အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစိမ်းရောင်လမ်းရဲ့ ဉာဏ်စမ်းအစီအစဉ်

အစိမ်းရောင်လမ်းရဲ့ ဉာဏ်စမ်းအစီအစဉ်

Green Way
Green Way • 30/08/2024

📢 ဉာဏ်စမ်းအတွက် အဖြေမှန်လေးတိုက်လို့ရပါပြီရှင့် ♥️

👩‍🌾 အဖြေမှန်ကတော့ ရေထုတ်ရမှာပဲ ဖြစ်ပါတယ်နော်

မီးထွန်းထောက်ခြောက်ထွန်းတာမျိုးကိုလည်း ဆက်လက်လုပ်ဆောင်ရမှာပါ

ပထမဦးဆုံး ဖြုတ်ပိုးကျပြီဆိုတာနဲ့ ရေထုတ်ပြီး လေကြောင်းခွဲတာမျိုးကို စတင်လုပ်ဆောင်ရမှာပါ။ ဘာလို့ဆို ဖြုတ်ပိုးတွေက ပူနွေးစွတ်စိုတဲ့ အနေအထားကို ကြိုက်နှစ်သက်ကြတဲ့အတွက် ရေထုတ်ခြင်း၊ လေကြောင်းခွဲခြင်းတွေကို ပြုလုပ်ပြီး ဖြုတ်ပိုးမကြိုက်တဲ့အခြေအနေတစ်ခုကို ဖန်တီးပေးရမှာဖြစ်ပါတယ်ရှင့်

ဆိုတော့ ဘယ်သူတွေမှန်ကြလဲနော် ပြောပြပေးသွားကြပါဦး

အခုလိုဗဟုသုတကို မင်မင်ဘယ်က သိလဲဆို အစိမ်းရောင်လမ်းက ဆောင်းပါးတွေ ဖတ်ကြည့်ရင်းနဲ့ သိတာပါနော်

ဗဟုသုတရဖွယ်ဆောင်းပါးတွေ ဖတ်ရှုဖို့ ဘာမှမလိုပါဘူး အစိမ်းရောင်လမ်းဆော့ဝဲလေးပါ လိုတာပါရှင့်. 👉📲

You

ဆက်စပ်မေးခွန်းများ

ပေါ်ဆန်း140/145မျိုး ပျိုးတစ်လနှုတ်ပြီး စိုက်ခင်းပြောင်းရွှေ့စိုက်ထားပါတယ်။ကာစူဂါမိုင်စင်မှိုသတ်ဆေးနဲ့ ကာတက်ပါသောဆေး နှစ်ကြိမ်၊ကာစူဂါမိုင်စင် သီးသန့်တစ်ကြိမ်။ရိန်းဘိုးကုမ္ပဏီက စစ်သူကြီး တစ်ကြိမ်၊ဒီနေ့ ဩဘာက ဖိုင်းရာ50ccထည့်ပြီး ဖျန်းခဲ့ပြီး၊ပိုတက် ကျောက်မှုန့်နဲ့ ပုလဲပါးပါး ကျွေးထားထယ်။ဘာဆက်ဆောင်ရွက်သင့်လညါး အောက်ရွက်နည်းနည်း ခြောက်လို့ပါဗျ။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 0 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

အရွက်တွေကွက်ကြားခြောက်ပြီးတစ်နေ့ထက်တစ်နေပိုပိုခြောက်တယ့်အကျယ်အဝန်းကများလာလို့ဆရာ/စပါးကမင်းဧရာပါ

Zaw Than Oo • ဖြေကြားချက် 1 ခု

ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ

Aung Myo Oo • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။