အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

ဗူးသီးလေးတွေ သေးသေးလေးအချိန်မှာ ညိုလိုက် လာပြီး ခြောက်သွားတာ ဘာလို့လဲ??? နှင်းခါး ရိုက်လို့လား၊ မိုးမိလို့လား၊...

ဗူးသီးလေးတွေ သေးသေးလေးအချိန်မှာ ညိုလိုက် လာပြီး ခြောက်သွားတာ ဘာလို့လဲ??? နှင်းခါး ရိုက်လို့လား၊ မိုးမိလို့လား၊ နေအရမ်းပြင်းလို့လား...

စိုက်ပျိုးနည်း ဟင်းသီးဟင်းရွက်
1

ဖြေကြားချက် ၁ ခု

12,778 လွန်ခဲ့သော ၈ နှစ် က

မေးခွန်းကြီးကလည်း မရှင်းလိုက်တာဗျာ။ ရာသီဥတုသုံးခုလုံးပါနေတယ်။ ဖြစ်နိုင်ချေတွေက အများကြီးရှိတယ်။ မေးခွန်းမေးတဲ့သူကို တိတိကျကျပြန်ပေးဖို့လိုတယ်ဗျာ။ အခုဟာက ဘယ်လိုဖြေပေးရမှန်းမသိတော့ဘူး။ အဲဒီတော့ ဖြစ်နိုင်ချေတွေကို မှန်းဖြေ လိုက်မယ်။ ပထမဆုံး ဆောင်းရာသီမှာဆိုရင် နှင်းခါးထက် သီးထိုးယင် ဥချသွားလို့ဖြစ်နိုင်တယ်။ ကြီးတဲ့အသီးထိုးရင်သာ ပုပ်သွားတတ်တာ။ ငယ်ငယ်နဲ့ သီးထိုးယင် ထိုးသွားရင် ညှိုးခြောက်သွားတတ်တယ်။ အဲဒီတော့ အမဲရိုး ချိတ်ပေးရင်ရတယ်။ သီးထိုးယင်က အမဲရိုးနဲ့ရတော့ အမဲရိုးကိုပဲ မဲနေပြီး အသီးကို မေ့သွားတာပေါ့ဗျာ။ ငယ်ငယ်ကတော့ လက်ညှိုးနဲ့ ထိုးရင် ပုပ်တယ်လိုလူကြီးတွေ ပေါက်ကရပြောလို့ လက်သန်းတို့နဲ့ ပြောင်းပြီး ညွှန်ပြဖူးတယ်။ ဒါတွေကတော့ လက်တွေ့တော့ မကျပါဘူးး။ နောက်တစ်ခုက ထောင်ချောက်ဆင်တာပါ။ ရေသန့်ပုလင်းကို ကတော့ပုံစံဖြစ်အောင်ဖြတ်လိုက်ပါ။ ပြီးတော့ အောက်ကပိုင်းထဲကို ပြောင်းပြန်ထည့်လိုက်ပါ။ မထည့်ခင်မှာ ပင်စိမ်းရွက်ကို ချေပြီး အပေါ်ကနေ သံပုရည် ညှစ်ထည့်လိုက်ပါ။ ပြီးမှ အပေါ်ကနေ ကတော့ပုံစံကို ပြောင်းပြန်လှန်ထည့်လိုက်ပါ။ သီးလုံးဖောက်ယင်တွေက ပင်စိမ်းနဲ့ သံပုရာအနံ့ကို ကြိုက်ပြီး သူရှိရာကို တန်းလာပါလိမ့်မယ်။ အထဲကို ဝင်ပြီးသွားရင် ပြန်မထွက်တတ်တော့ပါဘူး။ အဲဒီအခါမှာ မိမိကြိုက်သလို စီရင်လို့ရပါတယ်။ မသတ်ချင်ရင်တော့ ပြန်မလာနိုင်တဲ့ နေရာမှာ သွားပစ်လိုက်ပေါ့။ နောက်မိုးရာသီမှာတော့ ဝတ်မှုန်မကူးနိုင်တော့တာ။ များသောအားဖြင့် မိုးရာသီမှာ ဘူးတို့ ဖရုံတို့က အညွှန်ပဲရောင်းလေ့ရှိတယ်။ ဝတ်မှုန်ကူးရခက်လို့။ အဖိုဝတ်မှုန်တွေက အမဝတ်မှုန်ဆီကို မရောက်နိုင်ကြတော့ဘဲ မိုးစိုကုန်ကြတယ်။ မိုးရာသီမှာ အင်းစက်တွေကလည်း မိုးခိုတာများတော့ ကူးမပေးနိုင်ကြဘူး။ အဲဒီတော့ မျိုးမအောင်ဘဲ ညှိုးခြောက်သွားရတယ်။ မိုးရာသီမှာ လက်နဲ့ ဝတ်မှုန်ကူးပေးရလေ့ရှိတယ်။ နောက်တစ်ခုဖြစ်နိုင်တာက အဟာရချို့တဲ့တာဖြစ်နိုင်တယ်။ အချို့သော အနည်းလိုအဟာရဓာတ်တွေက ချို့တဲ့ရင် အသီးဖြစ်ပေါ်မှုကို အားနည်းစေတယ်။ အတိအကျတော့ မသိဘူး။ ဘိုရွင်ထင်တယ်။ သူချို့တဲ့ရင် ပန်းပွင့်တွေကြွေကုန်တယ်။ အဲဒီတော့ အနည်းလိုအဟာရဓာတ်တွေပါတဲ့ အားဆေးတွေဖျန်းပေးဖို့လိုအပ်တယ်။ နောက်တစ်ခုက အပင်ကြီးထွားတဲ့ဘက်ကိုပဲ လိုက်နေလို့။ ဟုန်သွားတယ်လို့ခေါ်တယ်။ လူကောင်ကြီးလာပြီး ကျက်မပြည့်တဲ့သူတွေလို့ ဥပမာပေးရင်ပိုမှန်မယ်ထင်တယ်။ ရှေးလူကြီးတွေကတော့ အဲဒီလိုဖြစ်နေရင် အပင်ကို လုံချည်ပတ်ပေးတာတို့၊ ပင်စည်ကို သပ်ရိုက်တာတို့လုပ်လေ့ရှိတယ်။ အဓိကကတော့ အပင်ကိုနာအောင်လုပ်လိုက်ရင် အပင်က သေရတော့မယ်ဆိုပြီး သေပန်းပွင့်လာတော့တာပဲ။ အရမ်းနာအောင်တော့မလုပ်နဲ့ပေါ့ဗျာ။ တစ်ခါတည်းသေသွားအုံးမယ်။ ဒါက ဖြစ်နိုင်ချေတွေပဲ ထင်တယ်နော်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။