အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာ့ထောပတ်သီးကို ပြည်ပစျေးကွက်များသို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေ

မြန်မာ့ထောပတ်သီးကို ပြည်ပစျေးကွက်များသို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေ

Green Way
Green Way Greenovator 04/10/2019

မြန်မာ့ထောပတ်သီးကို ပြည်ပစျေးကွက်များသို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေ

ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်(GAP)နဲ့ စိုက်ပျိုးထားတဲ့ မြန်မာ့ထောပတ်သီးများကို ပြည်ပစျေးကွက်များကို တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်မြို့နယ်)မှ သိရပါတယ်။

ပိုးမွှားရောဂါကင်းစင်ပြီး စိုက်ပျိုးလျက်ရှိနေတဲ့ မြန်မာ့ထောပတ်သီးများကို ပြည်ပစျေးကွက်များကိုပါ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (ပြင်ဦးလွင်မြို့နယ်)မှ ဥက္ကဌ ဦးမျိုးညွှန့်ကပြောပါတယ်။

“ပိုးမွှားရောဂါတွေ ကင်းစင်အောင်လို့နေရာအနှံ့တော့မလုပ်နိုင်သေးဘူး။ အနိမ့်ဆုံးကောင်းမွန်တဲ့ စိုက်ပျိုးရေး အလေ့အကျင့်(GAP)စနစ်နဲ့ စိုက်ပျိုးဖို့တော့လိုတယ်။ ပြင်ဆင်နေကြပြီ။ (GAP) နဲ့ပတ်သတ်ပြီး သင်တန်းတွေပို့ချနေတယ်။ လက်မှတ်နဲ့ပို့နိုင်အောင်ကြိုးစားနေတာပေါ့” လာမယ့်နှစ် ၂၀၂၁ -၂၀၂၂ခုနှစ်အတွင်း မြန်မာ့ထောပတ်သီးကို ပြည်ပစျေးကွက်များကို တင်ပို့နိုင်ရန် အဆင်သင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ထောပတ်သီးကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနဲ့ဟောင်ကောင်နိုင်ငံများကို တင်ပို့မှုများရှိနေကြောင်းလည်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (ပြင်ဦးလွင်မြို့နယ်)မှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဒူးရင်းနဲ့ကြက်မောက် မြေချစိုက်ထားတဲ့ကာလ 1နှစ်သားကျော်ကျော်နဲ့6လသားတွေအတွက် ကျွေးလို့ရမယ့် ဓါတ်မြေသြဇာနဲ့ ဘယ်နလ1ကြိမ်လောက်ကျွေးရမလဲသိချင်လို့ပါခင်ဗျာ 1နှစ်ကျော်ကျော်အပင်တွေကလည်း ကြီးထွားမှုအရမ်းနှေးကွေးနေလို့လမ်းညွှန် ညွှန်ကြားပေးစေလိုပါတယ်ခင်ဗျာ

Oakkar • ဖြေကြားချက် 1 ခု

စပါးခင်း ယခုလိုပိုးကျတာဘာဆေးဖျန်းသင့်လဲဗျ

zaw winnaing • ဖြေကြားချက် 1 ခု

ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်

စောလှထွန်း • ဖြေကြားချက် 1 ခု

ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ

စောလှထွန်း • ဖြေကြားချက် 1 ခု

ဘီးစပ်ရွက်၊တမာရွက်များကိုထုထောင်းပြီးရလာသောအရေည်ကိုရွှေခရုများကိုနှိမ်နင်းလို့ရနိုင်မလာဗျို့။

U Win Zaw • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။