ဖရဲကို ဒီလိုစိုက်ပါ

09/01/2018 15:15 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ သင်နေထိုင်ရာဒေသသည် ပူနွေးသည့်ရာသီဥတုဆိုပါက ဖရဲမျိုးစေ့များကို မြေပြင်တွင် တိုက် ရိုက်ချ၍ စိုက်ပျိုးနိုင်ပါသည်။ သို့သော် မျိုးစေ့အပင်ပေါက်နှုန်းညံ့ခြင်းမှ ရှောင်ရှားနိုင်ရန် မြေ ကြီး၏ အပူချိန် သည် (၇၀) ဒီဂရီ ထိရောက်ရှိအောင် စောင့်ဖိုလိုပါသည်။

၂။ ဖရဲပင်များသည် အလွန်နူးညံ့သည့်အတွက် နှင်းခါးကျရောက်မှုအန္တရာယ် ကျော်လွန်သည့် တိုင်အောင် ရွှေ့ပြောင်းစိုက်ပျိုးခြင်းကို မပြုလုပ်သင့်ပါဘူး။ (စိတ်ချစေရန်အတွက် နောက်ဆုံး နှင်းခါး ကျရောက်သည့် အချိန်မှစပြီး အနည်းဆုံးနှစ်ပတ်ခန့် စောင့်ပြီးမှ စိုက်ပျိုးပါ။)

၃။ အေးသောရာသီဥတု ဖြစ်ပါက ဖရဲမျိုးစေ့များကို ရွှေ့ပြောင်းမစိုက်မီ တစ်လခန့်ကြိုတင်၍ ပျိုး ခြံထဲတွင် ပျိုးထားရပါမည်။

၄။ မစိုက်ပျိုးမီ ကောင်းစွာဆွေးမြည့်ပြီးသော တိရစ္ဆာန်ချေး(နွားချေး၊ ကြက်ချေးစသည်) သို့မ ဟုတ် မြေဆွေးနှင့် မြေကိုပြုပြင်ရပါမည်။ ဖရဲသည် အာဟာရကို အလွန်စားသော အပင်မျိုးဖြစ် သည်။
၅။ ဖရဲသည် မြေချဉ်ငံဓာတ် pH (၆ - ၆.၈) ကြားကို ကြိုက်နှစ်သက်သည်။

၆။ ဖရဲကို ဘောင်မြင့်များပေါ်တွင် စိုက်ပျိုးပါက ရေသွင်းရေထုတ်ကောင်းမွန်ပြီး နေရောင်ခြည် ကို ကြာရှည်စွာ ရရှိနိုင်သည်။ ငါးပေအကျယ်ဘောင်ပေါ်တွင် တစ်ပင်နှင့်တစ်ပင် နှစ်ပေခြား၍ စိုက်ပျိုး နိုင်ပါသည်။

၇။ အတန်းလိုက် စိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင် ခြောက်ပေခြား၍ စိုက်ပျိုးနိုင်ပါသည်။

၈။ ဖရဲသည် ရေသွင်းရေထုတ် ကောင်းမွန်သော နုန်းမြေကို ကြိုက်နှစ်သက်သည်။ ရွှေ့ပြောင်း စိုက်ပျိုးပါက အပင်များကို နူးညံ့စွာ ကိုင်တွယ်ရန် လိုအပ်ပါသည်။

