ဒေသကြက် မီးကိုင်ခြင်း

06/12/2021 13:45 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ကြက်မီးကိုင်ခြင်းအတွက် အဓိကအချက် ၅ ချက် လိုအပ်ပါသည်။ ၄င်းတို့မှာ-

၁။ လိုအပ်တဲ့ အပူချိန်

၂။ လေကောင်းလေသန့် (Oxygen)

၃။ အလင်းရောင်

၄။ အစာ

၅။ သန့်ရှင်းသော သောက်ရေတို့ လိုအပ်ပါသည်။ 

    ကြက်ပေါက်ကလေးများ မီးကိုင်ရာတွင် အကျယ်အဝန်း အလျား ၃ ပေ၊ အနံ ၂ ပေ အတွင်းတွင်  ကြက်ပေါက်ကလေး အကောင် ၂၀ မှ ၃၀ အထိ  ၃ ပတ် မှ ၄ ပတ် အတွင်း ထားနိုင်ပါသည်။

    မီးကိုင်ခန်းတွင်း ကြက်ပေါက်ကလေးများအတွက် အခင်းကို စပါးခွံ သို့မဟုတ် လွှစာမှုန့်ခင်းပေးနိုင်ပါသည်။ ကြက်ပေါက်ကလေး ၃ ရက် မှ ၅ ရက်သားအတွင်းတွင် စပါးခွံအပေါ် မှ သတင်းစာစက္ကူ  ခံပေးသင့်ပါသည်။

    လျှပ်စစ်အပူချိန်သည် အနီးစပ်ဆုံး ကြက်ပေါက်ကလေးတစ်ကောင်အတွက် ၁ ဝပ် ဖြစ်ပါသည်။ ဥပမာအားဖြင့်  ၄၀ ဝပ် မီးလုံးတစ်လုံးသည် ကြက်ပေါက်ကလေး ၄၀ ကောင်အား မီးကိုင်နိုင်ပါသည်။

နေ့စဉ်ပေးရမည့်အပူချိန် 

    ဒေသကြက်မီးကိုင်စဉ် နေ့စဉ်ပေးရမည့်အပူချိန်မှာ-

၁ ရက်မှ ၃ ရက်   = ၃၅ ဒီဂရီ စင်တီဂရိတ် 

၄ ရက်မှ ၇ ရက်    = ၃၃ ဒီဂရီ စင်တီဂရိတ်

၈ ရက်မှ ၁၄ ရက် = ၃၁ ဒီဂရီ စင်တီဂရိတ်

၁၅ ရက်မှ ၂၁ ရက် = ၂၉ ဒီဂရီ စင်တီဂရိတ်

၂၂ ရက်မှ ၂၈ ရက် = ၂၇ ဒီဂရီ စင်တီဂရိတ်

၂၉ ရက်မှ ၃၅ ရက် = ၂၄ ဒီဂရီ စင်တီဂရိတ်

၃၆ ရက်မှ ၄၂ ရက် = ၂၃ ဒီဂရီ စင်တီဂရိတ်တို့ ရှိရပါမည်။ 

     မီးကိုင်နေစဉ် စိုထိုင်းဆမှာ ၄၀ မှ ၇၀ အတွင်း ဖြစ်သင့်ပါသည်။ အကောင်းဆုံး စိုထိုင်းဆမှာ ၆၀ ဖြစ်ပါသည်။

မှီငြမ်း-အေဘယ် ဒေသကြက်မွေးမြူရေးခြံ။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်