ကြက်တွေချေးစိမ်းမပါဖို့ အသည်းရောဂါကို ကာကွယ်စို့
အသည်းဟာ အသက်ရှင်မှုအတွက် အလွန်အရေးပါတဲ့ လုပ်ငန်းများစွာကို လုပ်ဆောင်ပေးနေတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။
အစာခြေတဲ့လုပ်ငန်းအတွက် သည်းခြေရည်ထုတ်လုပ်ပေးတယ်။ အူတွေက စုပ်ယူမှုရှိတဲ့ သကြားဓာတ်ပစ္စည်းတွေကို glucose အဖြစ်ပြောင်းပေးတယ်။ ပိုနေတဲ့ glucose ကို glucogen အဖြစ် ပြောင်းလဲပေးပြီး အသည်းနဲ့ ကြွက်သားတွေထဲမှာ သိမ်းဆည်းထားပေးတယ်။ သည်းခြေရည်က အစာမှာပါတဲ့ အဆီနဲ့ အဆီမှာ ပျော်ဝင်တဲ့ Vitamin A,D,E,K တွေကို စုပ်ရလွယ်စေတယ်။ အဲ့ဒီ Vitamin တွေကို အသည်းကပဲ သိုလှောင်ထားပေးတယ်။
အသည်းက အသက်ရှင်မှုအတွက် လိုအပ်တဲ့ အဆီဓာတ် ပစ္စည်းတွေ တည်ဆောက်တာ၊ ဖြိုခွဲခြေဖျက်တာ၊ သိုလှောင်သိမ်းဆည်းတာတွေလုပ်ပေးတယ်။ အသည်းက သွေးကိုခဲစေတဲ့ ဓာတ်ပစ္စည်းတွေထုတ်ပေးတယ်။ အသည်းဟာ သံဓာတ်ကို သိမ်းပေးထားတဲ့ အဓိက အင်္ဂါဖြစ်ပါတယ်။ ဒါတွေက အသည်းက လုပ်ဆောင်ပေးတဲ့ လုပ်ငန်းပေါင်းများစွာထဲက နမူနာတစ်ချို့ပါ။ အသည်းရဲ့ အလုပ်တွေထဲမှာ ကိုယ်တွင်းကို ရောက်လာတဲ့ မှိုဆိပ်အပါအဝင် အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ ကိုယ်တွင်းမှာ ထွက်ပေါ်လာတဲ့ အမိုနီးယားစတဲ့ အဆိပ်အတောက်ပစ္စည်းတွေကို ခြေဖျက်ပေးတဲ့ အလုပ်လည်းပါပါတယ်။ အဆိပ်တွေကြောင့် အသည်းပျက်စီးနိုင်သလို အဆိပ်ကိုခြေဖျက်လို့မနိုင်ရင် သူကိုယ်တိုင်အဆိပ်သင့်ပြီး အသည်းပျက်စီးမှုဖြစ်လာနိုင်ပါတယ်။
အသည်းဟာ စွမ်းဆောင်ရည်အလွန်ကောင်းပါတယ်။ အသည်းမှာ ဟိုတစ်ကွက် ဒီတစ်ကွက် ပျက်စီးမှုတွေတော်တော်များများဖြစ်ခဲ့သည့်တိုင် ပြန်လည်ပြုပြင်တည်ဆောက်နိုင်စွမ်း အလွန်ကောင်းတဲ့အတွက် ကျန်းမာရေးကို ဟန်မပျက် ထိန်းထားပေးနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ကြက်မှာ အသည်းပျက်စီးနေကြောင်း ဖော်ပြတဲ့လက္ခဏာကို ထင်ထင်ရှားရှားတွေ့လာရင် ပျက်စီးမှုဟာ အလွန်ကြီးမားတဲ့အတွက် အသက်ရှင်ဖို့ခက်ခဲသွားပြီဆိုတာ နားလည်ထားရပါလိမ့်မယ်။ ဒီလိုပုံစံနဲ့ ကြက်တချို့သေခဲ့ရင် ကြက်အုပ်ထဲက ကြက်တော်တော်များများမှာလည်း အသည်းထိခိုက်မှုရှိထားပြီပြီလို့ သဘောပေါက်သင့်ပါတယ်။
အသည်းပျက်စီးမှုရှိနေတဲ့ ကြက်တွေမှာ အစာစားပျက်တာ၊ မှိုင်ကုပ်တာ၊ ကိုယ်အလေးချိန်လျော့ကျလာတာ၊ ဝမ်းပျက်တာ၊ ဝမ်းအရည်များများ အကြိမ်များများသွားတာ (ဆီးပိုသွားတာ) အမွေးအတောင် မစိုပြေတာ၊ အသက်ရှုကြပ်တာ စတဲ့ (တခြားရောဂါမှာလည်း တွေ့ရတတ်တဲ့) လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