၉။ ရွှေ့ပြောင်းစိုက်ပျိုးပြီးပါက ပိုးမွှားကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် စိုက်ပင်တန်းအား အကာအကွယ် တစ်ခုခုဖြင့် ဖုံးအုပ်ရန်လိုအပ်ပါသည်။ အပင်ပေါ်တွင် အဖိုပွင့်၊ အမပွင့်များ တွေ့ ပါက ယင်းအကာအကွယ်များကို ဖယ်ရှားနိုင်ပါသည်။ ဖရဲစိုက်ပျိုးခြင်းသည် နေရာ၊ နေရောင် ခြည်၊ ရေနှင့် အပင်အဟာရများစွာ လိုအပ်ပါသည်။ ဖရဲပင်များသည် ဘူး၊ ဖရုံမျိုးရင်းဝင်များ ဖြစ်သည့် သခွားမွှေး၊ ဖရုံ၊ သခွားပင်များကဲ့သို့ အဟာရကိုများစွာ စားသုံးသည့်အပြင် နွယ်ပင် များသည် ရောက်တက်ရာရာ လျှောက်သွားတတ်သည့် အလေ့အထရှိသည်။ ဖရဲစိုက်ပျိုးခြင်း သည် မခက်ခဲသော်လည်း ကျွမ်းကျင်မှုများစွာ လိုအပ်သည့်အတွက် ခြံလုပ်ငန်းကို စတင်စိုက်ပျိုး လုပ်ကိုင်မည့်သူများအနေဖြင့် မရွေးချယ်သင့်ပေ။ (အခြေအနေကောင်းများကို ဖန်တီးပေးနိုင်မှ သာ အောင်မြင်နိုင်သော သီးနှံဖြစ်သည်။) နေရာအခက်အခဲ၊ ရေအခက်အခဲ (သို့မဟုတ်) သာမန် မြေအမျိုးအစားရှိသည့် ခြံသမားများ အနေဖြင့်လည်း မရွေးချယ်သင့်ပေ။

၁၀။ အပူပိုင်းဒေသများအတွက် ခြောက်သွေ့သည့်ရာသီ (ဆောင်းရာသီ) သည် ဖရဲစိုက်ပျိုးရန် အကောင်းဆုံးရာသီဥတု ဖြစ်သည်။ ဖရဲပင်သည် မိုးရာသီ (သို့မဟုတ်) နွေရာသီများ၌ အပူချိန် အရမ်းများခြင်း၊ အရမ်းစိုစွတ်ခြင်းစသည့် အခြေအနေများတွင် ကောင်းစွာမဖြစ်ထွန်းပါ။ မှိုရော ဂါနှင့် ကျိုင်းကောင်များသည် ဖရဲပင်များကို အချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်ပါသည်။ အေး သောဒေသများ၌ နွေရာသီသည် ဖရဲစိုက်ပျိုးချိန်ဖြစ်သည်။ ဖရဲစိုက်ပျိုးရန်နှင့် အသီးများမှည့်ရန် သင့်တော်သည့် အပူချိန်၊ နေရောင်ခြည်ရရှိမှု (နေသာသောရာသီဥတု) များကို အနည်းဆုံး သုံးလ ခန့်ရရှိရန် လိုအပ်ပါသည်။ စိုက်ပျိုးချိန်အတွင်း နေ့စဉ်ပျမ်းမျှအမြင့်ဆုံး အပူချိန်သည် အနည်း ဆုံး (၂၀-၂၅) ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) (၇၀-၈၀) ဒီဂရီဖာရင်ဟိုက် ရှိရန်လိုအပ်ပါသည်။ ပိုမိုပူနွေးပါက ပိုကောင်းပါသည်။ ဖရဲမျိုးများစွာရှိသည့်အတွက် အကယ်၍ စိုက်ပျိုးချိန်နောက် ကျနေပါက သက်တမ်းတို (မြန်မြန်မှည့်သည့်) မျိုးကို ရွေးချယ်စိုက်ပျိုးနိုင်ပါသည်။

နေရောင်ခြည်ကောင်းစွာ ရရှိသည့်နေရာတွင် စိုက်ပျိုးပါ။ သင့်အနေဖြင့် ရေနှင့်အဟာရ (ကောင်း မွန်သောမြေ) လည်း များစွာလိုအပ်မည် ဖြစ်ပါသည်။ ထို့အပြင် မြေနေရာလည်း လိုအပ်မည် ဖြစ်ပါသည်။ ဖရဲပင်သည် လျှောက်သွားတတ်သည့် နွယ်ပင်ဖြစ်သည့်အတွက် ၎င်း၏အညွန့်များ က ရောက်တတ်ရာရာ လျှောက်သွားမည်ဖြစ်ရာ သင့်စိုက်ခင်းတစ်ခုလုံးအား ဖုံးလွှမ်းသွားမည် ဖြစ်ပါသည်။

