အရေးကြီးတဲ့ ထောပတ်သီးခူးချိန်

09/01/2020 12:00 PM တွင် agri_digit_news agri_digit_news မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   သစ်သီးများအား ရင့်မှည့်မှုအပြည့်အဝမရောက်ရှိမီ ခူးဆွတ်မိလျှင် ဖြစ်စေ၊ နောက်ကျ၍ခူးဆွတ်မိလျှင်ဖြစ်စေ၊ စားသုံးသူများနှင့် စျေးကွက်မှတောင်းဆိုသည့် အရည်အသွေးကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ သစ်သီးများ၏ ခူးဆွတ်ပြီးနောက် ကြာရှည်အထားခံနိုင်မှုအပေါ်တွင်ပါ ဆိုးကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ ဥပမာ- ပေါ်ဦးပေါ်ဖျားတွင် စျေးကောင်းရစေရန် ထောပတ်သီးအား ကောင်းစွာမရင့်ဘဲ ခူးဆွတ် ပါက၊ ဆက်လက်၍မရင့်မှည့်တော့ဘဲ၊ အရည်အသွေးမပြည့်ဝသည့် အသီးများသာ စျေးကွက်သို့တင်ပို့နိုင်မည်ဖြစ်၍၊ စျေးကောင်းရရှိရန် ခက်ခဲပါလိမ့်မည်။

   ထောပတ်သီးသည် ပန်းပွင့်တွင်အသီးစတည်သည့်နေ့မှ ရက်ပေါင်း (၁၇ဝ-၁၈၅)ခန့်တွင် အရွယ်ရောက်(ရင့်)လေ့ရှိပါသည်။ သို့ရာတွင် စိုက်ပျိုးသည့်ဒေသ၏ ရာသီဥတု၊ အမြင့်ပေ၊ ထောပတ်ပင်တွင်ထည့်သွင်းသည့် အာဟာရနှင့် ထောပတ်သီးမျိုးအပေါ်မူတည်၍ အရွယ်ရောက်ချိန် ကွာခြားလေ့ရှိသည်။ ထောပတ်သီးသည် အပင်မှ ခူးဆွတ်ပြီးလျှင် ဆက်လက်အသက်ရှု၍ ရင့်မှည့်ခြင်းဖြစ်စဉ်များဖြစ်ပွားသည့် အသီး အမျိုးအစားအုပ်စု (Climacteric fruit)တွင် ပါဝင်၍၊ ခူးဆွတ်ပြီးနောက်ပိုင်းမှသာ အသီးခွံနှင့် အတွင်းသားအရောင်၊ အတွင်းသားအရသာ၊ အနံ့၊ နူးညံ့မှု၊ အဆီဓါတ်ပါဝင်မှုများ အဆင့်ဆင့်ပြောင်းလဲ ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ထို့ကြောင့် ဇီဝကမ္မဖြစ်စဉ်အရ အရွယ်ရောက်ထားသောထောပတ်သီးမှသာ ရင့်မှည့်နိုင်ပြီး၊ ကောင်းမွန်သည့် အရသာနှင့် အနံ့၊ နူးညံ့၍ အမျှင်ကင်းစင်သည့် အတွင်းသားတို့ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဇီဝကမ္မအရ အရွယ်ရောက်ခြင်းဆိုသည်မှာ ထောပတ်သီးသည် ဖွံ့ဖြိုးကြီးထွားမှုကို အလုံးစုံရောက်ရှိပြီးနောက်၊ ဆက်လက်ရင့်မှည့်နိုင်သည့် အခြေအနေကိုဆိုလိုသည်။ သစ်သီးအများစု၏ အရွယ်ရောက်ချိန် တနည်းအားဖြင့် ရင့်ချိန်ကို ခန့်မှန်းရသည်မှာ လွယ်ကူသော်လည်း ထောပတ်သီးသည် မခူးဆွတ်ဘဲ အပင်တွင်ဆက်လက်ထားရှိလျှင် မမှည့်တတ်သည့်သဘောရှိသောကြောင့်၊ အရွယ်ရောက်(ရင့်)ချိန်ကို သတိမထားမိနိုင်ဘဲ ခူးဆွတ်ချိန်မှားယွင်းတတ်သည်။ Whiley et al. (2013)၏ တွေ့ရှိချက်များအရ ထောပတ်သီးသည် အရွယ်ရောက်ခြင်းကို အလုံးစုံရရှိပြီးသော်လည်း မခူးဆွတ်မိလျှင်၊ ကြွေကျခြင်းမရှိဘဲ (၆)လ သို့မဟုတ် ယင်းထက်ပို၍ အပင်ပေါ်တွင် ဆက်လက်ရှိနေနိုင်သည်။

