အီးအမ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အသုံးပြုခြင်း
အီးအမ်ကို ရေဖြင့် (၁:၁၀၀-၅၀၀) နှုန်းရော၍ အမှိုက်ပုံကို အစိုဓာတ် (၁၀-၃၀%) ထိရောက်အောင် ဖျန်းပေးခြင်းဖြင့် အနံ့ဆိုးများ သက်သာပျောက်ကင်းသွားပြီး ယင်ကောင်များလည်း လျော့နည်းသွားပါမည်။
အီးအမ်ကို ရေဆိုးမြောင်း (သို့) မိလ္လာကန်ထဲရှိ အရည်ထုထည်၏ (၁%) ထည့်ပေးခြင်းဖြင့် အနံ့ဆိုးများပျောက်ကင်းခြင်း၊ မိလ္လာထုထည် သိသာစွာလျော့ကျခြင်း၊ ရောဂါပိုးများသေစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါသည်။
အီးအမ်ကို လယ်ကွင်းထဲထည့်ပေးခြင်းဖြင့် လယ်ကွင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်ခြင်းကို လျော့ချစေနိုင်သဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်နိုင်ပါသည်။
အများသုံးအိမ်သာများတွင် အီးအမ်ကို (၁:၁၀၀) နှုန်း ရေရော၍ မကြာခဏ (အသုံးများမှုပေါ်မူတည်၍ တစ်နေ့လျှင် (၂-၅) ကြိမ် ဖျန်းပေးခြင်းဖြင့် အနံ့ဆိုးများသက်သာစေပြီး ရောဂါပိုးပျံ့နှံ့မှုကိုလည်း ထိန်းချုပ်နိုင်ပါသည်။
စက်ရုံ အလုပ်ရုံများမှထွက်သော ရေဆိုးများကိုလည်း အီးအမ်ဖြင့် သန့်စင်အောင် လုပ်နိုင်ပါသည်။ ရေဆိုးပမာဏ၏ (၀.၀၁% မှ ၀.၁%) ထိ နေ့စဉ်ထည့်ပေးရပါမည်။
အီးအမ်ဖြင့် ကန်များရေသန့်အောင် ဆောင်ရွက်ရာတွင် ကန်အောက်ခြေသို့ အီးအမ်ရောက်ရန်လိုပါသည်။ ထိုအခါ အီးအမ်ဘိုကာရှီဘောလုံးများပြုလုပ်၍ ကန်ထဲထည့်ထားပေးခြင်းဖြင့် အီးအမ်ကို ကန်အောက်ခြေအနှံ့ရောက်အောင် လုပ်နိုင်ပါသည်။ ထို့ပြင် အီးအမ်ဖြင့် မြစ်၊ ချောင်းများထဲမှရေများကို သန့်စင်ရာတွင် ရေစီးနေသဖြင့် အီးအမ်အရည်ဖျန်းခြင်းထက် အီးအမ်ဘိုကာရှီဘောလုံးဖြင့် မြစ်၊ ချောင်းများထဲထည့်ခြင်းက အာနိသင်ပိုကောင်းစေပါသည်။ အီးအမ်ဘိုကာရှီဘောလုံးများသည် ရေအောက်တွင်နစ်မြုပ်နေပြီး အဏုဇီဝများကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးနေသဖြင့် အဏုဇီဝများ ရေဖြင့် မျောပါပျောက်ဆုံးခြင်း သက်သာစေပြီး ရေရှည်အာနိသင်ရှိစေပါသည်။
အီးအမ်ဘိုကာရှီဘောလုံးလုပ်နည်းကိုတော့ နောက်ဆာင်းပါးမှာ ဖော်ပြသွားပေးပါမည်။
ဒေါက်တာမြင့်လွင်၏ အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာစာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
Min Paing Ko
