ကိုဗစ်-19 ဗိုင်းရပ်စ်က ဘယ်လိုနည်းဖြင့်ကူးဆက်ပျံ့ပွားသလဲ

03/09/2021 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး ILO Myanmar, VISION ZERO FUND ILO Myanmar, VISION ZERO FUND မှ ပေးပို့ထားပါသည်။

    COVID-19 ဗိုင်းရပ်စ်ရောဂါပိုးရှိသူ တစ်ယောက်မှ ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူထုတ်ရာတွင် ကူးစက်နိုင်သည့် အရည်များပါသည့် နှပ်မှုန်၊ သလိပ်မှုန်၊ တံတွေးမှုန် အစက်များကို ထုတ်လွှတ်သည်။ ထိုအမှုန်အမွှားမှတဆင့် လူတစ်ဦးမှ တစ်ဦးထံသို့ ကူးစက်နိုင်ပါတယ်။ အမှုန်များသည် နှာချေ သို့မဟုတ် ချောင်းဆိုးသည့်အခါ လေထဲသို့ဖြတ်သန်းသွားပြီး ဒီအမှုန်များက တစ်စုံတစ်ယောက်ထံ နှာခေါင်း သို့မဟုတ် ပါးစပ် သို့မဟုတ် မျက်လုံးများမှတစ်ဆင့် ဝင်ရောက်သွားနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးသည် တံခါးလက်ကိုင် သို့မဟုတ် စက္ကူပိုက်ဆံကဲ့သို့သော မျက်နှာပြင်များပေါ်တွင်လည်း ကာလတစ်ခုအကြာ နေထိုင်နိုင်ပါတယ်။ အဆိုပါမျက်နှာပြင်များကို မိမိလက်ဖြင့်ထိမိခြင်းမှတဆင့် မိမိရဲ့ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ထိမိ၊ ကိုင်မိပါက ရောဂါကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်သည် ခန္ဓာကိုယ်ထဲက အဆုတ်ကို ဦးတည်တိုက်ခိုက်ပြီး ထိုသို့ဖြစ်လာပါက ခန္ဓာကိုယ်က တုံ့ပြန်သည့်အနေဖြင့် COVID-19 ရောဂါလက္ခဏာဖြစ်သည့် ဖျားခြင်း၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့အရသာပျောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း စသည်တို့ဖြစ်လာပါတယ်။ ရောဂါပြင်ထန်းပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။

    ထို့ကြောင့် ယခုအချိန်တွင် လူများနှင့် မထိတွေ့မိအောင် ရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေခွာနေထိုင်ရန်၊ လက်ကို ဆပ်ပြာဖြင့်စက္ကန့် (၂၀) ကြာဆေးကြောရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရန် အရေးကြီးလှပါတယ်။

Soruce  -https://www.facebook.com/TogetherWeCanPreventCOVID/photos/a.104959091204585/126709442362883/


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်