COVID-19 ကာလမှာ ပုံမှန်မဟုတ်ဘဲ ဆန်းသစ်သော အတွေးအခေါ်များဖြင့် အလုပ်အကိုင်ရှာဖို့ စဉ်းစားသင့်တဲ့ အချက် ၆ ချက်။

01/07/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

COVID-19 ဖြတ်သန်းချိန်နဲ့ ပြီးဆုံးချိန်အတွင်းကာလမှာ အလုပ်အကိုင်တွေ စီးပွားရေးစျေးကွက်တွေမှာ အကြီးအကျယ်ထိခိုက်ပျက်စီးမှု ရှိပါလိမ့်မည်။ အများစုမျှော်လင့်ထားတဲ့အတိုင်း ကြာကြာပိတ်ဆို့ထားလေ သန်းပေါင်းများစွာသော အလုပ်အကိုင်အများအပြားဆုံးရှုံးမှုတွေ ပေါ်လာမှာပါ။ အခုအချိန်မှာလဲ ကျွန်တော်တို့ တွေ့မြင်ပြီးပါပြီ။ လုပ်ငန်းအတော်များများဟာ နောင်လာမည့်လနဲ့နှစ်များမှာ ခက်ခဲစွာရပ်တည်ရှင်သန်ကြရမှာပါ။

သင်ဟာ ယနေ့အထိအလုပ်လက်ကိုင်ရှိနေသေးရင် ကံကောင်းနေတယ်လို့ ယူဆလို့ ရပါတယ်။ ဒါပေမယ့် ဒီအလုပ်ကဆက်ပြီး လုံခြုံစိတ်ချရမယ်လို့ ပေါ့ပေါ့ဆဆမတွေးပါနဲ့။ သင့်အနေနဲ့ နောက်လာမယ့်လတွေမှာ သင့်ရဲ့ လစာဖြတ်ခံရရင် အလုပ်အကိုင်ဆုံးရှုံးခဲ့ရင်် အသက်မွေးဝမ်းကျောင်းမှု လုံခြုံစိတ်ချရဖို့နဲ့ ရေရှည်ရပ်တည်နိုင်ဖို့ကို စိုးရိမ်ပူပန်နေပါက အခု စတင်ပြီးအစီအစဥ်ကြိုဆွဲထားဖို့ လိုပါတယ်။ မဖြုတ်နိုင်လောက်ပါဘူးလို့ မထင်မြင်ပါနဲ့။ အလုပ်ထုတ်ခံရမှ အလုပ်ရှာမယ်ဆိုပြီး မလုပ်ပါနဲ့။ တကယ်ဒုက္ခရောက်ပြီး အန္တရယ်ကျရောက်လာမယ့်အချိန်ကို ထိုင်စောင့်နေလို့မရပါဘူး။ ဒီအချိန်မှာအလုပ်ခေါ်နေတဲ့သူ အလွန်ရှားပါးပါတယ်။ အရင်ကလောက်လည်း လစာရချင်မှ ရနိုင်ပါလိမ့်မယ်။ အလုပ်လိုအပ်နေသူတွေ အရမ်းများနေပါတယ်။ 

အလုပ်ရှာနေသူတွေ အလုပ်ဖြုတ်တဲ့အထဲမပါချင်သူတွေ အလုပ်အသစ်ကို စိတ်ဝင်စားသူတွေအားလုံး လက်ရှိဘယ်လိုအခြေအနေပဲရှိနေပါစေ ဆန်းသစ်သောအတွေးအခေါ်များဖြင့် သင့်ရဲ့ အလုပ်အကိုင်အသက်မွေးဝမ်း ကျောင်း အရှိန်အဟုန်တိုးတတ်မှုကိုလည်း ဆက်လက်ထိန်းသိမ်းလုပ်လို့ရတဲ့ အချက် ၆ ချက်ကိုလေ့လာကြိုးစားကြည့်လိုက်ပါ။