လွန်ခဲ့သော ၄ နှစ် ကEM ပြုလုပ်/ ပြန့်ပွားနည်း ================== #EMပြုလုပ်နည်း ၁။ #လိုအပ်သောပစ္စည်းများ - (က) ရေသန့်ဘူးအလွတ်(၁) လုံး။ (ခ) အုန်းစိမ်းနုနုအရည်(၁)လီတာ။ (ဂ) ဒိန်ချဉ်(၂) ဇွန်း။ (ဃ) သကြားညို့ (၄)ဇွန်း။ (င) တဆေး(Yeast)အမှုန့်(၂)ဇွန်း။ (စ) ကြာညို့(၁)ဇွန်း။ (ပဲငံပြာရည်အနောက်ရည်) ၂။ #ပြုလုပ်နည်း။ ခွက်တခုထဲတွင် သကြားညို ဒိန်ချဉ် တဆေး အုန်းစိမ်းရည် (အနည်းငယ်) ကြာညို့တို့ကိုသကြားကြေသည်အထိမွှေပါ ထို့နောက်အုန်းစိမ်းရည်လက်ကျန်နှင့် ထပ်ရောပြီးအဖုံးပိတ်၍ သန့်ရှင်းသော ရေသန့်ဘူးထဲထည့်ပြီး လှုပ်ခါပါ အဖုံးလုံအောင်ပြန်ပိတ်၍ အရိပ်ထဲ (၇) ရက်ခန့်ထားပါ (၇)ရက်ပြည့်ပါက 100% EM ဖြစ်သော EMဦးရည်(၁)လီတာကျော်ရုံခန့်ရရှိပါမည်။ #EMပြန်ပွားပုံ ၃။ #လိုအပ်သောပစ္စည်းများ - (က) EM ဦးရေ(၁)လီတာ။ (ခ) သကြားညို့(၁)ကီလို။ (ဂ) ရေ(၁၀) လီတာ။ ၄။ #ပြုလုပ်ပုံ။ သမအောင်မွှေပါအရိပ်ထဲ(၇) ရက်ထာပါ 100% EM ကိုရရှိပါမည်။ ၅။ ယခု EM ကိုလိုအပ်သလို (၃) ကြိမ်အထိပြန့်ပွားနိုင်ပါသည် (၃)ကြိမ်အထက်ပြန့်ပွားပါက 100% EM မဖြစ်နိုင်တော့၍ ဆက်မပွားသင့်တော့အကြံပြုထားပါသည် EM ဆိုသည်မှာ ဂျူလင်စီအနုဇီဝပိုးများ အမြဲရှင်သန်နေသည်မှာ မှန်သော်လည်း အကြိမ်ရေများလာသည်နှင့်အမျှ အနုဇီဝပိုးများပေါက်ဖွားမှုအားနည်းကာ အကောင်ရေအားနည်းသွားတတ် လို့ဖြစ်ပါသည်။ ၆။ စိုက်ပျိုးရေးအတွက်အဓိကကျသော အကျိုးပြုအနုဇီဝဖျော်ရည်ကို ပြုလုပ်ရလွယ်ကူခြင်း အကုန်အကျသက်သာခြင်း အချိန်တိုအတွင်းအမြန်ရရှိနိုင်သဖြင့် တောင်သူများအားထားရသော အနုဇီဝဖျော်ရည်ဖြစ်လို့တင်ပြပေးလိုက်ပါသည်။ EM ဆိုတာဘာလဲလို့ မကြာခဏမေးလာသူများအတွက် မျှဝေလိုက်ပါတယ် Credit to thanks to Daw Atar May (Organic Farm)
မောင်သန့်ဇင်
လွန်ခဲ့သော ၄ နှစ် ကမွေးမြူရေးသုံး အီးအမ် လုပ်နည်းလေးသိရင်မျှဝေကျပါအုန်း
su hua
လွန်ခဲ့သော ၄ နှစ် ကအီးအမ်ဘိုကာရှီဘောလုံးလုပ်နည်းကို စောင့်မျှော်နေပါမည်။
ဆက်စပ်မေးခွန်းများ
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ
ko ko chit • ဖြေကြားချက် 1 ခု
မန်ကိုဇက်နဲ့ရနိုင်လားဆရာ လက်ထဲ မန်ကိုဇက်ပဲရှိလို့ပါဆရာ အခြားဆေးဆိုလဲ ရှာပါမယ်ဆရာ အခုက မိုးကရွာ ရေက အခြားထွက်မှာစိုးလို့ကို ဘောင်တင်ပီးပိတ်ထားမိတာပါဆရာ အောက်လက်တွေကတော့ အတော်လေးရှင်းပေးထားတယ်ဆရာ မတလဇီး မန်ကိုဇက် ဂရမ်း အဲ့မှိုဆေး သုံးမျိုးရှိပါတယ်ဆရာ
U Yan • ဖြေကြားချက် 1 ခု
ဆလားဗီးယားငါးမွေးထားတာ1နှစ်ကြာပြီ ကန်က4ပေ8ပေအနက်5ပေကန်ကျင်းနေလို့လားလုံးဝမျိုးမပွားပါဘူးပြေားပြပေးပါဗျ
U Mar Taing • ဖြေကြားချက် 1 ခု
ဆရာ ဒါမျိုးလေးတွေပါဆရာ
U Yan • ဖြေကြားချက် 6 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026