ဒီရေတောများ ပြန်လည်ထူထောင်ရာတွင်

13/10/2023 13:00 PM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံသည် ဒီရေတောဖုံးလွှမ်းမှု စိုးရိမ်ဖွယ်ရာဆုံးရှုံးလျော့ကျလာလျက်ရှိပြီး ၎င်းကိုပြန်လည်ထူထောင်ရန် လိုအပ်နေကြောင်း သက်ဆိုင်ရာပညာရှင်များက အကြံပြုထားပါသည်။ 

မြန်မာနိုင်ငံရှိ ဂေဟစနစ်တွင် ဒီရေတောများ၏ အရေးပါမှုကို ချန်ထား၍မရပေ။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ လက်ကျန်ဒီရေတောများအား စနစ်တကျစီမံခန့်ခွဲ ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း တိုးတက်လာစေရန်စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန်လို အပ်ပါသည်။ 

ဒီရေတောများလျော့နည်း၊ ဆုံးရှုံးလာမှုကြောင့် အပူငွေ့များတရိပ်ရိပ်တက်လာခြင်း၊ ကာဗွန်သိုလှောင်မှုလျော့နည်းလာခြင်း၊ သစ်ပင်ဖုံးလွှမ်းမှုရာခိုင်နှုန်းလျော့နည်းခြင်းစသည့် ပြဿနာများကြုံတွေ့လာရသည်။ ထို့ကြောင့် ဒီရေတောများ တစိုက်မတ်မတ်ပြန်လည်စိုက်ပျိုးခြင်းနှင့် ကာကွယ်ရေးအစီအစဉ်များကို ချက်ချင်း အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ပါသည်။ 

ဒီရေတောများပြန်လည်ထူထောင်ရာတွင် စိုက်ခင်းများအောင်မြင်ရန်အတွက် ဆောင်ရန်ရှောင်ရန်တို့ကို သိရှိနားလည်ရမည်ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် ဒီရေတောစိုက်ခင်း စိုက်ပျိုးမည့်နေရာနှင့်ကိုက်ညီ သော ဒီရေတောမျိုးစိတ်ကိုရွေးချယ်စိုက်ပျိုးရန်လိုအပ်မည်ဖြစ်သည်။ ကုန်းမြေအနိမ့်အမြင့်အလိုက်သော် လည်းကောင်း၊ မြေအမျိုးအစားအလိုက်သော်လည်းကောင်း သစ်မျိုးရွေးချယ်မှု မှန်ကန်မှသာလျင် စိုက်ခင်းအောင်မြင်မည်ဖြစ်သည်။ ထိုဆောင်ရွက်ချက်အတွက် ဒီရေတောသစ်မျိုးများ၏ ထူးခြားသည့် ဝိသေသများနှင့် သဘောသဘာဝတို့ကို ကောင်းစွာသိရှိနားလည်ရန်လိုအပ်မည်ဖြစ်သည်။ 

ဒီရေတောများပြန်လည်ထူထောင်ခြင်းအတွက် သစ်စေ့များကိုစုဆောင်းရသည်။ ဒီရေတောပင်ဖြစ်လာမည့် အသီးတောင့်များကိုနေရာဒေသအနှံ့မှ လိုက်လံစုစည်းပြီး လက်ရွေးစင်အသီး တောင့်များကိုရွေးချယ်ရသည်။ ရွေးချယ်ပြီးသော အသီးတောင့်များကို စနစ်တကျ သိုလှောင်ထားရပြီး သစ်စေ့သိုလှောင်ရုံ အနီးရှိ မြစ်/ချောင်းအတွင်းမှ ရေငန်ဖြင့်    နှစ်ရက်လျှင် တစ်ကြိမ်ခန့်  ရေလောင်းပေးရသည်။ နှစ်စဉ် ဖေဖော်ဝါရီ၊ မတ်လလောက်များ ဆိုလျှင် အသီးတောင့်များကို စတင်စုဆောင်းရရှိနိုင် ပြီဖြစ်သည်။ ဧပြီ၊ မေ လဝန်းကျင်တွင် စိုက်ပျိုးမြေနေရာ၌ ခြုံနွယ်ရှင်းလင်းခြင်း၊ မြေပြုပြင်ခြင်းတို့ကို အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်သည်။ ဇွန်၊ ဇူလိုင်လများ အတွင်း ရေထရက်များတွင် အသီးတောင့်များအား ဒီရေတောစိုက်ခင်းနေရာတွင်စိုက်ပျိုးကြပါသည်။ ထို့ကြောင့် ဒီရေတောပင်တစ်ပင် ဖြစ်လာစေရန်မှာ အသီးတောင့်စတင်စုဆောင်းခြင်း၊ လက်ရွေးစင်အသီးတောင့် များအား‌ရွေးချယ်ခြင်း၊ အသီးတောင့်များ အား စနစ်တကျထားသိုလှောင်ခြင်း၊ မြေနေရာရှင်းလင်းခြင်း၊ စိုက်ပျိုးမြေနေရာတွင် စိုက်ပျိုးခြင်း အစရှိသည့် လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ရပါသည်။  

စိုက်ပျိုးပြီးသော ဒီရေတောများရေရှည်တံ့တည်ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင် ရွက်မှုကအဓိက အချက်ဖြစ်သည်။ ထို့ကြောင့် ကမ်းရိုးတန်းဒေသတစ်လျှောက်တွင်နေထိုင်သည့် ဒေသခံ ပြည်သူများ အား ဒီရေတောများအကြောင်းနှင့် ၎င်းတို့၏ အရေးပါမှုကို အသိပညာပေးရန် လိုအပ် မည်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်