ကြက်သွန်နီခွံသဘာဝမြေဩဇာ

19/08/2020 15:00 PM တွင် ဝတ်မှုံသင်း ဝတ်မှုံသင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနောက်ပိုင်းမှာ အားလုံးကဓာတုပစ္စည်းရဲ့ အန္တရာယ်ကိုသိလာကြတဲ့အပြင် ကြီးမြင့်လှသည့် ဓာတ်မြေဩဇာကုန်စျေးနှုန်းကို လျော့ချနိုင်ဖို့ရန်အတွက် ကြက်သွန်နီခွံနဲ့ပြုလုပ်တဲ့ သဘာဝမြေဩဇာလေးကို ဖော်ပြပေးပါမယ်။

အဓိကပါဝင်ပစ္စည်းဖြစ်တဲ့  ကြက်သွန်နီခွံက အိမ်တိုင်းရဲ့ မီးဖိုချောင်မှာမရှိမဖြစ်တဲ့ စားသုံးကုန်မှစွန့်ပစ်ပစ္စည်း ဖြစ်တဲ့အတွက် အိမ်တိုင်းအလွယ်တစ်ကူ ပြုလုပ်အသုံးပြုနိုင်ပါတယ်။

ကြက်သွန်နီခွံမှာဆိုရင် ကယ်လဆီယမ်(calcium)၊ ပိုတက်ဆီယမ်(potassium)၊ မဂ္ဂနီဆီယမ်(magnesium)၊ သံဓာတ်(iron) ၊ ကျေးနီ(copper)နဲ့ အခြားသတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ 

ပြုလုပ်နည်းလေးကလည်းလွယ်ကူပါတယ်။ 

ပုံး(သို့) ဘူးတစ်ခုတွင် ရေတစ်လီတာကို ကြက်သွန်နီခွံလက်တစ်စုပ်နဲ့တစ်ဝက် အချိုးလောက်နဲ့ စိမ်ပေးပါ။ ပြီးရင် အဖုံးအုပ်ပြီး တစ်ရက်ထားပေးပါ။

နောက်နေ့မှာ အရည်ချည်းပဲသီးသန့်ဖြစ်အောင်စစ်ယူပြီး ထိုအရည်ကို တစ်ပင်လျှင် တစ်ခွက်နှုန်းလောက်(ကော်ဖီခွက်) အသုံးပြုနိုင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်အသုံးပြုနိုင်ပါတယ်နော်။

ကြက်သွန်နီခွံကိုအသားမကပ်နေတဲ့ အခွံချည်းပဲဖြစ်အောင်ဂရုပြုပေးပါ။

အားလုံးပဲ သဘာဝမြေဩဇာလေးသုံးကာ ကုန်ကျစရိတ်ချွေတာနိုင်ပြီး စိုက်ပျိုးရေးအောင်မြင်ကြပါစေနော်။

ဝတ်မှုံသင်း

Ref; https://www.youtube.com/watch?v=EIqcmOFKLC8

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်