ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁၇.၉.၂၀၁၈ မှ ၂၁.၉.၂၀၁၈)ထိ
ဆန်၊ စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝါးတန်းဈေးကွက်မှာ ဆန်ကြမ်းဈေးတွေ တက်လာခဲ့သလို ဆန်ချောဈေးတွေလည်း တက်လာခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ဈေးတက်လာပေမယ့် ကောင်းနေပါတယ်။ ဆန်အဝင်ကလည်း ပုံမှန်ရှိနေပါတယ်။ လက်ရှိမှာ ငွေလဲလှယ်နှုန်းတွေ တက်နေတာကလည်း ဆန်ဈေးကိုတက်နေသလို လှောင်သူတွေကြောင့်လည်း ဈေးက ဆက်ပြီးတက်နေပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဝါးတန်းဈေးကွက်မှာ တက်နေတာက ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံးဆန်းက တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်သွားပြီး ဒီတစ်ပတ်ပေါက်ဈေးက ၄၂၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပါတယ်။ ဧည့်မထ ၂၅ % တန်ဆန်ကလည်း တစ်အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပြီး ဒီတစ်ပတ်ပေါက်ဈေးက ၂၁၈၀၀ ကနေ ၂၂၀၀၀ ပေါက်ဈေးရှိပါတယ်။ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၅၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး အနိမ့် ဆုံးဈေး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။သီးထပ်ရှယ်ကလည်း တစ်အိတ်ကို ၂၃၂၀၀ ကနေ ၂၄၂၀၀ ရှိပြီး တစ်အိတ်ကို ၇၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ ဆန်ဈေးရော စပါးဈေးပါ တက်လာခဲ့ပါတယ်။ ဧရာဝတီပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁၂၇၉၀၀၀ ပေါက်ဈေးရှိပြိး တင်း ၁၀၀ ကို ၃၅၀၀၀ ကျပ် ဈေးတက်လာပြိး ဆန်ကတော့ တစ်တင်းခွဲတစ်အိတ်ကို ၅၂၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပေါ်ဆန်းရင်ကတော့ တင်း ၁၀၀ ကို ၃၅၀၀၀ တက်လာပြီး တင်း ၁၀၀ ကို ၁၁၇၄၀၀၀ ရှိပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၅၄၁၀၀၀ နဲ့ တစ်တင်းခွဲ ကို ၄၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဖျာပုံပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၁၁၈၅၀၀၀ ရှိပြီး ၃၅၀၀၀ ဈေးတက်လာကာ ဆန်က ၃၀၀၀ ကျပ် တက်လာပြီး ၅၂၀၀၀ ပေါက်ဈေးရှိပါတယ်။
ဒုတိယတန်းစားစပါးဖြစ်တဲ့ ရွှေသွယ်လေးကတော့ တင်း ၁၀၀ ကို ၈၂၈၀၀၀ ရှိပြီး ၁၈၀၀၀ ကျပ်၊ဆန်ကတော့ တစ်တင်းခွဲကို ၃၅၀၀၀ ရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ဧရာမင်း စပါးကတော့ တင်း ၁၀၀ ကို ၈၀၉၆၀၀ ရှိပြီး ၉၀၀၀ ကျပ် ဆန်ကတော့ တစ်တင်းခွဲကို ၃၅၀၀၀ ရှိပြိး ၁၀၀၀ ကျပ်၊ မနောသုခ စပါးက တင်း ၁၀၀ ကို ၆၈၀၀၀၀ ရှိပြီး ၃၆၀၀၀ ကျပ် ဆန်ကတော့တစ်တင်းခွဲကို ၂၈၀၀၀ ရှိပြီး ၂၀၀၀ ကျပ်၊မီးကောက် စပါးကတော့ တင်း ၁၀၀ ကို ၇၀၈၀၀၀ ရှိပြီး ၁၈၀၀၀ ကျပ်၊ ဆန်ကတော့ တစ်တင်းခွဲကို ၃၀၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊သီးထပ်ရင်ကတော့ တင်း ၁၀၀ ကို ၆၀၇၀၀၀ ရှိပြီး ၉၀၀၀ ကျပ်ရှိပြီး ဆန်ကတော့ တစ်တင်းခွဲ ကို ၂၄၅၀၀ နဲ့ ၅၀၀ ကျပ် စသဖြင့် အသီးသီးဈေးတက်လာခဲ့ပါတယ်။
ပုသိမ်ဈေးကွက်မှာ ဆန်ဈေးတွေ ငြိမ်နေတာ တစ်လနီးပါးရှိခဲ့ပေမယ့် စက်တင်ဘာလ နောက်ဆုံးအပတ်မှာ ဈေး ပြောင်းလဲ လာပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ရန်ကုန်ဈေးကွက်မှာ ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဉ်ရင် ဈေးအတက်အကျသိပ်မရှိပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ မတ်ပဲဈေးနှုန်းတွေ တက်လာခဲ့ပါတယ်။ ပြည်ပဝယ်ယူမှုနည်းပေမယ့် ငွေဈေးက ဆက်တိုက်ကို တက်နေတာဖြစ်တဲ့အတွက် လက်ရှိမှာမတ်ပဲက ဈေးပိုရနေပါတယ်။
