မြေဆောင်ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ?

07/01/2020 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောင်းသောနေ့လေး ဖြစ်ကြပါစေ.......

အပင်စိုက်ပျိုးတဲ့ လုပ်ငန်းကို လုပ်ဆောင်နေကြတဲ့ သူရဲကောင်းကြီးတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့ တွေးကြည့်တဲ့အခါ အပင်ရောဂါတွေ ကိုသတိရမိပါတယ်။ ရောဂါကျရောက်မှုဟာလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ၊ 

ဒီတစ်ခေါက်မှာတော့ မြေဆောင်ရောဂါတွေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတဲ့ အချက်တွေကို လေ့လာကြည့်ကြတာပေါ့။

မြေဆောင်ရောဂါတွေ

မြေကြီးထဲကနေ အပင်တွေကို တိုက်ခိုက်တဲ့ ရောဂါတွေရှိပါတယ်။ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေက မြေကြီးထဲမှာနေထိုင်ပြီးတော့ အပင်တွေကို တိုက်ခိုက်ကြတာပါ။ နာမည်ကြီးတဲ့ ရောဂါတွေမှာဆိုရင်တော့  ဖျူစေရီယမ်ပင်ညိုးရောဂါမျိုး၊ မြစ်ဖုနီမတုတ်လိုမျိုး နာမည်ကြီးတွေပါပါတယ်။ အဲ့လို ရောဂါတွေဖြစ်ပွားစေတဲ့ သက်ရှိတွေဟာ မြေကြီးထဲမှာ ဒီအတိုင်းသော်လည်းကောင်း၊ အပင်အကြွင်းအကျန်တွေမှာ ကပ်ငြိပြီးတော့သော်လည်းကောင်း နေထိုင်နိုင်ပါတယ်။ အပင်လေးတွေစိုက်လိုက်တဲ့အချိန်မှာ အခြေအနေ အချိန်အခါပေးတာနဲ့ သူတို့က တိုက်ခိုက်ကြတော့တာပါပဲ၊

ဘယ်လို ကာကွယ်နိုင်သလဲ

မြေဆောင်ရောဂါလို့ သံသယရှိတယ်။ ကိုယ်အခင်းမှာလည်း ကျတတ်တယ်ဆိုတာမျိုး ရှိနေရင်တော့ အောက်ကအချက်လေးတွေကို လိုက်ပြီးလုပ်ကြည့်လိုက်တဲ့အခါ ရောဂါပိုးကျရောက်မှု နည်းပါးလာမှာကို တွေ့ရမှာဖြစ်ပါတယ်။ 

မျိုးစေ့ရွေးချယ်မှု၊ သိုလှောင်မှု

မျိုးကိစ္စကတော့ အပြင်က ဝယ်တယ်ဆိုရင်တော့ မျိုးစေ့လူးနယ်ဆေးတွေ ပါဝင်ပြီးသားပါပဲ။ တစ်ချို့မျိုးတွေမှာ မပါတာမျိုး၊ ကိုယ်တိုင်စိုက်ပျိုး ကိုယ်တိုင်မျိုးခံထားတယ်ဆိုရင်တော့ စကားနည်းနည်းပြောရပါလိမ့်မယ်။ မှန်ကန်တဲ့နည်းစနစ်နဲ့ သိုလှောင်ထားတာမျိုးဆိုရင် သန်မာပြီးတော့ မြေဆောင်ရောဂါတွေကို ထိုက်သင့်သလောက် ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ 

မျိုးရွေးချယ်မှုနဲ့ ကိုင်းကူးကိုင်းဆက်နည်းစနစ်

တစ်ချို့ မျိုးစေ့တွေမှာ ရောဂါဒဏ်ခံနိုင်တဲ့  စွမ်းရည်တွေကို ဖော်ထုတ်ထားတာမျိုး ရှိပါတယ်။ ခံနိုင်ရည်ရှိတဲ့မျိုးတွေကို သုံးစွဲဖို့ အကြံပေးထားပါတယ်။ ဥပမာ - တစ်ချို့ စပ်မျိုး ခရမ်းချဉ်တွေဟာဆိုရင် ဖျူစေရီယမ်ပင်ညိုးရောဂါကို ခံနိုင်ရည်ရှိတယ်ဆိုပြီး ရောင်းချပေးတဲ့ မျိုးတွေရှိပါတယ်။ အဲ့လိုမျိုးတွေကို သုံးပေးနိုင်တာက အကောင်းဆုံးဖြစ်ပါတယ်။ မျိုးစေ့ကနေ စိုက်တာမဟုတ်ဘူး ကိုင်းကူးအပင်တွေကနေ စိုက်ပျိုးတယ်ဆိုရင်လည်း ပိုးသတ်ထားတဲ့ပစ္စည်းတွေကို သုံးပြီးတော့ ကိုင်းကူးကိုင်းဆက်တာက အပင်တွေကို သန်မာစေပြီးတော့ ရောဂါဒဏ်ကို ထိုက်သင့်သလောက် ခံနိုင်ရည်ရှိလာစေပါတယ်။ အောက်ခံပင်တွေကို ရွေးချယ်ပေးတာမျိုးကလည်း မြေဆောင်ရောဂါတွေ ကိုကာကွယ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ 