ဖရဲကို မျိုးစေ့မှ စိုက်ပျိုးခြင်း - ဖရဲပင်များကို မျိုးစေ့ဖြင့် စိုက်ပျိုးနိုင်သည်။ သင်ဝယ်ယူလာသော ဖရဲသီးမှ မျိုးစေ့ကို စိုက်ပျိုးရန်သုံးမိကောင်း သုံးမိနိုင်သည်။ အချိန်ကုန်မခံပါနှင့်။ ဖရဲမျိုးများ သည် စပ်မျိုးများဖြစ်သည်။ စပ်မျိုးဆိုသည်မှာ နောက်တစ်ကြိမ် ထပ်စိုက်ပါက ရုပ်သွင်ပြင်၊ ဗီဇ လက္ခဏာတူသော မျိုးကိုမပေးနိုင်ပါ။ ဖြစ်နိုင်ပါက သဘာဝအတိုင်း ဝတ်မှုန်ကူးသော ဒေသမျိုး စေ့များကိုသာဝယ်ပါ။ သို့မှသာ မိမိဘာသာမျိုးခံ၍ နောက်နှစ်တွင် ဆက်လက် စိုက် ပျိုးနိုင်မည် ဖြစ်ပါသည်။ သဘာဝအတိုင်း ဝတ်မှုန်ကူးသော ဒေသမျိုးများသည် ပိုမိုပြီးအကြမ်းခံပါသည်။ ဒေသမျိုးများတွင်လည်း ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသည့် မျိုးများရှိပါသည်။ ဒေသ မျိုးများထဲမှ မိမိခြံအတွက် စနစ်တကျ ရွေးချယ်နိုင်ပါသည်။ ထို့နောက် မျိုးစေ့များကို စိုက်ပျိုးရန် သင့်တော် သည့် သတ်မှတ်ထားသော မြေနေရာတွင် စိုက်ပျိုးပါ။ အပင်ပေါက်နှုန်း ကောင်းရန် အတွက် စိုက်ပျိုးရန်မြေသည် အပူချိန် (၁၈) ဒီဂရီစင်တီဂရိတ် ရှိရန်လိုအပ်ပါသည်။

၁၁။ သင့်အနေနဲ့ စိုက်ပျိုးချိန်တိုတောင်းပါက ဖရဲစေ့များကို အိုးထဲ (သို့မဟုတ်) ခြင်းတွေထဲမှာ ပျိုးမနေပါနှင့်။ ပျိုးခြံတွေကနေလည်း ပျိုးပင်များကို ဝယ်မနေပါနှင့်။ ဖရဲစေ့များသည် ရက်ပိုင်း အတွင်းမှာ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် အညှောင့်ပေါက်ပါသည်။ အဲ့နောက်မှာတော့ ပျိုးပင်အဆင့်ကို မြန်မြန်ရောက်သွားပါသည်။ ဖရဲပင်သည် ပြောင်းရွှေ့စိုက်ပျိုးခြင်းကို မနှစ်သက် ပါ။ ပြောင်းရွှေ့စိုက်ပျိုးခြင်းသည် အချိန်ပိုကုန်သလို အပင်ကိုလည်း အားနည်းစေပါသည်။ ထိုကဲ့ သို့ မလိုအပ်သည့် အလုပ်များကို မလုပ်ဘဲ မျိုးစေ့များကိုသာ မြေကြီးထဲသို့ နှစ်စင်တီမီတာ သို့မဟုတ် တစ်လက်မခန့် အနက်တွင်စိုက်ပျိုးလိုက်ပါ။

၁၂။ ဖရဲစိုက်ပျိုးရာတွင် မြေသားထုနက်သော၊ အဟာရပြည့်ဝသော၊ မွသောမြေကို လိုအပ်ပါ သည်။ သို့မှသာ ဘောင်တင် (မြေတောင်မြှောက်) ရာတွင် လွယ်ကူမည် ဖြစ်ပါသည်။ ဘောင်တင် ခြင်း (မြေတောင်မြှောက်) ဖြင့် အောက်ပါအကျိုး ကျေးဇူးများကို ရရှိနိုင်ပါသည်-