၁။ လက်ရှိအလုပ်အတွင်းမှာပဲဖြစ်ဖြစ် အလုပ်အသစ်အတွက်ပဲဖြစ်ဖြစ် သင့်ကိုယ်သင်မရှိမဖြစ်လိုအပ်သူဖြစ်အောင်လုပ်ပါ။

ကုမ္ပဏီ စီမံခန့်ခွဲသူစီးပွားရေးပိုင်ရှင်တွေအနေနဲ့ ပြန်လည်လည်ပတ်အောင်ဆောင်ရွက်တဲ့အခါမှာ ဝန်ထမ်းအသစ်ခေါ်ယူမှု ရပ်တန့်ခြင်းနဲ့ ဝန်ထမ်း အင်အား လျှော့ချခြင်းဟာ စီးပွားရေး အလားအလာအခြေအနေအရ ဖြစ်တဲ့အတွက် မည့်သည့် ရှင်းလင်းချက်မှလုပ်မှာမဟုတ်ပါဘူး။ ဒါဟာကျိူးကြောင်းသင့်လျော်ပါတယ်။ 

သင်ဟာ အလုပ်မရှိတော့တဲ့သူဆိုရင် သင့်အနေနဲ့ အကြာကြီး အလုပ်မရှိဘဲ အလုပ်ရဖို့ကို ထိုင်စောင့်နေချင်မှာမဟုတ်ပါဘူး။ ပထမအတိုင်းအတာကာလတစ်ခုအတွင်းမှာတော့ ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် ဝန်ထမ်းတစ်ဦးအနေဖြင့် သင့်အလုပ်ရပ်နားသွားရတယ်ဆိုတာကို အားလုံးနားလည်မှာပါ။ တစ်လပြီးတစ်လကုန်သွားချိန်မှာတော့ ဝန်ထမ်းခေါ်တဲ့ မန်နေဂျာတွေက “တခြားသူတွေကို ပြန်ပြီးအလုပ်ခေါ်တဲ့ အခါမှာသင်ဘာကြောင့်မပါသွားတာလဲ" ဆိုပြီး မေးခွန်းထုတ်တော့မှာပါ။ အချိန်ပိုကြာလာလေသူတို့တွေက စတင်ပြီး သင့်ရဲ့ အရည်အချင်းကို သံသယဝင်ပါပြီ။ အလုပ်ရှာရတဲ့ စျေးကွက်မှာ တခြားသောသူတွေအများကြီး ရှိနေကတည်းက သူတို့အနေနဲ့ တခြားသော သူတွေကိုလည်းရှာနိုင်ပြီး သင်ဟာ ပြီးခဲ့တဲ့လတွေမှာ ဘာမှမလုပ်ခဲ့ဘူးဆိုတာကို သူတို့မြင်လာနိုင်ပါတယ်။ အင်တိုက်အား တိုက်နဲ့အလုပ်ရှာဖွေပါ။ အလုပ်ရာဇဝင်ကိုယ်ရေးမှတ်တမ်းအကျဥ်းကို သေချာပြန်ရေးသားပါ။ အသိအသိုင်းအဝိုင်းအတွင်းမှာ အလုပ်နဲ့ပတ်သက်တဲ့သတင်းတွေကို အမြဲမျက်စိဖွင့်နားစွင့်ပါ။

