ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ

14/01/2025 14:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ကွမ်းစားထုံးမှာ ဖောက်ထုံးအစစ် ဖြစ်ပါသည်။ အဖြူရောင်ရှိပြီး ကယ်ဘီယမ်ဒြပ်ပေါင်း ဖြစ်ပါသည်။ ပါဝင်သောပစ္စည်း အမျိုးမျိုးမှာ ခရုခွံ Ca(OH)2၊ မဖောက်ထုံး (CaO)၊ လယ်ယာသုံးထုံး (CaCO3)၊ ဒိုလိုမိုက်ထုံး CaMg(CO3)2 စသည်တို့ ဖြစ်ပါသည်။ ထုံးအမျိုးမျိုးရှိသည့်အနက် မဖောက်ထုံးမှာ ငါးမွေးကန်အတွက် အသုံးဝင်သောထုံး ဖြစ်ပါသည်။ ၎င်းထုံးမှာ ကျောက်တုံးကဲ့သို့ မာကျောပါသည်။ ငါးကန်တွင် အကျိုးရှိစွာ အသုံးချနိုင်ပါသည်။

ထုံးအရည်အသွေးခွဲခြားခြင်း

ထုံးအနည်းငယ်ကို ဖန်ခွက် (သို့မဟုတ်) သတ္တုခွက်အတွင်း ထည့်၍ ထုံးအရည်အသွေးကို စစ်ဆေးနိုင်ပါသည်။ သုံးမည့် ရေနှင့်ဓာတ်ပြုပြီး ဓာတ်ငွေ့များထွက်သောကြောင့် ရေပူဘောင်းများပေါ်ထွက်လာခြင်း၊ အပူဓာတ်ပေါ်ထွက်လာခြင်းရှိပါက အရည်အသွေးကောင်းသောထုံး ဖြစ်ပါသည်။ ထုံးအရည်အသွေး ကောင်း/မကောင်းကို ဝယ်ယူရာတွင် ဤနည်းဖြင့် စစ်ဆေး နိုင်ပါသည်။

ထုံး၏အသုံးဝင်ပုံများ

  • ရေကိုကြည်လင်စေခြင်း
  • ရေတွင်အနည်များကိုထိုင်စေခြင်း
  • ကန်ရေနှင့်ကန်ခြေတွင် အက်ဆစ်ဓာတ်များကိုလျော့နည်းစေခြင်း
  • ငါးကန်အတွက် အန္တရာယ်ရှိသောဓာတ်ငွေ့များကို ဖယ်ရှားပေးခြင်း
  • စံ တန်ဖိုးမြင့်မားစေခြင်း
  • မြေသြဇာဓာတ်များ၏ အာနိသင်ကို တိုးပွားစေခြင်း
  • သဘာဝအစာမျှောလှေများ ကန်တွင်းပေါက်ပွားမှုများပြားလာစေရန် အထောက်အကူပြုခြင်း
  • ထုံးဓာတ်ကိုဖြည့်ဆည်းပေးခြင်း
  • သြဂဲနစ်ဒြပ်ပေါင်းများ လျင်မြန်စွာပြိုကွဲစေရန် ပံ့ပိုးပေးခြင်း
  • ကန်ရေအတွင်းရှိကပ်ပါးကောင်းများ၊ ရောဂါပိုးများကိုသုတ်သင်ပေးနိုင်ခြင်း

pH နှင့် အသုံးချခြင်း

  • pH တန်ဖိုးသည် (၇) ဖြစ်ပါက ရေသည် မျှခြေသဘာဝတွင် ရှိပါသည်။
  • pH တန်ဖိုးသည် (၇) အောက်ဖြစ်ပါက ရေသည် အက်စစ်သဘာဝ အသွင်ဆောင်ပါသည်။
  • pH သည် (၇) အထက်ဖြစ်ပါက ရေသည် အယ်လ်ကာလီ အသွင်ဆောင်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်