စျေးကွက်ဝင်……..ဂုံးများ

07/10/2021 13:45 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ဂုံး (clam) ဆိုသည်မှာ အခွံနှစ်ခြမ်းရှိသော ခရု၊ ကမာ၊ ယောက်သွားတို့လို bivalve molluscs များဖြစ်ကြသည်။ ဂုံးအပါအဝင် ခရု (molluscs)၊ ကမာ (oyster)၊ ယောက်သွား (mussels) စတဲ့ Molluscs အုပ်စုဝင်များသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၅၀၀ ကျော်လောက်တည်းက ကမ္ဘာမြေပေါ်တွင် တည်ရှိခဲ့ကြပြီး တချို့ခရုကမာများမှာ နှစ်ပေါင်း ၅၀၀ ခန့်ထိ အသက်ရှည်နေထိုင်နိုင်ကြသည်ဟု မှတ်တမ်းများအရ သိရပါသည်။

    ဂုံးတွင် သွေးဂုံး၊ ဂုံးစိမ်း(ယောက်သွား)၊ ဂုံးချော(ရှပ်ခရု)စသဖြင့် အမျိုးမျိုးရှိကြပြီး သွေးဂုံးကို ရခိုင်လို “ဂုံးသကြေး”လို့လည်း ခေါ်ကြပါသည်။ 

    ဂုံးကို ရေကန်၊ မြစ်​​​ချောင်းများတွင်တွေ့ရှိရသလို နုန်းစပ်သဲပြင်များတွင်လည်း တိုး၍ နေတတ်ကြသည်။

    ဂုံးမှာ ဘဲဥပုံဆင်ဆင်ရှိ၍ ရှပ်ကောင်မှာ သုံးထောင့်ချွန်း ဆင်ဆင်ဖြစ်နေသော ဂုံးတစ်မျိုးဖြစ်သည်။ရှပ်(ဂုံးချော)မှာ ပင်လယ်ကမ်းစပ်တွင် ရေကျစ၌ နုန်းသဲလွှာအောက်တွင် တိုးဝင်နေတတ်၍ စူးထိုးကာ ရှာဖွေဖမ်းယူကြသည်။

    ဂုံးသည် အခွံမာသော်လည်း ပါးလွှာ၍ ရေချိုတွင်အတွေ့ရများသည်။ အခြားနိုင်ငံများတွင် ဂုံးအသားကိုထုတ်၍ စည်သွပ်ရောင်းချကြသည်။

    မြန်မာနိုင်ငံတွင် ဂုံးများကို ရခိုင်၊ တနင်္သာရီနှင့် ဧရာဝတီဒေသတို့တွင် ဖမ်းဆီးရမိကြပြီး ထိုင်းနိုင်ငံသို့ တင်ပို့ကြပါသည်။ သွေးဂုံးကိုဖမ်းယူရာတွင် စက်လှေပေါ်မှ ချိတ်ဖြင့်ဆွဲ၍ ပိုက်ချကာဖမ်းသည့် နည်းစနစ်ဖြင့် သဲများတွင်နစ်နေသည့် သွေးဂုံးများကို ဖမ်းယူကြရသည်ဟု ဂုံးဖမ်းသူရေလုပ်သား၏ ပြောပြချက်အရ သိရပါသည်။ သွေးဂုံးကို ထိုင်းနိုင်ငံတွင် အမျိုးသားများအစားများကြသည်ဟု သိရပါသည်။ သွေးဂုံးမှာ ပြုတ်လိုက်တာနှင့် အထဲမှာ သွေးရောင်သန်းလာတတ်သော သဘာဝရှိကြသည်။

    ယခုအခါ နိုင်ငံတော်တော်များများတွင် ဂုံးကောင်(ကမာ)ကို လူတော်တော်များများ စားသုံးမှုများလာကြသည်။ မြန်မာနိုင်ငံတွင်လည်း ဂုံးကောင်ကို သုပ်စား၊ ကင်စား၊ ပြုတ်စား၊ ထောင်းစား၊အခြောက်လှန်းစား၊ ဟင်းချက်စား ကြပါသည်။