   ထောပတ်သီးအား အရွယ်မရောက်မီခူးဆွတ်မိပါက အထက်ပါရင့်မှည့်မှုဖြစ်စဉ်များ အပြည့်အဝဖြစ်ပေါ်ခြင်းမရှိတော့ဘဲ အသီးမှာ ပျော့ပျောင်းမှုရှိသော်ငြား (၁) ရေဓါတ်ဆုံးရှုံးရသောကြောင့် ရှုံ့တွသည်။ (၂) အတွင်းသားရှိ ဆဲလ်နံရံများ ပျော်ကျနိုင်ခြင်း နည်းပါးသောကြောင့် မပျော့ပြောင်းဘဲ သားရည်သားကဲ့သို့ မာဆတ်ဆတ်ဖြစ်သည်။ (၃) ရောင်ခြည်ပစ္စည်းများ ဆက်လက်မစုစည်းနိုင်တော့ဘဲ အရောင်မညီမညာဖြစ်တတ်သည်။ (၄) အတွင်းသားတွင် သကြားဓါတ်အဖြစ်သို့ ပြောင်းလဲနိုင်မှုနည်းပါးပြီး အချိုပေါ့သွားသည်။ (၅) ထောပတ်သီးတွင် ထူးထူးခြားခြားပမာဏများစွာပါဝင်၍ အသီးမှည့်ရန် ထိန်းချုပ်သောဓါတ်တစ်ခုဖြစ်သည့် C7 သကြားများ (mannoheptulose နှင့် perseitol)သည် မရင့်သောထောပတ်သီးတွင် ပါဝင်မှုနည်းသောကြောင့် အသီးဆက်လက်မှည့်ရန် မဆောင်ရွက်နိုင်တော့ပါ (Pedreschi et al., 2019)။ (၆)  လိုအပ်သည့် အနံ့ဖြစ်စေမည့် ဒြပ်ပေါင်းများဖွဲ့စည်းခြင်းသည် လျော့ကျသွားခြင်းကြောင့် ထောပတ်မျိုးအလိုက် ရှိရမည့် အနံ့အရသာမရနိုင်တော့ပါ။

   ထို့ပြင် မရင့်မီခူးဆွတ်မိပါက ကြာရှည်အထားမခံနိုင်သည်ကိုလည်း တွေ့ရှိရပါသည်။ Dixon et al. (2003) ၏ တွေ့ရှိချက်များအရ သင့်လျော်သော ရင့်မှည့်မှုရှိသည့် ထောပတ်သီးသည် အသီးပုပ်ခြင်းနှင့် အအေးခန်း၌ သိုလှောင်စဉ်အတွင်း ရေခဲနာဖြစ်ပွားမှု အနည်းဆုံးဖြစ်၍ ကြာရှည်အထားခံပါသည်။ အသီးနု သို့မဟုတ် အမှည့်လွန်ထောပတ်သီးများသည် အဆိုပါအချက်များအား ခံနိုင်ရည်နည်းပါး၍ အထားမခံကြောင်း ဖော်ပြထားပါသည်။

   ထို့ကြောင့် ထောပတ်သီးအား စားသုံးသူများကြိုက်နှစ်သက်သည့်  အရည်အသွေး ရရှိရန်အတွက် အသီးနုများအား မခူးဆွတ်သင့်ပါ။ အလားတူစွာ ခူးဆွတ်ချိန် အလွန်နောက်ကျလျှင် အပင်ပေါ်ရှိအသီးများသည် အပင်အတွက်ဝန်ဖြစ်စေ၍ မခူးပဲထားပါက လာမည့်နှစ်အတွင်း ပန်းခိုင်ထွက်ရှိမှုနှင့် အသီးတင်မှုအပေါ် အကျိုးသက်ရောက်မှုရှိပြီး၊ အသီးအထွက်နှုန်းကျဆင်းတတ်သည်။

ဒေါက်တာဝဏ္ဏထွန်း

Source - Agri Digit News- စိုက်မွေးသုတ


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်