ဘာဖြစ်တာလဲ ရွာကို လာတဲ့ ဆရာလေးတွေက မြေအောင်းပိုး ကျတာလျု့ပြောတယ်။ ဖျူရာဒန်ချတာ မသက်သာဘူး။ အထွက်...
ဘာဖြစ်တာလဲ ရွာကို လာတဲ့ ဆရာလေးတွေက မြေအောင်းပိုး ကျတာလျု့ပြောတယ်။ ဖျူရာဒန်ချတာ မသက်သာဘူး။ အထွက်ကောင်းမှာ မဟုတ်တော့ဘူး
ဘာဖြစ်တာလဲ ရွာကို လာတဲ့ ဆရာလေးတွေက မြေအောင်းပိုး ကျတာလျု့ပြောတယ်။ ဖျူရာဒန်ချတာ မသက်သာဘူး။ အထွက်ကောင်းမှာ မဟုတ်တော့ဘူး
ပထမဦးဆုံး ပြောလိုတာက ဒီလက္ခဏာက ပိုးကျတဲ့ လက္ခဏာ လုံးဝမဟုတ်ပါဘူး။ ပိုးနဲ့ ရောဂါနဲ့ ခွဲခြားနည်းကို ဒီလင့် http://greenwaymyanmar.org/article/91 မှာ ဝင်ဖတ်လို့ရပါတယ်။ ဒီရောဂါက စပါးဂုတ်ကျိုးရောဂါလို့ ယူဆပါတယ်။ (ပုံမှာပါတဲ့ ရောဂါလက္ခဏာက လွန်းပုံစံ အကွက်ဖြစ်နေပြီး အလယ်မှာ အဖြူကွက် ပါဝင်နေတာကြောင့်ပါ)။ ဒီရောဂါကို ကာကွယ်ဖို့အတွက်ဆို မှိုသတ်ဆေးဖျန်းပေးဖို့လိုအပ်ပါတယ်။ အနှံမထွက်ခင် မှို့ကပ်စ ချိန်တွင် ကျရောက်ပါ အထွက် လုံးဝ ကျဆုံးတတ်ပြီး အနှံထွက်ပြီးချိန်မှ ကျရောက်ပါက အရည်အသွေး နိမ့်ကျသော စပါးများ ရရှိမည် ဖြစ်ပါသည်။ ဆီလီကွန် ချို့တဲ့တဲ့ မြေကြီးမှာ ဖြစ်တတ်အတွက်ကြောင့် မြေပြင်ချိန်မှာ ဆီလီကွန်ပါတဲ့ မြေသြဇာ သို့မဟုတ် သဘာဝမြေသြဇာ (စပါးခွံမှာ ဆီလီကွန် ပါဝင်ပါသည်။ သို့သော် မဆွေးမြေ့သေးတဲ့ စပါးခွံမှာ မျိုးကွဲတွေ ပြန်ပေါက်နိုင်ပါတယ်။) ထည့်ပေးဖို့ လိုပါတယ်။ လယ်ကွင်းကို ရေသွင်းလိုက်ခြင်းအားဖြင့်လည်း ရောဂါ ပြန့်ပွားမှုကို သက်သာနိုင်ပါတယ်။ အကောင်းဆုံးကတော့ ခံနိုင်ရည်ရှိတဲ့ မျိုးစိုက်ပျိုးခြင်းပါ။ ရောဂါနှင့် ပတ်သတ်သည့် အကြောင်းအရာအပြည့်အစုံကို စားရေရိက္ခာ ဖူလုံဖို့ ရောဂါကာကွယ် နှိမ်နင်းစို့ သင်္ကြန်ကာလ ဘာသာပြန် အစီအစဉ် မှ တစ်ဆင့် ပြည့်ပြည့်စုံစုံ တင်ပေးသွားမည် ဖြစ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ သိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကျနော်တို့အိမ်မှာ ပရွက်ဆိတ်တွေအရင်ကမရှိဘူး။ နောက်ပိုင်းကျတော့ ဘေးအခန်းတွေ ကနေရောက်လာရော။ အဲဒါ ဘယ်လိုရှင်းရမလဲ...
ဖြေကြားချက် 1 ခု
ဗူးသီးလေးတွေ သေးသေးလေးအချိန်မှာ ညိုလိုက် လာပြီး ခြောက်သွားတာ ဘာလို့လဲ??? နှင်းခါး ရိုက်လို့လား၊ မိုးမိလို့လား၊...
ဖြေကြားချက် 1 ခု
စိုက်ပျိုးသီးနှံများတွင် ကျရောက်သောပိုးများနှင့် ရောဂါကျရောက်နေပုံများကို ဓါတ်ပုံများရိုက်ပို့ပြီး မေးခွန်းမေး...
ဖြေကြားချက် 1 ခု
ခါကြက်ဥစိုက်ပျိုးနည်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။