သင့်အနေနဲ့ ဒီအလုပ်မှာ လိုအပ်တဲ့အတွက်ဆက်နေပါလို့ အရွေးခံရတဲ့ သူဖြစ်ချင်ရင် အခုကစပြီး သင့်ကိုယ်သင် မရှိမဖြစ် အရေးပါတဲ့သူဖြစ်အောင်လုပ်ပါ။ သင့်ရဲ့ သူဌေး နှင့် အခြားသောခေါင်းဆောင်တွေ ကုမ္ပဏီမှာ သူတို့ ဘယ်အရာတွေမှာအောင်မြင်ဖို့လိုနေသလဲ သူတို့ လုပ်ငန်းတွေအဆင်ပြေချောမွေ့အောင် သင့်အနေနဲ့ ဘာလုပ်ပေးနိုင်မလဲဆိုတာသိနိုင်ဖို့အတွက် သူတို့နဲ့ အမြဲတမ်းနီးစပ်မှု ရှိအောင်နေပါ။ သူတို့အရင်မခိုင်းခင် ဘာလုပ်ပေးရမလဲမေးပါ။ ဘာတွေဖြစ်စေချင်နေလဲ အရင်အကွက်မြင်တတ်ဖို့ကြီုးစားပါ။ သင့်အရည်အချင်းကို အသုံးချပြီး လုပ်နိုင်တာမှန်သမျှ အကျိုးရှိစွာနဲ့ ပြီးဆုံးအောင်လုပ်ပါ။ ပြဿနာတစ်ခုခုဖြစ်လာရင်လည်း ရှေ့ဆုံးကနေ တာဝန်ယူပြီးဖြေရှင်းမယ့်သူတစ်ယောက်ဖြစ်ပါစေ။ သင့်ဟာ တိကျပြတ်သားစွာလုပ်တတ်တဲ့သူဖြစ်ပြီး အလုပ်တွေကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်တဲ့သူမှန်းသိအောင်အစွမ်းပြပါ။  

၂။ အချိန်ပြည့်အလုပ်ရှာမတွေ့ရင်တောင်မှ ကန်ထရိုက်တာအလွတ်တန်းအလုပ်တွေ နေ့ရက်

လနဲ့ပဲကြာတဲ့ ပရောဂျက်တွေလုပ်ကြည့်ပါ။ 

ကိုယ်ကြိုက်တဲ့အချိန်ပြည့်အလုပ်မတွေ့သေးလို့ဆိုပြီး ဘာမှဝင်ငွေမရဘဲမနေပါနဲ့။ ခဏတာ (သို့မဟုတ်) အလယ်အလတ် အချိန်တခုထိ တာဝန်ယူပေးရမယ့် ယာယီတာဝန်ခံ အလုပ်တွေကတော့ရှိနိုင်ပါတယ်။ အခုမသေချာဇဝေဇဝါဖြစ်နေတဲ့အချိန်တွေမှာ ကုမ္ပဏီအနေနဲ့ အချိန်ပြည့်ယာယီဝန်ထမ်းတွေခန့်မှာထက် စာချုပ်နဲ့ကာလတို ဝန်ထမ်းတွေကို ခေါ်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ အချိန်တိုဝန်ထမ်းတွေအတွက် ကုမ္ပဏီအနေနဲ့စွန့်စားရတာ တာဝန်ယူရတာတွေတော့နည်းပါတယ်။ စီမံခန့်ခွဲအုပ်ချုပ်ရတဲ့သူတွေအနေနဲ့အခြေအနေတွေ ဘယ်လိုပြောင်းလဲကုန်မလဲ နှင့် နောက်ဆုံးပြောင်းလဲဖို့ လိုအပ်တဲ့အရာက ဘာဖြစ်မလဲဆိုတာ သိရှိဖို့ အချိန်ယူရပါတယ်။ အဲလိုယာယီအလုပ်တွေကနေလဲပုံမှန်လစာဝန်ထမ်းအဆင့်ထဲရောက်သွားနိုင်သလို အသိမိတ်ဆွေအပေါင်းအသင်းအသိုင်းအဝိုင်းကျယ်ပြန့်လာနိုင်ပါတယ်။ နည်းပညာအတွေ့အကြုံအသိအမြင်အသစ်တွေပိုရလာမှာပါ။ ဒီအချိတ်အဆက်တွေကနေလဲအလုပ်ရှာတွေ့လာနိူင်ပါတယ်။

၃။ သင့်ကိုသင်အဓိကအသက်မွေးဝမ်းကျောင်းပြောင်းလဲကြည့်ပါ။ သို့မဟုတ်နည်းပညာအရည်အသွေးထူးချွန်တာရှိရှင် ဆန်းသစ်တီထွင်လိုက်ကြည့်ပါ။   

