တစ်ပိုင်တစ်နိုင် အခြေခံ ငါးမွေးမြူနည်း

22/12/2018 17:42 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 ငါးသားပေါက် စတင်မွေးမြူခြင်း (ထည့်သွင်းကောင်ရေနှင့် အချိန်)

 - တစ်ဧကလျှင် ၂ – ၂.၅ လက်မအရွယ် သားပေါက် (ငါးသန်) ၄၀၀၀ မှ ၅၀၀၀ အထိ မွေးမြူနိုင်ပါသည်။

 - ဇူလိုင်နှင့် သြဂုတ်လများတွင် စတင်မွေးမြူသင့်ပါသည်။

 ငါးသားပေါက်မွေးမြူထားစဉ်ဆောင်ရွက်ရန်

 - ငါးကန်အောက်ခြေတွင် စုပုံနေသော အညစ်အကြေးများကြောင့် ရေထုညစ်ညမ်းမှုမရှိစေရန် ကန်အောက်ခြေကို ချိန်းကြိုးကဲ့သို့ အမာပစ္စည်းတစ်ခုဖြင့် မွှေနှောက်ပေးခြင်း။ (ဥပမာ ချိန်းကြိုးဖြင့် ဆွဲခြင်းကို တစ်ပတ်လျှင် ၂ ကြိမ်ခန့် ပြုလုပ်ပါ။)

 - မွေးထားသော ငါးများမှ ကောင်ရေ ၁၅ – ၂၀ ခန့်အား ဖမ်းယူပြီး လစဉ် အလေးချိန်ကို မှတ်သားထားခြင်းဖြင့် ငါးကြီးထွားမှုကို သိရှိနိုင်ပါသည်။

 -မွေးထားသော ငါးအချို့ကို ဖမ်းဆီးခြင်းနှင့်သားပေါက်ပြန်လည်ဖြည့်ဆည်းခြင်း။

 ငါးအစာကျွေးခြင်း

 အောက်ပါနည်းလမ်းများဖြင့် အစာကျွေးနိုင်ပါသည်။

 - ကန်တွင် နေရာ () ခုမှ () ခုခန့် ပုံမှန်သတ်မှတ်ပြီး အစာကို ကြဲပက်ကျွေးခြင်း။

 - ကန်ငယ်များတွင် ကန်ဘောင်မှ ရေအလည်အထိ ၆ – ၁၀ ပေခန့် တံတားပြုလုပ်ထားပြီး ထိုနေရာမှ အစာကို ကြဲပက်ကျွေးခြင်း။

 လှေခြင်း ကန်အနှံသွားရောက်အစာကျွေးခြင်း

 - ကန်ကြီးများတွင် ကန်အလျား (သို့) အကျယ်အတိုင်းကြိုးဖြင့် တိုင်းတာပြီး အစာတိုင်များပြုလုပ်၍ အစာကျွေးခြင်း။

ကန်အသစ်တူးဖော်ခြင်း

- သဘာဝအပင်များ ရှင်သန်စွာ ပေါက်ပွားလျက်ရှိသော မြေကောင်းနေရာတွင် ကန်တူးဖော်ရန် ညီညာသော မြေပြင်ကို ရွေးပါ။

- လယ်ယာကောက်ပဲသီးနှံ စိုက်ပျိုးဖြစ်ထွန်းသော နေရာ၊ ရေလွှမ်းမိုးသောနေရာများ၊ တောင်ပေါ်လှေကားထစ်စိုက်ခင်းနေရာများ၊ မိုးကာလရေကြီး၊ ရေကျော်သော နေရာများကို ရှောင်ပါ။

- ငါးကန်ကို အနီးကပ်လွယ်ကူစွာ ဆက်သွယ်စောင့်ရှောက်နိုင်သော နေရာကို ရွေးပါ။

ရေရရှိမှု

- ရာသီမရွေးရေကောင်း၊ ရေသန့်အလုံအလောက်ရရှိနိုင်သော မြစ်ချောင်း၊ ရေသွယ်မြောင်း အနီးအနားတွင် နေရာရွေးပါ။

မြေအမျိုးအစား

- ရွှံ့စေးမြေကို ဦးစားပေးရွေးချယ်ပါ။

- သဲနူန်းနှင့် သဲမြေကို ရှောင်ရှားပါ။

- ဂဝံမြေကို လုံးဝရှောင်ရှားပါ။

ကန်ပုံစံနှင့် ကန်ဘောင်

- မိသားစု တစ်ပိုင်တစ်နိုင်မွေးမြူရန် ပေ ၅၀ x ၂၅ (၁၂၅၀ စတုရန်းပေ) အရွယ် ငါးမွေးကန်ကို လိုင်စင်ပြုလုပ်ရန် မလိုအပ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။

ငါးကန်တူးဖော်ရန် အောက်ပါအတိုင်းအဆင့်ဆင့်ဆောင်ရွက်ပါ။

(က) တူးဖော်မည့်ကန်သားနေရာကို အကွက်ရိုက်ပါ။ ဥပမာ (ပေ ၅၀ x ၂၅)

() တူးဖော်မည့် ကန်သားအပြင်ဖက်တွင် ၂ ပေခန့်ချန်ပြီး ကန်တာဘောင်တည်ဆောက်ရန်အကွက်ရိုက်ပါ။ ဥပမာ - ၁၁ ပေ

