အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးစာကုန်ကြမ်းပြုလုပ်ကြမယ်

ငါးစာကုန်ကြမ်းပြုလုပ်ကြမယ်

ငါးစာကုန်ကြမ်း ကိုယ်တိုင်ပြုလုပ်လိုသူတွေအနေနဲ့ ပထမဆုံး သိထားသင့်တာကတော့ ကုန်ကြမ်းတစ်ခုစီမှာ ပါဝင်တဲ့ အသားဓာတ်ပါဝင်နှုန်းတွေပဲ ဖြစ်ပါတယ်။

ဖွဲနု - ၁၂ %

ငါးခြောက် - ၅၀ %

 မြေပဲဖတ် - ၄၂ %

 ကော်မှုန့်  - ၁၄ %

ရောစပ်ရမည့်ပမာဏတွေကတော့-

 ဖွဲနု - ၇၂ ကျပ်သား

 ငါးခြောက်- ၁၇ ကျပ်သား

 မြေပဲဖတ် - ၅ ကျပ်သား

 ကော်မှုန့်  - ၅ ကျပ်သား  ဖြစ်ပါတယ်။

အထက်ပါကုန်ကြမ်းတွေနဲ့ ငါးစာပြုလုပ်မယ်ဆိုရင် လိုအပ်တဲ့ ဆားပမာဏ (၁) ကျပ်သားကို ရောနှောပြီး၊ ငါးစာကုန်ကြမ်းအဖြစ် ကိုယ်တိုင်စမ်းသပ် ထုတ်လုပ်ကျွေးမွေးနိုင်ပါတယ်နော်။ 

ငါးခူ၊ ငါးပြေမ၊ ငါးရံ့လိုငါးမျိုးတွေဆိုရင် ၃ လက်မအရွယ်မှစတင်ပြီး အခုလိုအစာကုန်ကြမ်းများ ပြုလုပ်ကျွေးမွေးနိုင်ပါပြီ။

#ငါးမွေးမြူရင်း စီးပွားတိုးတက်ကြပါစေ။

နန်းထက်ထက်ချစ်(ABM)

အောင်ကျော်လင်း

အောင်ကျော်လင်း

လွန်ခဲ့သော ၁ နှစ် က

ယခုလိုပြောပြပေးတာကျေးဇူးအများကြီးတင်ပါတယ်။ ပြောပြထားတဲ့ အချိုးအစားတွေအတိုင်း အစာကုန်ကြမ်း လုပ်ပြီးငါးပြေမတွေကိုကျွေးကြည့်တာ သူတို့ Commerical fish food တွေထက်ပိုကြိုက်တာတွေ့ရပါတယ်ခင်ဗျ။ ယခု အစာ ကုန်ကြမ်းကို ငါးကြင်းတွေရော ကျွေးလို့ရပါသလားခင်ဗျာ?

စောသောထူးထူး

စောသောထူးထူး

လွန်ခဲ့သော ၂ နှစ် က

ငါးပြေမအစာကို ကိုယ်တိုင်ပြုလုပ်ကြည့်မည်

အောင်

အောင်

လွန်ခဲ့သော ၃ နှစ် က

လုပ်နည်းလေးသေချာရှင်းပြပေးပါ

thuyalwin

thuyalwin

လွန်ခဲ့သော ၃ နှစ် က

ငါးပြေမရောင်းဖို့ရှိ့လာ

Brang Aung

Brang Aung

လွန်ခဲ့သော ၅ နှစ် က

ငါးခူ မွေးမလို့ပါ ကန်ကတော့မိုးကာ နဲ့လုပ်မလို့ပါ ကန်လုပ်နည်း နဲ့ ငါးခလေးစားအတွက်ဘာတွေ ကျွေးရမလဲ ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာလေ ရှင်းပြပေးပါအုံး ဆရာ ကျေးဇူးပြုပြီးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါပြီ

ဦးဝင်း • ဖြေကြားချက် 4 ခု

trichoderma ဖြန်းပီးနောက်ရက် နွားသေး နွားချေး တမာရွက်ဆေးရည်ဖြန်းလို့ရသလားဗျ အဲ့ဆေးရည်ဖော်စပ်ပီးဘယ်နှစ်ရက်ထိထားသိုနိုင်ပါသလဲဗျ သိချင်ပါတယ်

wai phyo naing • ဖြေကြားချက် 2 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

အညွန့်ကြားပိုးဝင်လို့ဘာဆေးဖျန်းရမလဲ AI ညွန်းပေးပါလားဗျ

ဉီးထွန်း၀င်း • ဖြေကြားချက် 2 ခု

စိုက်ပျိုးရေးတွက်သုံးရေကန်ပါ ငါးထည့်မွေးချင်လို့ဘာငါးမွေးရင်အဆင်ပြေလဲဗျ

ဉီးထွန်း၀င်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။