အော်ဂဲနစ်ပစ္စည်းတွေကို သုံးစွဲပေးပါ

အော်ဂဲနစ်ပစ္စည်းတွေကို သုံးပေးတာက မြေတွင်းထဲက အကျိုးပြုဘက်တီးရီးယားနဲ့ အဏုဇီဝသက်ရှိတွေကို တိုးပွားလာစေပါတယ်။ ကောင်းကောင်းဆွေးနေတဲ့ မြေဆွေးမျိုးကို ထည့်ပေးတာက မြေဆီကိုတက်စေပါတယ်။ သတိထားစရာအချက်ကတော့ ကောင်းကောင်းမဆွေးသေးတဲ့ မြေဆွေးမျိုးကို ထည့်မိရင်တော့ မြေဆောင်ရောဂါတွေပါ ပါလာနိုင်ပါတယ်။ 

ထိန်းသိမ်းစောင့်ရှောက်မှုတွေ

ပျိုးပင်ဘဝ ဒါမှမဟုတ် တိုက်ရိုက်စိုက်တာမျိုးတွေက ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့သူတွေတိုင်း ရွေးချယ်ရတဲ့ စိုက်ပျိုးနည်းစနစ်ပါပဲ၊ အဲ့လိုဆိုတော့  ပျိုးပင်ဘဝမှာကတည်းက ရေအများကြီးလောင်းမိတာမျိုး၊ အပူချိန်များတာမျိုးကို ပျိုးပင်ဘဝနဲ့ ပြောင်းစိုက်ချိန်မှာ တတ်နိုင်သလောက် ရှောင်နိုင်အောင် စီမံထားရမှာဖြစ်ပါတယ်။  

တိုက်ရိုက်စိုက်ပျိုးတယ်ဆိုရင်တော့ ရေထုတ်စွမ်းအားကောင်းတဲ့မြေမျိုးကို ရွေးချယ်ရပါမယ်။ ပြင်ဆင်ထားရပါမယ်။

စိုက်ပျိုးတဲ့အခါမျိုးမှာလည်း အပင်တွေ အရမ်းကြပ်နေတာမျိုး၊ အရမ်းကွာနေတာမျိုး မဖြစ်ရပါဘူး။ လေဝင်လေထွက်နဲ့ ရေစုပ်ယူနိုင်မှုတွေအတွက် သင့်တင့်မျှတတဲ့ အကွာအဝေးအတိုင်း ပင်ကြားနဲ့ တန်းကြားတွေကို ချိန်ဆသင့်ပါတယ်။ 

စိုက်ပျိုးပြီး ကောက်ရိုးနဲ့ပဲဖြစ်ဖြစ် မြေဖုံးပေးတာက မြေဆောင်ရောဂါတွေကို အထိုက်အသင့် ကာကွယ်ပေးပါတယ်။ မြေဆောင်ရောဂါတွေက မိုးရွာလို့ မြေကြီးကိုရိုက်ပြီး အရွက်တွေကိုပြန်စင်တဲ့ ရေစက်တွေကနေလည်း တစ်ဆင့် ကူးစက်ဝင်ရောက်နိုင်တာကြောင့်မို့ပါ။ စိုက်ချိန်မှာ ဂရုစိုက်ရမဲ့အချက်တွေကတော့ ရေသွင်းတဲ့အချိန်၊ ကြိမ်ရေ စတာတွေပဲဖြစ်ပါတယ်။