() ကန်သားနေရာမှ မြေကို တူးပြီး ကန်တာဘောင်ဖို့ပါ။

() ကန်သားကို အနက် ၃ ပေ ၄ ပေ အထိ တူးဖော်ပါ။

() ကန်တာဘောင် အမြင့်ကို မိုးရာသီတွင် ပါတ်ဝန်းကျင်၌ အမြင့်ဆုံးရေအမှတ်အထက် ၁ ပေခန့် မြင့်ထားသင့်ပါသည်။

() ကန်တာဘောင်ဆင်ခြေလျောကို ရွံ့စေးမြေဖြစ်ပါက ၁ : ၁ သဲနူန်းဖြစ်ပါက ၁: ၂ ထားပါ။

()ကန်ရေ အနက်၏ ၄ ပေအထက်တွင် အချင်း ၄ လက်မ သို့ ၆ လက်မ ရေလျှံပေါက်တပ်ဆင်ပါ။ PVC ပိုက် (သို့) ဝါးပိုးဝါးဖြင့် ပြုလုပ်နိုင်ပါသည်။

() ရေလျှံပေါက် အဝများကို ဇကာပိုက်ဖြင့် စနစ်တကျ ဖုံးအုပ်ထားပါ။ ရေအဝင်အထွက်သာရှိပြီး ငါးအဝင်အထွက်မရှိရန်ဖြစ်သည်။

ငါးသားပေါက်စတင်မွေးမြူရန် ကန်အဆင်သင့်ပြုပြင်ခြင်း

ကန်အဟောင်းတွင် ဆောင်ရွက်ရန်

() ရေမှော်ပင်၊ ကိုင်းပင်၊ ကျူပင်၊ ခြုံပင်၊ နွယ်ပင်များ ရှင်းလင်းခြင်း။

() ငါးကန်တာဘောင်များ ခိုင်ခံရန် ပြင်ဆင်ခြင်း၊ ထူးပေါက်များပိတ်ဆို့ခြင်း။

() ကန်အောက်ခြေ၊ ရွှံ့အနည်အနှစ်များဖယ်ရှားခြင်း ငါးရိုင်းများရှင်းလင်းခြင်း။

() လိုအပ်ပါက ငါးရိုင်းသတ်ဆေး အသုံးပြုခြင်း။

() ကန်အခြောက်ခံခြင်း။

ကန်အသစ်များတွင် ဆောင်ရွက်ရန် အောက်ပါနည်းများကို အခြောက်လှမ်းပြီးသော ကန်များအတွက်လည်း ဆက်လက် ဆောင်ရွက်ရန် ဖြစ်သည်။

ထုံးနှင့်မြေသြဇာထည့်ခြင်း (.၀၁ ဧက ကန်အတွက်)

- ထုံးအား ၁ ကီလိုဂရမ် (၆၃ ကျပ်သားခန့်) ဖြူးပေးပါ။

- ၁၂ နာရီကြာ ရေစိမ်ထားပြီးသော တီဆူပါကို နံနက် ၁၀-၁၁ နာရီခန့်တွင် ကန်ရေစပ်ပတ်လည်အနှံ့ ပက်ဖြန်းပါ။

- ပုလဲ ဓာတ်သြဇာကိုလည်း တစ်ချိန်ထဲ ပက်ဖြန်းပါ။

- သစ်ရွက်ဆွေး (သို့) နွားချေးခြောက် ၆ -၁၀ ကီလိုဂရမ်ခန့် (၄ – ၆ ပိဿာခန့်)

- ယူရီးယား (ပုလဲ) ၁၅၀ – ၂၀၀ ဂရမ် (၁၀ -၁၂ ကျပ်ခွဲသားခန့်)

- တီစူပါ - ၇၅ – ၁၀၀ ဂရမ် (၅ – ၆ ကျပ်သားခန့်)

ငါးသားပေါက် မွေးမြူထားစဉ် ထုံးနှင့် မြေသြဇာထည့်ခြင်း (.၀၁ ဧက) ကန်အတွက်

ကန်ရေအစိမ်းရောင်ဖျော့ဖျော့ဖြစ်လာသောအခါ အောက်ပါ အချိုးအစားအတိုင်း ထုံးနှင့် မြေသြဇာကို အသုံးပြုပါ။

- ထုံးကို ၁ ကီလိုဂရမ် (၆၃ ကျပ်သားခန့်) ဖြူးပေးပါ။

- သစ်ရွက်ဆွေးမြေသြဇာ / နွားချေးခြောက် ၀.၅ – ၁ ကီလိုဂရမ် / တစ်ပတ် (၃၂ – ၆၃ ကျပ်သားခန့်)

- ယူရီးယား (ပုလဲ) ၇၅ -၁၅၀ ဂရမ် / တစ်ပါတ် (၅ – ၁၀ ကျပ်သားခန့်)

- တီစူပါ ၅၀ – ၇၅၀ ဂရမ်/.၀၁ ဧက/တစ်ပါတ် (၃ – ၅ ကျပ်သားခန့်)

(မှတ်ချက်) ကန်ရေအစိမ်းရင့်ရောင် ဖြစ်နေသောအခါ ထုံးနှင့်မြေသြဇာထည့်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။

 Source - My Culture

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်