အတွက်နောက်ထပ် ထိရောက်တဲ့ ပစ္စည်းတစ်ခုကတော့ အဆိပ်ဖြေပေးနိုင်သော ဂုဏ်သတ္တိရှိတဲ့ ပင်လယ်ဆားပဲဖြစ်ပါတယ်။

ပင်လယ်ဆား တစ်ဇွန်းကိုရေ ဖန်ခွက် တစ်လုံးစာထဲ ထည့်ပြီးရေနွေးကြိုလိုက်ပါ။

ရလာတဲ့ဖျော်ရည် (အနွေးဖြစ်စေ၊ အအေးဖြစ်စေနှစ်သက်ရာ) ကို နံနက်ပိုင်းမှာ ပထမဦးဆုံးသောက်လိုက်ပါ။

ခဏစောင့်ပြီး ခန္ဓာကိုယ်ကို လှဲချလိုက်ပါ ။ပြီးနောက် ဝမ်းဗိုက်တစ်လျှောက် လက်ဖြင့် ညှင်သာစွာနှိပ်ချပေးပါ။ အဲဒီလိုလုပ်ပေးခြင်းအားဖြင့် အညစ်ကြေးစွန့်တဲ့ အူလမ်းကြောင်း တစ်လျှောက် လှုပ်ရှားမှုဖြစ်စေပြီး အူလမ်းကြောင်း တစ်လျှောက်မှ စွန့်ပစ်ပစ္စည်းတွေ၊ တွယ်ကပ်နေသော ပိုးမွှားတွေ၊ ဘက်တိးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

အဲဒီ လုပ်ငန်းစဉ်ကို တစ်လမှာ ၅ကြိမ်လောက် လုပ်ပေးပါ။

ဒီဖျော်ရည်က ဝမ်းသွားနိုင်စေတဲ့ အတွက်ကြောင့် သူ့ကိုသောက်ထားတဲ့နေ့မှာရေ များများ သို့မဟုတ် လတ်လတ်ဆက်ဆက် အသီးဖျော်ရည်များ ကိုသောက်ပေးဖို့လိုအပ်ပါတယ်။ ဒါပေမယ့် သင့်မှာသွေးတိုးရှိနေရင် ဒါမှမဟုတ်နှလုံးနဲ့ ပတ်သတ်တဲ့ဝေဒနာရှိနေရင်တော့ ပင်လယ်ဆား ရည်နည်းကို မလုပ်ဆောင်သင့်ပါဘူး။

၉။ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကိုတော့ သူ့ရဲ့ အဆိပ်ဖယ်ထုတ်နိုင်တဲ့ စွမ်းဆောင်နဲ့ လူသိများပါတယ်။ သူ့မှာ ဝမ်းနုတ်နိုင်တဲ့ သတ္တိရှိတဲ့ အတွက်ကြောင့် အူသန့်ရှင်းဖို့အတွက်ကောင်းမွန်လှပါတယ် ။ဆေးဘက်ဝင်လှတဲ့ အစွမ်းပကားတွေ ရှိတာကြောင့် ရှားစောင်းလက်ပတ်က သင့်ရဲ့အူသန့်ရှင်းပေးရုံ တင်မက အခြား ကျန်းမာရေးပြဿနာတွေဖြစ် တဲ့ခေါင်းကိုက်တာ၊ အရေပြားပိုးဝင်တာ၊ ဝမ်းလျောတာ၊ အစာအိမ်နာကျင်တာနဲ့ ဝမ်းချုပ်တာတွေ အတွက်လည်းဖြေရှင်းပေးနိုင်ပါသေးတယ်။

သံပုယိုရည် တစ်လုံးမှ အရည်ကို ရှားစောင်းလက်ပတ် အနှစ်ထဲကို ထည့်ပါ။ပြီးနောက်ကြိတ်စက် (Blender)  ထဲကို ထည့်ပြီးကြိတ်လိုက်ပါ။

ရလာတဲ့ အရည်ကိုရေခဲသေတ္တာ ထဲမှာ ၂-၃ နာရီ ထိ အအေးခံလိုက်ပါ။

အဲဒီအရည်ကို တစ်နေ့မှာ အကြိမ်ရေများများဖြင့် ရက်အနည်းငယ်ကြာအောင်သောက်ပေးပါ။

၁၀။ ဂျင်း

ဂျင်းတော့ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ သူကလေပွတာကို သက်သာစေပြီး အူမကြီးရဲ့ လုပ်ဆောင်မှုတွေကို လှုံဆော်ပေးတဲ့ အပြင် အူမကြီးထဲမှာ အညစ်အကြေးတွေနဲ့အန္တရာယ်ရှိတဲ့ အဆိပ်တွေကိုလည်း ဖယ်ထုတ်ပေးပါသေးတယ်။ ဒါတွေအပြင် အစာချေရည်တွေ ထွက်လာအောင် လှုံဆော်ပေးရင်း အစာချေစနစ်ကိုလည်း ကူညီပေးပါတယ်။

သင့်အနေဖြင့် ဂျင်းကိုနှစ်သက်ရာပုံစံ (ခြစ်ထားသောဂျင်း၊ ဂျင်းရည်၊ စိတ်ထားသော အစိတ်အပိုင်းများ) ဖြင့် စားသုံးနိုင်ပါတယ်။

ကောင်းမွန်တဲ့ နည်းလမ်း တစ်ခုပြောရမယ်ဆိုရင် ဂျင်းရည်တစ်ဇွန်း ၊ရှောက်ရည် ၁/၄ခွက် (ခွက်ရဲ့လေးပုံတစ်ပုံ) နဲ့ရေနွေး ၂ခွက် ကိုရောမွှေပါ။ အရသာကောင်းမွန်ရန် အတွက် ပျားရည်နည်းနည်း ထည့်လို့ရပါတယ်။ ရလာတဲ့ဖျော်ရည်ကို ၂ ခွက် ၃ ခွက် ခွဲထည့်ပြီး တစ်နေကုန်သောက် သုံးပေးပါ။

ဂျင်း ကိုဆေးဘက်ဝင် လက်ဖက်ရည် ထဲမှာလည်း ထည့်သောက်နိုင်ပါတယ်။

မှတ်ချက် ။     ။ ဂျင်းကို ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေ မှီဝဲဖို့တော့ မထောက်ခံပါဘူး။

နိဂုံးချုပ်ရမယ်ဆိုရင်တော့ အထက်ပါဖော်ပြထားတဲ့ အူမကြီးကို သန့်ရှင်းအောင် လုပ်ပေးနိုင်စွမ်းရှိတဲ့ အိမ်တွင်း ထိပ်တန်းဆေးတွေက သင့်ရဲ့ ကျန်းမာတဲ့ အစာချေစန်စကို ကူညီပေးနေပါလိမ့်မယ်။ အူမကြီးကို သန့်ရှင်းနေအောင် ထိန်းသိမ်းထားခြင်းဟာ ကျန်းမာရေးကောင်းအောင် နေထိုင်ခြင်းရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုပါပဲ။

REF: Health Digezt

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်