မြစ်ဆွေး၊ မြစ်ပုပ်ရောဂါကာကွယ်ရန်အတွက် ထရိုင်ကိုဒါးမား (Trichoderma) မှို

16/12/2020 18:00 PM တွင် Call center Call center မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ကုလားပဲသီးနှံစိုက်ပျိုးရာတွင် မြစ်ဆွေး၊ မြစ်ပုပ်ရောဂါကာကွယ်ရန်အတွက် ထရိုင်ကိုဒါးမား (Trichoderma) မှိုကို စမ်းသပ်အသုံးပြုနေသည်ဟု ကြားသိရပါသည်။ အောင်မြင်မှုရလဒ်အခြေအနေသိလိုပါသည်ဆိုပြီး စိုက်ပျိုးရေးဦးစီးဌာန call center ကိုမေးမြန်းလာတဲ့ မေးခွန်းနဲ့ ဖြေဆိုပေးထားတာကို အစိမ်းရောင်လမ်းတောင်သူများ ဗဟုသုတရစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

     ထရိုင်ကိုဒါးမားမှိုသည် အပင်ကြီးထွားမှုကိုအားပေးသည့် ဟိုမုန်းထုတ်ပေးခြင်း၊ အပင်အာဟာရများ စုပ်ယူအသုံးပြုမှုကို တိုးစေနိုင်ခြင်း၊ မြေထဲရှိ ဖော့စဖိတ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါးနှင့် ဇင့်ဓါတ်များကို ပျော်ဝင်လွယ်အောင် ကူညီဆောင်ရွက်ပေးခြင်း၊ အပင်အတွက် နိုက်ထရိုဂျင်အသုံးပြုမှုစွမ်းအင်ကို တိုးတက်စေနိုင်ခြင်း၊ အပင်များအာဟာရချို့တဲ့ခြင်းနှင့် ရေငတ်ခြင်း Abiotic stress များကို ပိုမိုခံနိုင်ရည်ရှိစေနိုင်ခြင်း စသည့် ဂုဏ်သတ္တိများရှိခြင်းကြောင့် ပျိုးပင်များကို ကျန်းမာသန်စွမ်းစေပါသည်။ ထို့ကြောင့် ရောဂါများ ကာကွယ်နှိမ်နင်းရန်အတွက် ထရိုင်ကိုဒါးမားမှိုပွားစာထုပ်ကို သီးနှံစိုက်ခင်းအတွက် ထည့်သွင်းပေးခြင်း၊ မျိုးစေ့လူးနယ်ထည့်ပေးခြင်း၊ စိုက်ခင်းအတွင်း ထရိုင်ကိုဒါးမားအရည်ဖျန်းပေးခြင်း စသည်တို့ကို အသုံးပြုနိုင်ပါသည်။ ထရိုင်ကိုဒါးမားအကျိုးပြုအဏုဇီဝမှို အသုံးဝင်ပုံကို သိရှိလိုပါက အပင်ရောဂါသုတေသနဌာနစုတာဝန်ခံ ဒေါ်စီစီမြင့် ၀၉-၄၃၁၃၂၇၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ထရိုင်ကိုဒါးမားမှီုကို ကုလားပဲသီးနှံတွင်အသုံးပြုသော တောင်သူထံမှ ယခင်နှစ်ထက် ပိုမိုကောင်းမွန်ပါသည်ဟု ကြားသိရပါသည်။ မကွေးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းသေသကြီးဦးစီးမှူး ဒေါ်မော်မော်ဝင်းမှလည်း စမ်းသပ်ခဲ့ရာ တောင်သူများ၏ ထောက်ခံမှုကို ရရှိခဲ့ပါသည်။ မင်းဘူးခရိုင်ဦးစီးမှူး ဒေါ်နီလာမော်မှလည်း တောင်သူများ၏စိုက်ခင်းတွင် ထရိုင်ကိုဒါးမားမှိုကို အသုံးပြုသည့်စိုက်ခင်းနှင့် အသုံးမပြုသည့်စိုက်ခင်း နှိုင်းယှဉ်စမ်းသပ်ခဲ့ရာ အသုံးပြုသည့်စိုက်ခင်းမှာ ပိုမိုကောင်းမွန်ကြောင်းတွေ့ရှိရပါသည်။

စိုက်ပျိုးရေးဦးစီးဌာန call center

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်