သင့်ရဲ့ အလုပ်အကိုင်လမ်းကျောင်းရဲ့စီးပွားရေးကဏ္ဍဟာ နှစ်ကြာရှေစွာနဲ့ထိခိုက်တော့မယ်။ ဥပမာ ဟိုတယ်လ် ခရီးသွားလုပ်ငန်းဟာ ပကတိပျက်စီးသွားပြီဆိုရင်တော့ သင့်အနေနဲ့ သင့်ကိုသင်ပြန်ပြီးပြုပြင် ဆန်းသစ်ဖို့နဲ့ အလုပ်သစ်ရှာဖို့ကို စဉ်းစားသင့်ပါပြီ။ တစ်ခါတစ်ရံမှာခေတ်စားနေတဲ့ အလုပ်အကိုင်တွေဟာ ရပ်တန့်သွားတတ်ပါတယ်။ အဆိုပါအခွင့်အလမ်းတွေရပ်တန့်သွားတဲ့အခါ သင့်အနေနဲ့ မတူညီတဲ့တခြားအရာကို ရွှေ့ပြောင်းလုပ်ကိုင်ဖို့လိုပါတယ်။ အထူးသဖြင့် သင်ကဒီအလုပ်ကို စဝင်လုပ်တာမကြာသေးဘူးဆိုရင် ဒီအချိန်ကိုအသုံးချပြီး နောက်တလမ်းကိုသွားဖို့အတွက် ဖြစ်နိုင်တဲ့  ဒုတိယအစီအစဉ်ကိုစတင်ဆွဲပါ။  အသက်မွေးဝမ်းကျောင်း အမျိုးအစားအသစ်တစ်ခုအတွက် သင့်အနေနဲ့ သင်ယူလေ့လာဖို့လိုနိုင်ပါတယ်။ အသိအမှတ်ပြုလက်မှတ်ရရှိရန် (သို့မဟုတ်) အောက်ခြေကနေ အလုပ်တခုကိုစလုပ်ကြည့်ပါ။ ပြီးရင်နေရာဒေသ နယ်ပယ်အသစ်မှာ အရာအားလုံးကို အသစ်အနေနဲ့စတင်ကြည့်ပါ။ ပြောင်းလဲမှုလုပ်ရပုံက နည်းနည်းတော့ မတူညီပါဘူး။ သင့်ရဲ့ကျွမ်းကျင်တဲ့အရာ၊ အတွေ့အကြုံ နှင့် သိပြီးသားဗဟုသုတတွေက တခြားအလုပ်အကိုင် တခုမှာရောဘယ်လိုအသုံးဝင်မလဲဆိုတဲ့နည်းကို ရှာဖွေရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ငွေရေးကြေးရေး အနည်းငယ်တော့ လျော့နည်းသွားနိုင်ပေမဲ့ သင့်ကိုသင် ပြန်တည်ဆောက်နိုင်သလို အလုပ်အကိုင် မြန်ဆန်စွာတတ်မြောက်ဖို့အတွက် အချိန်တစ်ခုတော့လိုပါတယ်။ ငွေရေးကြေးရေးအကျပ်အတည်း ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ ဒီလိုဆုံးရှုံးမှုများကို ဖြေရှင်းနိုင်အောင် နည်းပညာကို အကောင်အထည်ဖော်ကြပါ။