သန့်စင်ခြင်း

ဟုတ်ပါတယ်။ မြေကြီးကို သန့်စင်တာပါ။ ရောဂါကျထားတဲ့အပင်အကျန်တွေ မရှိအောင် ဖယ်ရှားပေးတာမျိုးပါ။ ရိတ်သိမ်းချိန်မှာ ကျန်ခဲ့တဲ့ အသီးအရွက်အကြွင်းအကျန်တွေမှာ မြေဆောင်ရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါသေးတယ်။ ပေါင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။ 

နေပြခြင်း နေလှန်းခြင်း

ပလတ်စတစ်အုပ်ပြီး စိုက်ပျိုးကြတဲ့စနစ်ပါ။ အပင်တွေမစိုက်ခင်မှာ မြေကို ဖုံးအုပ်ပြီးတော့ အပူတွေစုထားပေးတာကြောင့်မို့ အပင်တွေကိုတိုက်ခိုက်နိုင်တဲ့ သက်ရှိတွေအပေါ် သက်ရောက်မှုတွေရှိပါတယ်။ ဖန်လုံအိမ်နဲ့စိုက်တဲ့ စိုက်ခင်းတွေလိုမျိုး ဖြစ်ပါတယ်။ နွေရာသီစိုက်ခင်းလိုမျိုး ရာသီဥတုပူပြင်းတဲ့ အချိန်အခါမျိုးမှာလုပ်ပေးရင် မြေထဲက မှိုမျှင်တွေနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဖျူစေရီယမ်လိုမျိုးတွေပေါ့။ ဒါပေမဲ့ ဒီနည်းလမ်းက နေပူတဲ့အချိန်မျိုးမှာပဲရပြီးတော့ တစ်ရာသီလောက်နဲ့တော့ သိပ်ပြီးထိရောက်မှာမဟုတ်တဲ့ အားနည်းချက်တော့ ရှိပါတယ်။ 

လေမဲ့ ပိုးသတ်ခြင်း

တစ်နိုင်တစ်ပိုင်ကနေ စလို့ရပါတယ်။ ဖွဲပြာ၊ ကောက်ရိုး စတာတွေနဲ့ မြေဖုံးပြီးတော့ အပေါ်ကနေ ပလတ်စတစ်စနဲ့ လေလုံအောင်အုပ်ထားတာမျိုးပါ။ နေရောင်ခြည်ရတာမျိုးနဲ့ဆိုရင် အပူတွေတက်လာပြီးတော့ မြေကိုပိုးသတ်ပေးပါတယ်။ ဒီစနစ်ရဲ့ အားသာချက်တစ်ချက်က နေအရမ်းပြင်းစရာမလိုတာပါပဲ။ 

သီးလှည့်စိုက်ခြင်းနှင့် ကြားသီးနှံများစိုက်ပျိုးခြင်း

သီးနှံတစ်မျိုးတည်းကိုမဟုတ်ပဲနဲ့ တစ်ရာသီနဲ့ တစ်ရာသီမှာ သီးနှံတွေပြောင်းစိုက်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ အဲ့လိုလုပ်ပေးတာမျိုးကြောင့် တဖြည်းဖြည်းနဲ့ မြေဆောင်ရောဂါတွေ နည်းပါးလာမှာဖြစ်ပါတယ်။ 

ကိရိယာတွေသန့်ရှင်းရေး

မြေဆောင်ရောဂါတွေဆိုတာက ပေါက်တူး ပေါက်ပြားတွေ လယ်ယာသုံးကိရိယာတွေကနေ ကူးစက်နိုင်တာကြောင့်မို့ ဖြစ်နေကျအခင်းကို နောက်ဆုံးမှထွန်တာပဲဖြစ်ဖြစ်၊ သီးခြားထွန်တာမျိုးဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ 

နောက်ပြီးတော့ ကိုင်းကူးကိုင်းဆက်လုပ်တဲ့ ပစ္စည်းကိရိယာတွေ မျိုးစေ့ချတဲ့ ကိရိယာတွေ ကိုလည်း ဆိုဒီယမ်ကလိုရိုက် (၁.၂) ရာခိုင်နှုန်းပျော်ရည်နဲ့ ဆေးကြောပေးနိုင်ပါတယ်။ 

ကဲ အဲ့လောက်ဆိုရင်တော့ မြေဆောင်ရောဂါတွေကို ဘယ်လိုမျိုးလျှော့ချနိုင်မလဲ ဆိုတာကို လိုက်လုပ်ရင်း ရောဂါကင်း အထွက်တိုးနိုင်ကြပါစေ။ 

ထွန်းဝင်းကျော်

https://eorganic.org/node/7581

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်