လယ်ယာအလုပ်သမား စျေးကွက်အခြေအနေနဲ့ ဌားရမ်းခ စျေးနှုန်းများ ကို တောင်သူဉီးကြီးများ ဘယ်လို သိရှိနိုင်မလဲ.....

20/12/2017 22:49 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

လယ်ယာ အလုပ်သမားတွေရဲ့ စျေးကွက်အခြေအနေနဲ့ ဌားရမ်းခ စျေးနှုန်းအမှန်တွေကို တောင်သူ ဉီးကြီးများ အဓိက သိရှိထားဖို့ လိုအပ်ပါတယ်။

UNESCO ရဲ့ စစ်တမ်းများ အရ အဲ့ဒီ သတင်း အချက်အလက်များကို မိသားစု၊ သူငယ်ချင်း၊ နီးစပ်ရာ ရွာသူရွားသားတွေ ဆီက တစ်ဆင့် ရယူတဲ့ အတွက် ဉီးကြီးတို့အနေနဲ့ အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိတာကို တွေ့ရပါတယ်။

ဒါကြောင့်....... ပုံမှန် လယ်သမား စျေကွက် အခြေအနေများကို သိရှိနိုင်ဖို့အတွက် မြို့နယ်စိုက်ပျိုးရေး ဉီးစီးဌာနများ၊ စိုက်ပျိုးရေး ပညာရှင်များ အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး NGO အဖွဲ့တွေဆီက အကူအညီနဲ့ သတင်းအချက်အလက်အမှန်တွေကို ရယူကြရအောင်........။

‘လယ်ယာအလုပ်သမား စျေးကွက်အခြေအနေနဲ့ သတင်းအချက်အလက်တွေအတွက် စိုက်ပျိုးပညာရှင်များနဲ့ အတူပူးပေါင်း ဆောင်ရွက် ကြစို့.......။’

ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။


Download

East West Seed Myanmar ကြော်ငြာ

မြန်မာ့နှစ်ဦးချိန်ခါသမယမှာ တောင်သူဦးကြီးမိတ်ဆွေများနှင့်အတူ မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာကြပါစေကြောင်း East-West Seed (မြားနီ မျိုးစေ့ ကုမ္ပဏီက. ဆုတောင်းမေတ္တာပို့သ အပ်ပါသည်...တောင်သူဦးကြီးမိတ်ဆွေများ၏အကျိုးကို အစဥ်ရှေးရှုလျှက် မြန်မာ့ရေ မြေ ရာသီဥတု နှင့် ကိုက်ညီမှု အထွက်နှုန်းကောင်းမွန်မှု သီးနှံအရည်အသွေးကောင်းမွန်မှု ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိမှု စသည့်အချက်များကို သုတေသနပြု စမ်းသပ်ပြီး အောက်ဖော်ပြပါ အရည်အသွေးမြင့်မျိုးများကို မိတ်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ.........
Read more East West Seed Myanmar Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်