ကြက် မွေးမယ်ဆိုလျှင်....

26/11/2018 15:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး ACARE ACARE မှ ပေးပို့ထားပါသည်။

အစိမ်းရောင်လမ်းမှာ တောင်သူတွေအမေးများနေတဲ့  ကြက်မွေးမြူရေးအကြောင်း  ဖော်ပြပေးလိုက်ရပါတယ်။ နောက်ပိုင်းမှာလည်း တခြားမွေးမြူရေးတိရစ္ဆာန်တွေကို ဖော်ပြသွားဖို့ရှိလို့ အမြဲစောင့်ကြည့်ပေးပါလို့ ပြောပါရစေနော်။

မြန်မာနိုင်ငံတွင်တွေ့ရသော ကြက်မျိုးများ

၁. ငွေနားဖြူကြက်

၂. ရစ်ကြက်

၃. ရွှေဒင်္ဂါးကြက်

၄. ကြက်နက်

၅. ကြက်ဆင်

မွေးမြူရသည့် ရည်ရွယ်ချက်

- အသားထုတ်လုပ်ခြင်း

- ဥထုတ်လုပ်ခြင်း

- အလှမွေးရန် 

- ကြက်အချင်းချင်းတိုက်ရန်

ကြက်မွေးမြူသည့်စနစ်

- လွှတ်ကျောင်းမွေးမြူသည့်စနစ်

- ကြမ်းခင်းဖြင့်မွေးမြူသည့်စနစ်

- အခန်းလိုက် မွေးမြူသည့်စနစ်

ကြက်မီးကိုင်ခြင်း

လျှပ်စစ်ဖြင့် အနွေးပေးခြင်း - မီးအုပ်စလောင်းဖြင့် အနွေးပေးခြင်း၊ မီးလုံးဖြင့် အနွေးပေးခြင်း။

အစာကျွေးသည့်ပုံစံ

အစာဗန်း - အကောင် ၅၀ တွင် ၁ ခုနှုန်း၊ ၁ရက်မှ ရ ရက်သားအရွယ်အထိ

ချိတ်ဆွဲအစာခွက် - အကောင် ၂၀ တွင် ၁ ခုနှုန်း ၊ ၆ ရက်မှ ဈေးကွက်ရောင်းချသည်အထိ

ရေသောက်သည့်ပုံစံ 

ကြက်ရေတိုက်ခွက် (၁ဂါလံ) - အကောင် ၅၀ တွင် ၁ ခုနှုန်း၊ ၁ရက်မှ ရရက်သားအရွယ်အထိ

အလိုလျောက်ရေရရှိ - ၁ လက်မနှုန်း၊ ရရက်မှ ဈေးကွက်ရောင်းချသည်အထိ

အစာနုအုပ်စု

- ဆန်ကွဲ

- ဖွဲ (ဆန်)

- ဖွဲ (ပြောင်း)

- ငါးမှုန့် 

ACARE ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်