၄။ နေရာသစ်မှာ သင့်အနေနဲ့ ပြောင်းရွှေ့လုပ်ကိုင်ဖို့ လိုအပ်နိုင်ပါတယ်။

သင့်အနေနဲ့ စိတ်အစွဲအလမ်းမထားဘဲ သင့်ဘဝအတွက်လိုအပ်တာ ညှိနှိုင်းပြီးလုပ်ဖို့ လိုအပ်ပါတယ်။ သင့်ကို ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေကို ကမ်းလှမ်းနိုင်တဲ့ မြို့ကြီးတွေနှင့် မြို့နယ်တွေရှိပါတယ်။ သင့်ဟာရေကန်အသေးလေးတခုမှာဘဲ ငါးဆက်မျှားနေမယ်ဆိုရင် ပင်လယ်သမုဒ္ဒရာ ကြီးတစ်ခုလုံးကို လွတ်သွားနိုင်ပါတယ်။ သင့်နဲ့သက်ဆိုင်တာတွေကို ထုတ်ပိုးပြီး သင့်မိသားစုကိုထားခဲ့ပြီး တခြားမြို့မှာ အခြေချဖို့ဆိုတာ သိပ်တော့မလွယ်ကူပါဘူး။ ဒါပေမဲ့ သင်စဉ်းစားရမှာက ဆက်နေရင်ရော သင့်အသက်မွေးဝမ်းကျောင်းအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရနိုင်မလားနဲ့ သင့်ဘဝတိုးတတ်နိုင်မလားဆိုတာကိုပါ။ အခက်အခဲတွေရှိနိုင်ပေမယ့် ဦး စားပေးသင့်တာတွေကို ရွေးချယ်ပါ။

၅။ အိမ်ကနေလုပ်လို့ရတဲ့ အလုပ်အကိုင်တွေ တွင်ကျယ်လာပါလိမ့်မယ်။ 

COVID-19 ရဲ့ ကောင်းမွန်တဲ့အကျိုးဆက်တခုက ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေဟာ အိမ်ကနေလည်း အလုပ်လုပ်နိုင်ကြတယ်ဆိုတာကို အသိအမှတ်ပြုလာကြတာပါ။ ကုမ္ပဏီရဲ့ ငွေကြေးစီမံခန့်ခွဲသူဟာ အနာဂတ်ရဲ့ စျေးခေါင်ခိုက်လာတဲ့ အခန်းငှားခစရိတ်တွေကို ချွေတာနိုင်တယ်ဆိုတာ နားလည်လာကြပါတယ်။ HR ဌာနက အကြီးအကဲတွေဟာဆိုရင်လည်း အမြဲပျော်ရွှင်နေတဲ့ ဝန်ထမ်းတွေဟာ ဝေးဝေးလံလံ နဲ့ တစ်နာရီလောက်လူပြည့်ကြပ်နေတဲ့ ဘတ်စ်ကားတိုးစီးပြီးလာရတဲ့ အခြေအနေကို နားလည်လာကြပါတယ်။ အိမ်ကနေ အလုပ်လုပ်လို့ရတဲ့ အလုပ်အကိုင်တွေကို စတင်ရှာဖွေကြည့်ပါ။ တကယ်လို့ အလုပ်ခေါ်တဲ့ကုမ္ပဏီက အလုပ်ခေါ်စာမှာ မရေးထားရင်တော့ သူတို့ကိုမေးမြန်းပါ။ ကိုယ်မလုပ်ဖူးတဲ့အလုပ်မနည်းစပ်တဲ့အလုပ်တွေဆိုရင်လည်း ကြိုးစားလုပ်ဆောင်ကြည့်ပါ။ လုပ်တတ်အောင်လုပ်မယ်လို့တွေးပါ။ ငွေဝင်ဖို့အရေးကြီးရင် လိုအပ်တာဆုံးဖြတ်ပါ။ အလုပ်အချိန်များလို့ ဖုန်းဆက်ရတာမကြိုက်လို့ စရင်းကိုင်မလုပ်ချင်လို့ ဆိုပြီးငြင်းသင့်တဲ့အချိန်မဟုက်ပါဘူး။ သင့်အနေနဲ့ မေးလိုက်လို့ ဘယ်အရာမှ ဆုံးရှုံးစရာမရှိပါဘူး။ ရှက်လို့အားနာလို့ မပြောတတ်လို့ဆိုပြီး ဆင်ခြေမလုပ်ပါနဲ့။ ညအချိန်တွေ စနေတနင်္ဂနွေတွေအချိန်မျိုးတွေမှာ အလုပ်ဆင်းပေးဖို့ ကြိုဆိုလိုက်ပါ။ သူများမလုပ်ချင်တာတွေလုပ်ပေးလိုက်ပါ။ အလုပ်ပိုရှာဖို့ လွယ်ပါလိမ့်မယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် အတွေ့အကြုံရတယ်လို့မှတ်လိုက်ပါ။

