ဖြေကြားချက် ၁ ခု
၁. ပုရွက်ဆိတ်လာတဲ့ လမ်းကြောင်းမှာ မြေဖြူ တား ထားပါ ၂. ဗီနီဂါကို ဂွမ်း ဒါမှမဟုတ် ရေငွေ့ပျံတာ မလွယ်တဲ့ အဝတ်စ ဥပမာ Snow towel လို အဝတ်တွေမှာ စွတ်ပြီး ပုရွက်ဆိတ် ထွက်လာတဲ့ အပေါက်ဝ မှာ သူတို့ လမ်းကြောင်းမှာ ချထားလိုက်ပါ ၃. နောက်ဆုံးနည်းကတော့ လမ်းကြောင်းပြောင်းတာ ဖြစ်ပါတယ်။ သူတို့လာတဲ့ လမ်းကြောင်းမှာ ပျားရည်စွတ်ထားတဲ့ အဝတ် ဒါမှမဟုတ် စက္ကူ ကို ချထားပြီး အဲဒီ့ ပျားရည်စွတ်ထားတဲ့ ပစ္စည်းကို တစ်ဖြည်းဖြည်း နဲ့ ကိုယ်သွားလိုတဲ့ လမ်းကြောင်းကို ရွေ့ပေးပြီး သူတို့ လမ်းကြောင်းကို လွှဲပေးရပါမယ်။ ဖော်ပြထားတဲ့ နည်းလမ်းထဲက တစ်နည်း မဟုတ် တစ်နည်းကို စမ်းကြည့်လို့ ရပါတယ်။ ကျေးဇူးတင်လျက် အစိမ်းရောင်လမ်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဗူးသီးလေးတွေ သေးသေးလေးအချိန်မှာ ညိုလိုက် လာပြီး ခြောက်သွားတာ ဘာလို့လဲ??? နှင်းခါး ရိုက်လို့လား၊ မိုးမိလို့လား၊...
ဖြေကြားချက် 1 ခု
ဆလပ်ရွက် စိုက်ပျိုးနည်း သိချင်ပါတယ် ခင်ဗျ
ဖြေကြားချက် 1 ခု
နေရာအကျယ်သိပ်မရှိတဲ. နေရာမျိုးမှာဘယ်လိုအပင်မျိုးစိုက်ရမလဲ ကျေးဇူးပြုပြီး
ဖြေကြားချက် 2 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ သိချင်ပါတယ်
ဖြေကြားချက် 1 ခု
ဘာဖြစ်တာလဲ ရွာကို လာတဲ့ ဆရာလေးတွေက မြေအောင်းပိုး ကျတာလျု့ပြောတယ်။ ဖျူရာဒန်ချတာ မသက်သာဘူး။ အထွက်...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