အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခရမ်းလွန်ရောင်ခြည်အဆင့်က သတ်မှတ်ချက် ထက် ကျော်လွန်တဲ့ အဆင့်ကို ရောက်နေတယ်။ ကျန်းမာရေးအတွက် အထူးဂရုစိုက်သင့်တဲ့ အချိန်ဖြစ်ပါတယ်

ခရမ်းလွန်ရောင်ခြည်အဆင့်က သတ်မှတ်ချက် ထက် ကျော်လွန်တဲ့ အဆင့်ကို ရောက်နေတယ်။ ကျန်းမာရေးအတွက် အထူးဂရုစိုက်သင့်တဲ့ အချိန်ဖြစ်ပါတယ်

Green Way
Green Way 17/01/2018

ဒေါက်တာ ထွန်းလွင် ၊ Flower News Journal အတွဲ (၁၀) အမှတ် (၁၁)

မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်၏ ခရမ်း လွန်ရောင်ခြည်နှင့်ပတ်သက်ပြီး မြန်မာပြည် သူ များကို သတိပေးပြောကြားချက်အချို့အား တင်ပြ ပေးလိုက်ပါသည်။ ယခုအခါ ဆောင်းရာသီအကုန် နွေ ရာသီ အကူးအပြောင်းကာလဖြစ်သော်လည်း နေ့စဉ် အပူချိန်သည် ရှိသင့်သော အပူချိန်ထက် ပိုမိုမြင့်မားနေ ပြီး လူတွေခံစားရသောအပူရှိန်သည်ပင် အန္တရာယ်ရှိသော အဆင့်တွင် ရောက်ရှိနေသည်ဖြစ်ရာ ဒေါက်တာထွန်းလွင် က ယခုလိုပြောပါသည်။

''အခုချိန်က မြန်မာနိုင်ငံအပေါ်ကျရောက်နေ တဲ့ ခရမ်းလွန်ရောင်ခြည်အဆင့်က သတ်မှတ်ချက်ထက် ကျော်လွန်တဲ့အဆင့်ကိုရောက်နေတယ်။ ကျန်းမာရေးအ တွက် အထူးဂရုစိုက်သင့်တဲ့အချိန်ဖြစ်ပါတယ်။ ခရမ်းလွန် ရောင်ခြည်လွန်ကဲအဆင့်ရောက်နေပြီမို့ အန္တရာယ်ရှိနေ ပါတယ်။ ဖြစ်နိုင်ရင်တော့ လူတွေကို နေရောင်ခြည်အောက် မထွက်စေချင်ဘူး။ နေရောင်ခြည်နဲ့ အသားအရေကိုမထိ စေချင်ဘူး။ တော်တော်ကို အန္တရာယ်ရှိလို့ပြောတာပါ။

လူတွေအနေနဲ့ မဖြစ်နိုင်တော့တဲ့အဆုံးမှာ တော့ နေအပူရှိန်ပြင်းတဲ့ အချိန်တွေရှောင်သင့်တယ်။ ဝတ် နေကျဘောင်းဘီတို၊ အကျႌအတိုတွေကို မဝတ်တော့ဘဲ လုံလုံခြုံခြုံ ဝတ်စားသင့်ပါတယ်။ အသားအရေကို အဲဒီ ခရမ်းလွန်ရောင်ခြည်မထိစေချင်ဘူး။ ခေါင်းကို ဦးထုပ် ဆောင်းပါ။ မျက်လုံးကို အကာအကွယ်ပေးပါ။ မျက်မှန် တပ်ပါ။ အထူးသဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လုံလုံ ခြုံခြုံရှိဖို့လိုပါတယ်။

ဆရာ့အနေနဲ့ အင်တာနက်စာမျက်နှာ၊ ဖေ့စ် ဘွတ်ခ်စာမျက်နှာတို့၊ အက်ဖ်အမ်တို့ကပြောနေ ရေးနေ ပေမယ့် အခုလိုကြုံတွေ့လာပြီဆိုရင် အဓိကက တော့ အစိုးရမှာ တာဝန်အများကြီးရှိပါတယ်။ အချိန်မီသတင်းတွေ ထုတ်ပြန်ပေးဖို့လိုတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်တွေကို ပြည်သူတွေသိအောင် အသိပေးဖို့လိုတယ်။ မနှစ်က စလို့ အခုလိုမိုးကြိုကာလ ကို ရောက်လာရင် အပူ နဲ့ပတ်သက်တဲ့ အန္တရာယ် တစ်ခုတွေ့လာရပါ တယ်။ ဒါက
တော့ လူတွေရဲ့ခံစားရတဲ့အပူချိန်တွေဟာ သာမိုမီတာ နဲ့ တိုင်းလို့ရတဲ့ အမြင့်ဆုံးအပူချိန်တွေထက် အများကြီး ပိုနေတာပဲဖြစ်ပါတယ်။ ဒါကိုတော့ Heat Index or Feel Temperature လို့ ခေါ်ပါတယ်။ ဖြစ်ရတာကတော့ လေထုထဲမှာ ရေငွေ့တွေပါလာတဲ့အခါ တိမ်တွေ ဖြစ်လာပေမယ့် မိုးအဖြစ်မရွာချနိုင်ခဲ့ရင် ရေ ငွေ့တွေကြောင့် အပူချိန်တွေ ထပ်လောင်း တိုးလာစေတဲ့ သဘာဝကြောင့်ပါပဲ။

၂ဝ၁၂ခုနှစ်တုန်းက ဧပြီ ၂၉ရက် မှာ H.I. 56°C နဲ့ မေ ၇ ရက်နေ့မှာ H.I. 62°C အထိ ရှိခဲ့ပါတယ်။ လူတွေသေခဲ့ပါတယ်။
အခု အဲဒီကာလထဲ တဖြည်းဖြည်း ဝင်လာ နေပါပြီ'' ဟူ၍ ဖြစ် သည်။

REF: YMG

You

ဆက်စပ်မေးခွန်းများ

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ

KO Thiha lin • ဖြေကြားချက် 1 ခု

ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး

ကိုဝေယံအောင် • ဖြေကြားချက် 1 ခု

3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့

ကိုဝေယံအောင် • ဖြေကြားချက် 1 ခု

ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ

ပြည့်ဖြိုးအောင် • ဖြေကြားချက် 1 ခု

ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အ​ြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်

U Yan • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။