ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သီးနှံများ

01/02/2019 15:08 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ဆန်ချောဈေးရော ဆန်ကြမ်းဈေးရော အားလုံးနီးပါးငြိမ်နေခဲ့ပါတယ်။ပေါ်ဆန်းဆန်နဲ့ ဧည့်မထ၂၅ မှတ်တန် ဆန်သာ အနည်းငယ်ပြောင်းလဲမှုရှိခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အနည်းငယ်ပြောင် လဲပေမယ့်လည်း ပုသိမ်ဈေးကွက်မှာတော့ နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ထမင်းကောင်းရင် ဈေးကောင်းရနေတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်းဆန်က တစ်အိတ်ကို ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပြီး တစ်အိတ်ကို ၃၃၅၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ဧည့်မထ ၂၅မှတ်တန်အသစ်ကတော့ တစ်အိတ်ကို ၄၀၀ ကျပ် လောက်ဈေးတက်လာပြီး ၁၉၀၀၀ ကနေ ၁၉၄၀၀ ရှိပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ရုတ်တရက်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ တရားရုံးက မတ်ပဲနဲ့ပဲစင်းငုံနီက ပြည်ပကဝယ်ယူခွင့်ပါမစ်ကို ပိတ်လိုက်တယ်ဆိုတဲ့သတင်းတွေကြောင့် အခုလိုရုတ်တရက်ဈေးက ထိုးကျဆင်းသွားပါတယ်။ ထို့ပြင်အထက်ပါသတင်းကြောင့် ဈေးတွေကျဆင်းမယ်ဆိုတဲ့သတင်းတွေကလည်း တက်ချိန်မှာ အလုအယက်ထိုးရောင်းတာတွေကြောင့် ဈေးက အတော်ကို ကျဆင်းသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက အထက်ပါအကြောင်းအရာ နဲ့ပတ်သတ်ပြီးတရားဝင် ထုတ်ပြန်ကြေညာမှုတော့ မလုပ်သေးပေမယ့် တရားရုံးရဲ့ ထုတ်ပြန်ချက်ကိုတော့ ကြေညာထားပြီးဖြစ်တာကိုလည်းတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ တောင်သူတွေက ပြည်ပကနေ မဝယ်ယူရေး ဆန္ဒပြတောင်းဆိုမှုတွေကြောင့် အထက်ပါဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။

မတ်ပဲကတော့ လက်ရှိအခြေအနေက ကျဆင်းနေပေမယ့် နောက်ဖြစ်မယ့် အခြေအနေကတော့ မခန့်မှန်းနိုင်အောင်တောင်ဖြစ်နေပါတယ်။ တစ်ပတ်အတွင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တစ်တန်ကို တစ်သိန်းလောက်ကျဆင်းသွားခဲ့ပြီး တစ်တန်ကို ၆ သိန်းကျော်နဲ့အရောင်းအဝယ်ဖြစ်နေပါတယ်။

နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၇၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၀၀၀ နဲ့ ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ အိန္ဒိယတရားရုံးရဲ့ကြေညာချက်မှာ ပဲစင်းငုံနီလည်း ပါဝင်တာဖြစ်တဲ့အတွက် ပဲစင်းငုံနီလည်း ဈေးကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ပဲစင်းငုံနီကတော့ ဈေးကျဆင်းတယ်ဆိုပေမယ့် မတ်ပဲလောက်အဆိုးရွားဆုံး ကျဆင်းတာမဟုတ်တဲ့အတွက် အနည်းငယ်ခံသာ သေးတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ထို့ပြင် အိန္ဒိယရဲ့ ရာသီဥတုအခြေအနေက မကောင်းတဲ့အတွက် ပဲစင်းငုံနီလိုအပ်ချက်က ရှိမယ်ဆိုတဲ့ သုံးသပ်ချက်တွေကြောင့်လည်း အိန္ဒိယကဘယ်လောက်ပဲ ကုန်ဝယ်ယူခွင့်ပိတ်ပိတ် ခဏခဏပြောင်းလဲနေတဲ့ မူဝါဒအသစ်တွေကြောင့် အခြေအနေက မျှော်လင့်သလို မကောင်းပေမယ့်လည်းမဆိုးရွားနိုင်ဘူးလို့ သုံးသပ်ရပါတယ်။

ပဲစင်းငုံနီကို အိန္ဒိယအပြင် အခြားနိုင်ငံတွေကလည်း အဝယ်တွေရှိတဲ့အတွက် ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ငွေကျပ် ၄ သောင်းကျော်လောက်သာ ကျဆင်းသွားခဲ့ပါတယ်။

မတ်ပဲနဲ့ယှဉ်ရင် ဈေးအတော်ရနေပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၂၆၀၀၀ ကျပ် နဲ့ ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၄၀၀ နဲ့ ၁၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၅၀၀ နဲ့ တစ်တင်းကို ၁၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

အခြားပဲတွေဈေးကျဆင်းနေပေမယ့် ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ပဲအသစ်တွေကလည်း အဝင်များလာပေမယ့် အဓိကဝယ်လက်ဖြစ်တဲ့ တရုတ်က နှစ်ကူးနီးချိန် အများအပြားဝယ်ယူနေတဲ့ အတွက်ဈေးက တက်လာခဲ့တာလည်းဖြစ်ပါတယ်။ထိုပြင် အရည်အသွေးကောင်းတဲ့ ပဲတွေက ဈေးပိုရနေပါတယ်။

မြင်းခြံမှာ ပဲတီစိမ်းက တစ်တင်းကို ၂၇၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀ ကျပ် ဈေးတက်လာပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာ လည်းတစ်တင်းကို ၃၃၃၀၀ ကျပ်ပေါက်ဈေးရှိပြီး ၆၀၀ ကျော်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၈၀၀ ကျပ်ရှိပြီး ၇၅၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ လည်းတစ်တင်းကို ၃၄၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတာ့ တစ်တင်းကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး တစ်တင်းကို ၂၉၀၀၀ ကနေ ၃၂၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။

ကုလားပဲ

ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်ခဲ့တဲ့ ကုလားပဲက ဒီတစ်ပတ်မှာတော့ ပြန်ကျဆင်းသွားပါတယ်။ ကုလားပဲကလည်း အိန္ဒိယတင်ပို့မှုရှိနေတာဖြစ်တဲ့အတွက် သက်ရောက်မှုကတော့ အနည်းငယ်ရှိပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၁၅၀၀ ကနေ ၂၃၀၀၀ ရှိပြီး ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၃၅၀၀  ကျပ်ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၂၈၀၀ ရှိပြီး တစ်တင်းကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။  ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၁၁၉၅၀  ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက ၂၃၂၅၀ ကျပ်ရှိပြီး တစ်တင်းကို ၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူကြိးကတော့ တစ်တင်းကို ၂၃၅၀၀ ကျပ်ရှိပြီးတစ်တင်းကို ၇၀၀ ကျပ် ဈေးတက်လာပါတယ်။

ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါက  တစ်တင်းကို ၂၆၀၀၀  ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ကုလားပဲလုံးဖြူကတော့ တစ်တင်းကို ၂၄၀၀၀ ကျပ်ရှိပြီး ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

 

ဝတ်ရည်မွန် (AMIA)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်