- ဘောင်တင်ခြင်း (မြေတောင်မြှောက်)ပေးခြင်းဖြင့် ရေများလွတ်လပ်စွာ စီးဆင်းနိုင်ပါသည် (ဖရဲသည် အပင်ခြေ ရေဝပ်ခြင်းကို မကြိုက်ပါ)။ ရွှံ့စေးဆန်သောမြေများတွင် ဘောင်ကို မြင့်မြင့် တင်ပေးရန် လိုပါသည်။

- ဘောင်တင်ရာ၌ မြေဆွေးများထည့်သွင်းပေးခြင်းဖြင့် ဖရဲစိုက်ပျိုးရာတွင် မြေကို ပိုမိုကောင်းမွန် စေပါသည်။ ကျွန်တော့်အနေဖြင့် တစ်ခါတရံတွင် မြေဆွေးပုံနေရာ (မြေဆွေးအားလုံးနီးပါးကို အသုံးပြုပြီး ကျန်ခဲ့သောနေရာ) တွင် စိုက်ပျိုးတတ်ပါသည်။ သင့်အနေဖြင့် ဖရဲကို သေသေသပ် သပ်နှင့် အတန်းလိုက် စိုက်ပျိုးလိုလျှင်သော်လည်းကောင်း (သို့မဟုတ်) ဧရိယာကျယ်ကျယ်ဖြင့် စိုက်ပျိုးလိုလျှင်သော်လည်းကောင်း စီးပွားဖြစ် စိုက်ပျိုးသူများကဲ့သို့ ဘောင်များဖြင့် စိုက်ပျိုးပါ။

- ဘောင်များကို တစ်ဘောင်နှင့်တစ်ဘောင် ခြောက်ပေ၊ တစ်ပင်နှင့် တစ်ပင် (၃၀) စင်တီမီတာ ခန့် ထားရပါမည်။ စိုက်ပျိုးရာတွင် နှစ်ပင် သို့မဟုတ် သင်ကြိုက်သလောက် စိုက်နိုင်သည်။ ပြီး လျှင် အသန်မာဆုံးတစ်ပင်ကိုသာ ချန်ပါ။

- စာရေးသူအနေနဲ့ကတော့ ကိုယ့်ခြံအနှံ့ရှိ ကုန်းမြင့် (မြေပုံ) လေးတွေပေါ်မှာ အစုအဝေးအနေနဲ့ စိုက်တာကို ပိုသဘောကျပါသည်။ သင့်အနေဖြင့် ထိုကဲ့သို့ စိုက်ပျိုးလိုပါက တစ်နေရာနှင့် တစ်နေရာကို နှစ်မီတာ (သို့မဟုတ်) ခြောက်ပေခန့် ခြားထားရန် လိုပါသည်။ ကုန်းမြင့် (မြေပုံ) များသည် သုံးပေပတ်လည်အကျယ်နှင့် တစ်ပေအမြင့် ရှိရန်လိုပါသည်။ ၎င်းမြေပုံပေါ်တွင် မျိုး စေ့ဆယ်စေ့ကို တစ်နေရာလျှင် (၃-၄) စေ့ နှုန်းဖြင့် တစ်နေရာနှင့် တစ်နေရာ တစ်ပေခြားပြီး (၃-၄) နေရာခန့် စိုက်ပျိုးနိုင်ပါသည်။

- ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ နေရာတစ်နေရာတွင် အသန်မာဆုံးအပင်ကို ရွေး ချယ်ပြီး ကျန်သောအပင်များကို ဖယ်ရှားပစ်ရပါမည်။ (ထိုကဲ့သို့ အပင်မှုန်းရာတွင် အပင်များကို နှုတ်မပစ်ဘဲ ကတ်ကြေးဖြင့်ညှပ်ပါ။ နှုတ်ပစ်ပါက အခြားအပင်များ၏ အမြစ်များကို ထိခိုက်နိုင် ပါသည်။) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်