ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
ဟင်းချက်ရာမှာပဲဖြစ်ဖြစ်၊ ကော်ဖီနဲ့ မုန့်တွေမှာပဲဖြစ်ဖြစ် သစ်ကြံပိုးခေါက် (Cinnamon) ကို နေ့စဉ်သုံးနေကြပေမယ့် ကျွန်တော်တို့သုံးနေတဲ့ သစ်ကြံပိုးခေါက်က ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမျိုးအစားဖြစ်နေရင်ကော?
ဈေးကွက်ထဲမှာ အဓိကအားဖြင့် Ceylon (စီလုံ သစ်ကြံပိုးခေါက်အစစ်) နဲ့ Cassia (ကစီးယား သာမန်သစ်ကြံပိုးခေါက်) ဆိုပြီး နှစ်မျိုးရှိပါတယ်။ စူပါမားကတ်တွေနဲ့ ဈေးတွေမှာ အလွယ်တကူ ဝယ်လို့ရနေတာတွေက ဈေးသက်သာတဲ့ ကစီးယား အမျိုးအစားတွေ ဖြစ်နေတတ်ပါတယ်။ ဘာကြောင့် ဒါကို သတိထားသင့်တာလဲဆိုတာ ကြည့်လိုက်ရအောင်။
ဘာကြောင့် ကွာခြားချက်ကို သိထားသင့်တာလဲ? (Coumarin ပြဿနာ)
အဓိက ပြဿနာက သစ်ကြံပိုးခေါက်မှာ သဘာဝအလျောက် ပါဝင်တဲ့ Coumarin (ကူမရင်) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့်ပါ။
ကစီးယားသစ်ကြမ်းပိုးမှာ Coumarin ဓာတ် အလွန်များပြားစွာ ပါဝင်ပါတယ်။ ကစီးယား သစ်ကြမ်းပိုးကို နေ့စဉ် ပမာဏများများ (သို့မဟုတ်) ရေရှည် စားသုံးမိရင် အသည်းကို ထိခိုက်စေနိုင်ပြီး အသည်းပျက်စီးတဲ့အထိ အန္တရာယ်ရှိပါတယ်။
စီလုံသစ်ကြမ်းပိုးက သစ်ကြံပိုးခေါက်အစစ် (True Cinnamon) ဖြစ်ပြီး Coumarin ဓာတ် လုံးဝနီးပါး မပါဝင်ပါဘူး။ ဒါကြောင့် သစ်ကြံပိုးခေါက်သုံးစွဲတဲ့သူတွေအနေနဲ့ စိတ်ချလက်ချ စားသုံးနိုင်တဲ့ တစ်ခုတည်းသော အမျိုးအစားဖြစ်ပါတယ်။
ဘယ်လို ခွဲခြားဝယ်ယူမလဲ?
အမှုန့်ကြိတ်ပြီးသားဝယ်ရင် ခွဲခြားရခက်ပေမယ့် အခေါက်အတိုင်း ဝယ်မယ်ဆိုရင်တော့ မျက်စိနဲ့ကြည့်ရုံနဲ့ အလွယ်တကူ ခွဲခြားနိုင်ပါတယ်။
၁။ သစ်ကြံပိုးခေါက်အစစ်က အလွှာပါးလေးတွေ အများကြီးနဲ့ လိပ်ထားတဲ့ အချောင်းလေးဖြစ်နေပြီး သာမန်သစ်ကြံပိုးခေါက်မှာတော့ ခပ်ထူထူတစ်လွှာတည်း ဒါမဟုတ် ၂ လွှာလောက်သာ ပါလေ့ရှိပါတယ်။
၂။ အရောင်လည်း ကွာပါတယ်။ အစစ်က အညိုနုရောင် အရောင်ဖျော့ပြီး ကစီးယား သစ်ကြံပိုးက နီညိုရောင် အရောင်ရင့်ပါတယ်။
၃။ နောက်ထပ်သိသာတဲ့တစ်ချက်က စီလုံသစ်ကြမ်းပိုးက အလွှာပါးတဲ့အတွက် လက်နဲ့ချိုးလိုက်ရင် အလွယ်တကူ ကျိုးပဲ့သွားပြီး ကစီးယားသစ်ကြမ်းပိုးကတော့ သစ်ကိုင်းခြောက်ကြီးလို ချိုးရခက်နေတာ သတိထားမိမှာပါ။
၄။ စီလုံ သစ်ကြံပိုးအစစ်က ချိုမြမြနဲ့ သင်းပျံ့တဲ့ အနံ့ရှိပါတယ်။ နူးညံ့ပါတယ်။ ကစီးယားကတော့ စူးရှရှ အနံ့ရှိပြီး အရသာပြင်းတယ်။
၅။ ထုတ်လုပ်တဲ့ မူရင်းဒေသတွေကို ကြည့်ရင်လည်း သိပါတယ်။ စီလုံ သစ်ကြံပိုးက သီရိလင်္ကာ၊ မဒါဂတ်စကာနဲ့ အိန္ဒိယတို့က လာပါတယ်။ အများစုကတော့ သီရိလင်္ကာကပါ။ ကစီးယားသစ်ကြမ်းပိုး ကတော့ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ကတော့ လာပါတယ်။

အာဟာရနဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
သစ်ကြံပိုးခေါက်က ကျန်းမာရေးအတွက် တကယ်ကို ဆေးစွမ်းထက်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။
အင်ဆူလင် (Insulin) တုံ့ပြန်မှုကို ကောင်းမွန်စေလို့ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့အတွက် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။
Antioxidant ကြွယ်ဝခြင်းက ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်ပျက်စီးမှုတွေကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။
ကိုယ်တွင်း ရောင်ရမ်းမှုတွေကို ကျဆင်းစေလို့ နှလုံးရောဂါလို နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဒီလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရဖို့အတွက် နေ့စဉ် မှန်မှန် စားသုံးမယ်ဆိုရင် အသည်းကို မထိခိုက်စေမယ့် စီလုံသစ်ကြမ်းပိုး ကိုသာ ရွေးချယ်သင့်ပါတယ်။
ယခုပဲ သင့်မီးဖိုချောင်ကို သွားစစ်ကြည့်လိုက်ပါ။ သင်သုံးနေတာက အလွှာထူထူ ကစီယားသစ်ကြမ်းပိုးလား... အလွှာပါးပါး စီလုံသစ်ကြမ်းပိုးလား? နောက်တခါ ဈေးဝယ်ရင် ကျန်းမာရေးအတွက် ပိုစိတ်ချရတဲ့ "သစ်ကြမ်းပိုးအစစ်" ကို ရွေးချယ်နိုင်ဖို့ ဒီအချက်လေးတွေကို သတိရလိုက်ပါနော်။
Business Insiderမှ ဆောင်းပါးအား မြန်မာဘာသာဖြင့် သင့်လျော်အောင် ပြန်ဆိုထားခြင်းဖြစ်သည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 0 ခု
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 1 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....