ရိုးရာနည်းဖြင့် နွားနို့ခဲပြုလုပ်ခြင်း

29/04/2020 15:00 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

(၁) မရိုးပင်၊ မရိုးကိုင်း၊ မရိုးရွက်တို့ကို အသုံးပြု၍ နို့ခဲပြုလုပ်ခြင်း (မြန်မာ့ရိုးရာနည်း)

- မရိုးပင်မှ အကိုင်း၊ အရွက်တို့ကိုခူးပြီး ရေဖြင့် သေချာဆေးပါ။ အကိုင်း၊ အရွက်တို့ကို ချိုးပြီး ထွက်လာသောအဖြူရောင်အစေးဖြင့် နွားနို့ထည့်မည့်အိုးကို သုတ်လိမ်းပါ။ အကိုင်း၊ အရွက်အချို့ကို ထုထောင်းပြီးထည့်ပါ။ နွားနို့ ၁ ပိဿာအတွက် ၁ ကိုင်းခန့်သုံးပေးပါ။

- ထို့နောက် နွားနို့အစိမ်းနှင့် ကောင်းစွာရောစပ်ပြီး မွှေပါ။ မီးဖိုပေါ်တွင် ဆူအောင်တည်ပါ။

- နွားနို့များ အစိမ်းရောင်အရည်နှင့် အဖြူရောင်နို့ခဲများ ကွဲထွက်လာပါက မီးပိတ်ပါ။ အဝတ်သန့်သန့်ဖြင့် နာရီဝက်ခန့်စစ်ထားပါ။

 

(၂) သံပရာရည် သို့မဟုတ် ရှာလကာရည်ဖြင့် နို့ခဲပြုလုပ်ခြင်း

- နွားနို့ကို ဆူအောင်တည်ပြီး အိုးမကပ်အောင်မွှေပေးပါ။

- နွားနို့ဆူပွက်လာပါက သံပရာရည် သို့မဟုတ် ရှာလကာရည်ကို ထည့်ပြီးမွှေပေးပါ။ နွားနို့ ၁ ပိဿာအတွက် လက်ဖက်စားဇွန်း ၁ ဇွန်းစာထည့်ပါ။

- နွားနို့များ ကွဲထွက်လာပါက မီးပိတ်ပြီး ၅ မိနစ်ခန့်ထားပါ။

- အဝတ်သန့်သန့်ဖြင့် စစ်ယူပြီး ရေသန့်ထည့်ထားသော ဇလုံတွင်နှစ်ပြီး ၃ - ၄ ကြိမ်ခန့်ဆေးပါ။ (အချဉ်အနံ့နှင် အရသာပျောက်စေရန် ဖြစ်ပါသည်။) ထို့နောက် နာရီဝက်ခန့် ရေစစ်ထားပါ။

? ရေစစ်ပြီးပါက အဝတ်ဖြင့်တင်းကျပ်စွာ ညှစ်ပြီး ထုပ်ပါ။ အပေါ်မှ အလေးဖြင့် ၂ နာရီခန့် ဖိထားပါ။ ရေအားလုံးထွက်သွားပြီး နွားနို့ခဲရပါပြီ။

? ရေခဲသေတ္တာတွင် ၁ ပတ်ခန့် သိမ်းထားနိုင်ပါသည်။ လေထုတ်ထားသောအိတ် သို့မဟုတ်  ဗူးတွင်ထည့်ပြီး အေးခဲအခန်းတွင် ထားပါက ၁ လထက်ပို၍ အထားခံနိုင်ပါသည်။

?နွားနို့ခဲသည် ခန္ဓာကိုယ်အတွက် လိုအပ်သော အသားဓာတ်(ပရိုတင်း)၊ ကယ်လ်ဆီယမ်ဓာတ်၊ ဗိုက်တာမင် အေ၊ ဗိုက်တာမင် ဒီ၊ အဆီဓာတ် အစရှိသော အာဟာရဓာတ်များပါဝင်ပြီး အရိုးပါးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

MDEP

 


Farm Link Co.,Ltd ကြော်ငြာ
ဆလက်ပလပ်စ်ကဘယ်လိုအစွမ်းအာနိသင်‌တွေနဲ့နှိမ်နင်းပေးမှာလဲ? 👉 ဆလက်ပလပ်စ်မှာ ဥမြုံကန်းစေနိုင်တဲ့ အစွမ်းရှိတယ်။ 👉 ဖျက်ပိုးကြီးထွားမှု အရွယ်မရွေး အဆင့်တိုင်း နှိမ်နင်းနိုင်တယ်။ 👉 အရွက်အပေါ်အောက် စိမ့်ဝင်ထိုးဖောက်နိုင်စွမ်းရှိတယ်။ 👉 ဆေးသက်ကြာလို့ ပိုးထပ်မလာနိုင်အောင် ဟန့်တားနိုင်တဲ့ "နှင်ဆေး" အစွမ်းရှိတယ်။ ဒါ့အပြင် 👉 ဆလက်ပလပ်စ်က ပိုးသတ်နိုင်စွမ်းသာမက ဖော့စဖိတ်အာနိသင်ကြောင့် မြေပဲနှင့် အခြားသီးနှံတွေမှာ ဆေးဖျန်းပြီးနောက် အရောင်တောက်ကာ စိမ်းစိုသန်စွမ်းစေပါတယ်။ ကဲ..အဲ့ဒါကြောင့် တောင်သူ​တွေကပြောတယ် ဆလက်ပလပ်စ် မပြတ်​စေနဲ့တဲ့
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်