မတ်ပဲက ရန်ကုန်ဈေးကွက်မှာ တစ်တန် ကို ၅ သိန်းကျော်နဲ့ဈေးအတက်အကျ အနည်းငယ် ရှိပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၇၀၀၀ နဲ့ ၁၀၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မျာလည်း တစ်တင်းကို ၁၆၀၀၀ ကျပ်နဲ့ ၁၀၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၇၅၀၀ နဲ့ ၅၀၀ ကျပ် အသီးသီးဈေး တက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်လာခဲ့တာဖြစ်ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးတက်တာမဟုတ်ပဲ အတက်အကျအနည်းငယ် အပြောင်းအလဲသာ ရှိခဲ့ပါတယ်။ရန်ကုန်ဈေးကွက်မှာ ဈေးက အတက်အကျ ရှိနေပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးက ကျဆင်းနေတာကိုလည်း တွေ့ရပါတယ်။ ငွေဈေးကြောင့် ဈေးကကျဆင်းသွားတာ မဟုတ်ပေမယ့် အရောင်းအဝယ်က ကျဆင်းနေတဲ့အတွက် ဈေးကအနည်းငယ်ပြန်ကျဆင်းသွားတယ်လို့ ဆိုရပါတယ်။
ပြီးခဲ့တဲ့အပတ်က တရုတ်က အဝယ်လိုက်လာတဲ့အတွက် ဈေးကတစ်ပတ်အတွင်း မြင့်တက်လာခဲ့ပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီက တစ်တင်းကို ၁၃၇၅၀ နဲ့ တစ်တင်းကို ၇၅၀ ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၁၅၀ ရှိပြီး တစ်တင်းကို ၈၅၀ ကျပ်၊ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၁၃၅၀၀ နဲ့ ၅၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားခဲ့ပါတယ်။
ကုန်သည်တွေကတော့ ငွေဈေးကြောင့် ဈေးပြန်တက်နိုင်တယ်လို့ခန့်မှန်းထားပေမယ့် ဈေးက မတက်ပဲကျဆင်းသွားခဲ့ပါတယ်။ လတ်တလောမှာတော့ ပြီးခဲ့တဲ့သြဂုတ်လအတွင်း ဈေးကျဆင်းတဲ့ နှုန်းအထိတော့ မရောက်ရှိနိုင်တာကို တွေ့ရပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ပြိးခဲ့တဲ့ အပတ်ကလည်း ဈေးကျဆင်းသွားခဲ့ပြီး ဒီတစ်ပတ်မှာလည်းဈေး က ကျဆင်းသွားခဲ့ပါတယ်။ လက်တလောမှာတော့ ပဲတီစိမ်းက အရောင်းအဝယ်နည်းနေတဲ့အတွက် ဈေးကအနည်းငယ်ကျဆင်းသွားခဲ့တာဖြစ်ပြီးတော့ ငွေဈေးအတက်ကြောင့် ကုန်သည်တွေအနေနဲ့ အများအပြား ဝယ်ယူတာမရှိပဲ စောင့်ကြည့်နေတဲ့ အခြေအနေလည်း ဖြစ်နေပါတယ်။
တရုတ်က အများအပြားအဓိက ဝယ်ယူတာဖြစ်တဲ့အတွက် ဈေးကျဆင်းပေမယ့် ယခုထက် ပိုပြီးတော့ ဈေးကျနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေကတော့ ခန့်မှန်းထားပါတယ်။
မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ ပဲတီစိမ်းက တစ်တင်းကို ၂၆၀၀၀၀ ကနေ ၂၇၇၅၀ ကျပ်ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၉၉၅၀ ကျပ်ရှိပြီး ၂၈၅၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၀၀၀ ရှိပြီး ၁၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၉၇၅၀ ရှိပြီး တစ်တင်းကို ၈၅၀ ကျပ်၊ အသီးသီးဈေးကျဆင်းသွားခဲ့ပြိး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၅၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
အိသန္တာအောင်(AMIA)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဒီးစက်လေး အကြောင်းကို ရှင်းပြကြပါအုန်းခင်ဗျ စက်ရှိပြီး မသုံးတက်လို့ပါ
ကိုညိမ်းရွှေ • ဖြေကြားချက် 3 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငှက်ပျောမှာ ဆင်ပိုးကျတာ ဘယ်လိုလုပ်ရမလဲ။
ဒေါ်ညိုညိုစန်း • ဖြေကြားချက် 0 ခု
ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရတယ်ဆိုလို့1လက်မခွဲပိုက်နဲ့ပေ200နီးပါးထိတူးထားတာပါ နွေရာသီမှာ ရေ level က100ကျော်ကျော်လောက်ထိပါ အခုသိရပြန်တာကဓါတ်ဆီအင်ဂျင်+air compressor ကအဆင်မပြေဘူးပြောကြပြန်လို့ ရေမြှုပ်ပန့်အသေးလေးရှာကြည့်ပြန်တာ 1.5လက်မတွင်းအတွက်မရှိဘူးပဲဖြစ်နေလို့ ဘယ်နည်းလမ်းအသုံးပြုလို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာမျှဝေပေးချင်ပါတယ်ဗျ လျှပ်စစ်မီးမရှိ မြေအောက်ရေပဲသုံးလို့ရမယ့်နေရာဖြစ်နေလို့ပါဗျ
Oakkar • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
More from Green Way
အားလုံး
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....