    ဂုံးကောင်၏ ဂုဏ်သတ္တိမှာ အေး၏။ အရသာမှာ ငန်၏။ အသည်းနှင့် ကျောက်ကပ်တို့အတွက် ကောင်းကျိုးပေး၏။ ဂုံးကောင်ကို အသက်ကြီးငယ်မရွေး စားသုံးနိုင်သည်။ အထူးသဖြင့် ကိုလက်စထရောများသူ၊ သွေးတွင်း အဆီများသူ၊ ဂလင်းရောင်သူ၊ ​​လေပြွန်​ရောင်သူ၊ အစာအိမ်ရောဂါရှိသူတို့ စားသုံးသင့်သည်။ သို့သော် ယခင်က အနာရောဂါဟောင်းရှိတက်သူ၊ သရက်ရွက်၊ အစာအိမ်အားနည်း၍ အေးတတ်သူများ သိပ်များများမစားသင့်ပါ။ သတိထားရန်အနေဖြင့် ဂုံးကောင်ကို ဗီတာမင် B1 စားသုံးနေချိန်တွင် မစားရပါ။

    ဂုံးကောင်ကို စားသုံးရန် ပမာဏ - ဂုံးကောင်ကို တစ်ကြိမ်စားလျှင် ၅ ကောင်မှ ၁၀ ကောင်အထိစားနိုင်ပါသည်။

ဂုံးကောင်၏ အကျိုးကျေးဇူးများမှာ-

    ဂုံးကောင်ထဲတွင် ဗီတာမင်နှင့် အာဟာရဓာတ် ပြည့်ဝစွာပါဝင်သည်။ ဂုံးကောင်ကို စားသုံးပြီးနောက် အေးမြလန်းဆန်းသောခံစားချက်ကို ရရှိစေနိုင်သည်။ ဂုံးကောင်သည် စိတ်ရှုပ်ခြင်းနှင့် ဦးနှောက်​ရောဂါတို့ကို ဖယ်ရှားပေးနိုင်သည်။ ဂုံးသားစားခြင်းကြောင့် အပူကင်းစေနိုင်သည်။ ဂုံးကောင်တွင် ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ်၊ Taurine ဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် E၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ခယ်လီယမ်၊ မီးစုန်းဓာတ်၊ ဇင့်ဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။

    ဂုံးကောင်စားခြင်းဖြင့် အသားဝါခြင်း၊ ရေဖျဉ်းစွဲခြင်း၊ လည်ပင်းကြီးရောဂါ၊ သွေးယိုခြင်း၊ အဖြူဆင်းခြင်း၊ ဆီးချိုရောဂါတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်။ ဆီးသွားခြင်းကိုလည်း ကောင်းကျိုးပေး၏။ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်၊ သတ္ထုဓာတ်၊ အမိုင်နိုအက်ဆစ်တို့ပါဝင်မှုကြောင့် အပူကျစေကာ လူကြီးများတွင်ဖြစ်ပွားသော နာတာရှည်ရောဂါကို ကူညီကုသပေးနိုင်သည်။ 

    ဂုံးကောင်ရွေးဝယ်ရာတွင် လက်ဖြင့် တစ်ကောင်ချင်းကိုင်၍ လှုပ်ကြည့်ပါ။ ဂုံးကောင်အတွင်းမှာ “ ဂလောက်” “ ဂလောက်” ဟု မြည်သံကြားပြီး အလေးချိန်မှာ ပေါ့ပါးနေလျှင် သေပြီးသားအကောင်ဖြစ်၏။ အသေကို ရွေးဝယ်ပါ။

ဂုံးကောင်ကို ရက်ရှည်ထား၍ သိမ်းဆည်းလိုပါက - ဂုံးကောင်ကို ဆားရည်ထဲတွင်စိမ်၍ ထားပေးပါ။

ဂုံးကောင်ကို အသုံးပြုမည်ဆိုပါက - အသုံးမပြုခင် ဂုံးကောင်ကို ဆားရည်ဖြင့် တစ်နာရီကြာစိမ်ပြီးမှ ချက်ပြုတ်စားသောက်ပါ။

ပင်လယ်ပြာ(ငါးဦးစီး)

Ref: Wikipedia 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်