၆။ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု စတင်ပါ။

သင့်မှာ စွန့်ဦးတီထွင်ချင်စိတ်ရှိတယ်ဆို သင်လည်း အလုပ်အကိုင် ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်အနေနဲ့  ကိုယ်ပိုင်လုပ်ငန်းတခု စတင်တည်ထောင်နိုင်ပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတခု ကိုယ်တိုင်စတင်တည်ထောင်သူအဖြစ်နဲ့ ရပ်တည်ပြီး အခွင့်အလမ်းသစ်တွေကိုကြိုဆိုပါ။ သင့်အနေနဲ့  အရင်က ငွေကြေးစရင်းတွက်ချက်တာလုပ်နိုင်ရင် ဝန်ထမ်းတွေအပေါ် အကြံဉာဏ် ၊ လမ်းညွှန်မှု နှင့် ဆွေးနွေးတိုင်ပင်ခံလုပ်ခဲ့ခြင်းတွေကို စီးပွားရေးလုပ်ငန်းတခုအနေနဲ့ ကမ်းလှမ်းနိုင်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထပ်မံခန့်အပ်ထားစရာမလိုပါဘူး။ အဲ့အရည် အချင်းနဲ့ လုပ်ငန်းစတင်ကြည့်ပါ ပြီးရင် ဝင်ငွေရအောင် လုပ်ကြည့်ပါ။ အွန်လိုင်းကနေ ထမင်းဟင်းချက်ရောင်းမလား။ ပန်းချီဆွဲပြီးပုံရောင်းစားမှာလား။ အပြင်ထွက်ပြီး ဒီလီဘာရီပို့ပေးမလား။ ဝင်ငွေနဲ့အတွေ့အကြုံတွေ အမြဲတိုးတတ်အောင်လုပ်ပါ။ 

အရေးအကြီးဆုံးကတော့ စိတ်ဓါတ်ကျပြီး ငုတ်တုပ်ထိုင်စောင့်မနေဖို့ပါပဲ။ အကောင်းဆုံးကိုမျှော်လင့်ချက်ထားပြီး အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ပါ။ အလုပ်ထုတ်ခံရတော့မှ ငိုယိုပြီးစိတ်မပျက်နေပါနဲ့။ အလုပ်အခြေအနေမခိုင်မာဘူးလို့ထင်ရင် အသိုင်းအဝိုင်းအသိမိတ်ဆွေသူငယ်ချင်းတွေဆီကတစ်ဆင့် ကြိုတင်ပြင်ဆင်ရှာဖွေကမ်းလမ်းမှုလုပ်ပါ။ အလုပ်ဖိတ်ခေါ်စာလျှောက်လွှာတွေ့မှအလုပ်ရှာမယ့်အစား ကိုယ့်ဘက်ကပထမခြေလှမ်းကိုယူပါ။ ကမ္ဘာပေါ်မှာဗိုင်းရပ်စ်တွေ့တာ ၆ လကျော်နေပါပြီ။ မြန်မာပြည်မှာလဲ မကြာခင် ၃ လပြည့်ပါတော့မယ်။ အလုပ်ရှိနေသေးရင် ဘယ်လိုတွေပြင်ဆင်ပြီးပြီလဲ။ အလုပ်မရှိတော့တဲ့သူတွေ ဘာတွေဆက်လုပ်ဖို့ကြံစည်ထားကြပြီလဲ။ ဘယ်လိုဖြစ်မယ်မှန်းအသိဘူးဆိုပြီး ဖြစ်ပျက်လာမှပြန်တုံ့ပြန်ဖို့မလုပ်ပါနဲ့။ နောက်ကျသွားပါလိမ့်မယ်။ အချိန်နှင့်ဒီရေသည် မည်သူမျှမစောင့်ပါ။ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြပါ။ ကိုယ့်အတွက်ဘာလုပ်ဖို့လိုအပ်​နေပြီလဲ။ လိုတာတွေအမြန်ဆုံးရယူဖို့ ပြည့်စုံဖို့အကောင်းမွန်ဆုံး အားထည့်ကြပါစို့။

Mother Finance

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်