ကြက်တွေမှာ အစိမ်းရောင်(စိမ်းဝါရောင်) ဝမ်းသွားတာ၊ ဝမ်းဗိုက်ဖောင်းလာတာ၊ ရေဖျဉ်းစွဲတာ၊ သွေးကောင်းကောင်းမခဲတာ၊ နှုတ်သီးတွေ ခြေသည်းတွေပုံမမှန်ဖြစ်လာတာ၊ အမွေးအရောင်ပြောင်းတဲ့ လက္ခဏာတွေ တွေ့ရရင် အသည်းပျက်စီးမှုကြောင့် ဖြစ်မယ်လို့ ပြောနိုင်ပါတယ်။
ဥကြက်မတွေကို စွမ်းအင်ဓာတ်လွန်ကဲတဲ့ အစာတွေကျွေးတဲ့အတွက် အသည်းမှာ အဆီများလွန်းတဲ့ အဆင့်ဖြစ်တတ်ပါတယ်။ အဆီများလွန်းတဲ့ အသည်းဟာ သွေးယိုထွက်မှု၊ ကွဲအက်မှုတွေဖြစ်တဲ့အထိ အသည်းကိုပျက်စီးစေနိုင်ပါတယ်။
အချို့ကူးစက်ရောဂါတွေဟာ ကြက်တွေရဲ့ အသည်းကို တိုက်ရိုက်ဖျက်စီးတတ်ကြတယ်။ Avian adenovirus, Avian Hepatitis E Virus, Avian leukosis virus စတဲ့ ဗိုင်းရပ်စ်တွေဟာ အသည်းကိုအဓိကထားပျက်စီးစေတဲ့ ရောဂါပိုးတွေဖြစ်ပါတယ်။
အချို့ကူးစက်ရောဂါတွေက ကြက်တွေရဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့အတူ အသည်းကိုပါ ထိခိုက်ပျက်စီးမှုရှိစေတဲ့အတွက် တခြားရောဂါ လက္ခဏာတွေနဲ့အတူ အသည်းပျက်စီးတဲ့ လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ ကြက်လည်လိမ်၊ ကြက်ငှက်တုပ်ကွေး စတဲ့ ဗိုင်းရပ်စ်တွေနဲ့ E.coli, Salmonella pullorum, Pasteurella multocida, Erysipelothrix rhusiopathiae, Campy lobacter spp. Ornithobacterium rhinocheale (ORT) စတဲ့ ဘက်တီးရီးယားတွေကြောင့် အသည်းထိခိုက်မှုဖြစ်စေနိုင်ပါတယ်။
အာဟာရဓာတ်မမျှတမှုတွေကြောင့် ဖြစ်စေ၊ အဆိပ်အတောက်တွေကြောင့် ဖြစ်စေ၊ ကူးစက်ရောဂါတွေကြောင့်ဖြစ်စေ၊ အသည်းပျက်စီးမှု ဖြစ်ခဲ့ရင် ကြက်တွေမှာ ချေးစိမ်းပါတာ တွေ့လာခဲ့ရင် လည်လိမ်လို့ ထင်လိုက်ကြမယ့် အစား ချေးစိမ်းပါနိုင်တဲ့ တခြားအကြောင်းအရာတွေကိုပါ ထည့်သွင်းစဉ်းစားကြပြီး အသည်းပျက်စီးမှုကို ကာကွယ်တားဆီးပေးပါလို့ ပြောလိုပါတယ်။
ဒေါက်တာအောင်မြင့်ရေးသားသော ဆန်းသစ်လာသော ကြက်ရောဂါပြဿနာများ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ခွန်ဝေးမောင်း
လွန်ခဲ့သော ၁ နှစ် ကဆေးနည်းလည်း တင်ပြပါအုံးဗျာ
သာထွန်း
လွန်ခဲ့သော ၂ နှစ် ကဆေးနည်းပါ ထည့်ပေးပါလါး
Zaw Lay
လွန်ခဲ့သော ၃ နှစ် ကဆေးနည်းက ပြောလို့မရလို့လား
မောင်ဆမ်း
လွန်ခဲ့သော ၃ နှစ် ကဘယ်လိုကုလို့ရလဲ
ဦးအေးမောင်သိန်း
လွန်ခဲ့သော ၃ နှစ် ကဘာဆေးတိုက်ရပါမလေး
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026