နေ့စဉ်မိုးလေဝသ သတင်း

25/01/2018 09:33 AM တွင် မိုးဇလ မိုးဇလ မှ ရေးသား

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။

 မုန်တိုင်းဖြစ်ပေါ်ရန်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်ကာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေသော်လည်း မုန်တုင်းဖြစ်ပေါ် ရန်အခြေအနေမရှိသေးပါ။

 ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြ င်အခြေအနေ။ (၂၄-၁-၂၀၁၈)ရက် နံနက် (၀၉းဝဝ)နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ ဘင်္ဂလားပင်လယ်အော် မြောက် ပိုင်း မှာ အများအားဖြင့်သာယာ နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ တိမ်အသင့် အတင့် မှ တိမ်ထူထပ် နေပြီး၊ကျန်ဒေသတွေမှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် နေပါတယ်။

 မြန်မာ့ပင်လယ်ပြင်အခြေအနေ။

 မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအသင့် အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၁)ပေခန့်မှ (၃) ပေခန့် ရှိနိုင်ပါတယ်။

 ညအပူချိန်များအခြေအနေ။ 

 ညအပူချိန်များ ဟာ ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှာ 4°C – 8°C ခန့်၊ ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် 9°C – 14°C ခန့်၊ ကျန်ဒေသ တွေမှာ 15°C – 20°C ခန့်ရှိနိုင် ပါတယ်။

 ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊ 

 တစ်ပြည်လုံး မှာ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့် တွင်ရှိနိုင်ပါတယ်။

 မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။ 

တနင်္သာရီတိုင်းဒေသကြီး မှာ နေရာကျဲကျဲ မိုးရွာပါမယ်၊ ကချင်ပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) တို့မှာ တိမ် အသင့်အတင့် ဖြစ်ထွန်းနိုင် ပြီး၊ကျန်ဒေသတွေမှာ အများအားဖြင့်သာယာ ပါမယ်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင်တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးအနည်းငယ်ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်  ဖြစ်ထွန်းမည်။မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အတင့်အသင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးဆက်လက်ရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။  အများအားဖြင့်သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။   တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။   အများအားဖြင့် သာယာမည်။

ကိုးကား- မိုးဇလ၊ ဒေါက်တာ ထွန်းလွင်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်