အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လက်ရှိအသုံးပြုနေကြတဲ့ VPN ကွန်ယက် အကြောင်း

လက်ရှိအသုံးပြုနေကြတဲ့ VPN ကွန်ယက် အကြောင်း

Green Way
Green Way 14/09/2021

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။

ယခုတစ်ပတ်မှာတော့ လက်ရှိကျွန်တော်တို့အသုံးပြုနေကြတဲ့ VPN အကြောင်း ကို တောင်သူ ဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

VPN ရဲ့ အရှည်ကောက်က Virtual Private Network လို့ ခေါ်ပါတယ်။ လုံခြုံသော သီးသန့်ကွန်ယက် လို့ ခေါ်ဆိုနိုင်ပါတယ်။ အင်တာနက်အသုံးပြုသူရဲ့ အချက်အလက်တွေကို လုံခြုံသောကွန်ယက်ဖြစ်အောင်လုပ်ဆောင်ပေးနိုင်တဲ့ အင်တာနက်ရဲ့ ကြားခံပစ္စည်း တစ်ခုဖြစ်ပါတယ်။ Private (သီးသန့်၊ ကိုယ်ပိုင်) လို့ဆိုတဲ့အတိုင်း အင်တာနက်မှာ ကျွန်တော်တို့နေ့စဥ်အသုံးပြုနေတဲ့ အချက်အလက်တွေကို လုံခြုံစိတ်ချစွာနဲ့ လိုရာကိုပို့ဆောင်ပေးနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

VPN ကို အဓိကအားဖြင့် အင်တာနက်သုံးတဲ့အခါမှာ ကန့်သတ်ထားတာတွေ၊ ပိတ်ပင်တားဆီးထားတာတွေကို ကျော်လွှား ကြည့်ရှုနိုင်ဖို့ အသုံးပြုကြတာ ဖြစ်ပါတယ်။ ဒါကိုVPN ကျော်သုံးတယ်ဆိုပြီး ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

နောက်သတိထားစရာ တစ်ခုကတော့ မိမိ ဖုန်းထဲမှာရှိတဲ့ ငွေလွှဲ၊ ငွေသွင်း လုပ်တဲ့ဆော့ဝဲလ်တွေ၊ အီးမေးလ်တွေအသုံးပြုမယ်ဆိုရင် VPN ဆော့ဝဲလ်ကို ပိတ်ပြီးမှ အသုံးပြုဖို့ အကြံပြုပါတယ်။ VPN ဖွင့်ပြီး အသုံးပြုမယ်ဆိုရင် ချိတ်ဆက်ထားတဲ့ ဆော့ဝဲလ်တွေရဲ့လုံခြုံရေးစနစ်တွေကတစ်ဆင့် အကောင့်ပိတ်ခံရတာမျိုး၊ လိုင်းမကောင်းတဲ့အချိန်မှာ တည်နေရာ (Location) ခဏခဏ ပြောင်းသုံးတာမျိုးတွေလုပ်မိရင် အကောင့် Lock ကျသွားတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သတိပြုပြီး အသုံးပြုဖို့ အကြံပြုလိုက်ရပါတယ် ခင်ဗျ။ နောက်တစ်ပတ် ပြန်ဆုံပါမယ် ခင်ဗျ။

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါလင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

Airplane Mode အကြောင်းသိကောင်းစရာ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ

Cybergreen • ဖြေကြားချက် 0 ခု

ပဲးခူအနောက်ခြမ်း မာ မိုးစပါ ရိတ်ခြွေစက် ခ ဘဟ်လောက်ရှိလည်းဗျိုု့ ရိပ်ပြီသား လူတေရှိရင်အော်ခဲ့ ပါအုန်း ဘယ်နယ်မာ ဘယ်စျေးနဲ့ ရိတ်ပါတယ် ဆိုတာလေး လည်း ပြေားခဲ့ ပါအုန်းနော် မင်းလှပိုင် စစ်ကွင်းမာတော့ ၁ဧက ၂သိန်း စျေးနဲ့ ယူနေကြတယ် ဗျို့ စပါးကလည်း မြတ်တေမနိုင် စပါးကမထွက်

ကိုကို • ဖြေကြားချက် 1 ခု

ဆရာရေ စပါးခင်းမှာ လောင်မီးပိုး ကျနေလို့ ဘာဆေးဖျန်းရမလဲခင်မျာ အပင်သက်တမ်းက ရက်၉၀ ရှိပါပြီ ဆေးဖျန်းရင် အပင်လောင်မှာလည်း စိုးလို့ပါ

U Thu • ဖြေကြားချက် 1 ခု

ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ

U Yan • ဖြေကြားချက် 3 ခု

အပင်သန်ကြိုင်ခြင်လို့ပါဘယ်လို့အသုံးပြု၍ဘာတွေထည့်ရလည်း

ဦးမိုက် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။