ကာလကပ်ရောဂါအနေနဲ့ကျရောက်တတ်တဲ့ မာလကာ‌မှဲ့ပြောက်စွန်းရောဂါ

19/10/2021 11:30 AM တွင် Nyan Thant Zin Nyan Thant Zin မှ ရေးသား

ဖျက်စီးမှုလက္ခဏာများ

    ရောဂါသည် အပင်၏နုနယ်သောအပိုင်းများဖြစ်သော ရွက်နုများ၊ အညွန့်များ၊ ပန်းပွင့်များနှင့်အသီးကင်းများကို အများဆုံးတိုက်ခိုက်ပါသည်။ မှဲ့ပြောက်စွန်းရောဂါ ကျရောက်ပါက ပျက်စီးမှုလက္ခဏာများကို အဓိကအားဖြင့် အဆင့်နှစ်ဆင့်ဖြင့်တွေ့မြင်ရပါသည်။

ကိုင်းဖျားခြောက်သောအဆင့်

    ရွက်နုများ၊ အညွန့်များ၊ သီးကင်းများကိုတိုက်ခိုက်ခံရပြီးနောက် အပင်သည် ကိုင်း၏ထိပ်မှတဖြည်းဖြည်းခြောက်လာပါသည်။ ထိပ်ဘက်အပိုင်းသည် အစိမ်းရောင်မှ အညိုရင့်ရောင်သို့တဖြည်းဖြည်းပြောင်းလဲလာပါသည်။ ထိုမှတစ်ဆင့် အမဲရောင်အနာကွက်များဖြစ်ပေါ်လာပြီး ကိုင်းဖျားခြောက်ရောဂါ ဖြစ်ပေါ်လာပါသည်။ သီးကင်းများလည်း ငိုက်ကျလာပြီး နောက်ပိုင်းတွင် ခြောက်သွားပါသည်။ ဤအဆင့်ကို ဩဂုတ်မှ စက်တင်ဘာလအတွင်းတွင် ကာလကပ်ရောဂါအနေဖြင့် တွေ့မြင်ရတတ်ပါသည်။

အသီးနှင့်အရွက်များ တိုက်ခိုက်ခံရသောအဆင့်

    ဤအဆင့်ကိုမူ မိုးတွင်းတွင်သီးတတ်‌သော မာလကာမျိုးများတွင် အတွေ့ရများပါသည်။ မရင့်မှည့်သေးသော အသီးများပေါ်တွင် ပင်အပ်ခေါင်းပုံအစက်အပြောက်လေးများ ရှေးဦးစွာဖြစ်ပေါ်လာတတ်ပါသည်။ ထို့နောက် အစက်အပြောက်များသည် တဖြည်းဖြည်းကြီးလာပြီး အညိုရင့်ရောင်မှ အမဲရောင်ရှိသော စက်ဝိုင်းပုံနေလောင်ကွက်များ ဖြစ်ပေါ်လာပါသည်။ အနာကွက်၏အလယ်တွင် သေးငယ်သောအမဲရောင်မှိုမျှင်များကို တွေ့ရတတ်ပါသည်။ ၎င်းမှိုမျှင်များသည် စိုစွတ်သောအချိန်တွင် နို့နှစ်ရောင်စပိုးမှုန်များကို ထုတ်ပါသည်။ ရောဂါကျရောက်သောအသီးများလည်း မာကျောလာပြီး ဖော့ကဲ့သို့ဖြစ်သွားတတ်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

    ကောင်းမွန်စွာစီမံစိုက်ပျိုးပါက ရောဂါတိုက်ခိုက်ခံရမှုမှ ကင်းဝေးစေပါသည်။ ခံနိုင်ရည်ရှိမျိုးများအသုံးပြုပေးရပါမည်။ ရောဂါကျနေသောကိုင်းများကို ဖြတ်တောက်ပေးရပါမည်။ ရွက်ကြွေများနှင့် ရောဂါကျနေသောအသီးများကိုမီးရှို့ပေးရပါမည်။

- ကော့ပါးအောက်စီကလိုရိုဒ် Copper oxichloride 50% WP 4 gm/L

- Captan 75% WS 2.5 gm/L

- မန်ကိုဇက် Mancozeb 75% WP 2.5gm/L နှုန်းထားဖြင့် ပက်ဖျန်းပေးရပါမည်။

Reference : http://matirkatha.net/anthracnose-of-guava/


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်