ရောဂါကျတာလား ဘာဖစ်တာလဲ တစ်ခင်းလုံးကူးအဲ့လိုတွေဖြစ်နေလို့
ပိုးစားတာမဟုတ်ပါဘူးရှင့် Oomycotaထဲပါတဲ့ Albugo မှိုကြောင့်ပါ သူ့အရွက်အောက်က အဖြူအခဲလေးတွေကို ခြစ်ပြီး lab ခန်းထဲ မှာ ကြည့်ရင် မှိုကို တွေ့ရမှာပါ
Azoxystrobin+Difenoconazoleက ဒီရောဂါအတွက် သိပ်အဆင်မပြေလောက်ဘူးထင်တယ်နော် difenoconazoleက oomycota မှိုတွေကို မနိုင်လို့ပါ ပြီးတော့ azoxystrobinကလည်း အခုလိုတစ်ခင်းလုံးကူးပြီးမှ သုံးတာက မထိရောက်ပါဘူး
ပိုးစားတာနေမှာ
Azoxystrobinနဲ့ Difenoconazole ဖျန်းထားတယ်ဗျ အဆင်ပြေလောက်လားဗျ
ကန်စွန်းသံချေးဖြူရောဂါပါ (white blister disease) တကယ်က ရောဂါစဖြစ်ကတည်းက နှိမ်နင်းထားသင့်ပါတယ် တစ်ခင်းလုံးကျနေပြီဆိုတော့ နှိမ်နင်းဖို့ နောက်ကျနေပြီလို့ ထင်ပါတယ် ပင်လုံးပြန့်အာနိသင်ရှိတဲ့ metalaxy တို့လို ဆေးမျိုးနဲ့ copper ပါတဲ့ ဆေးတွေ mecozebတို့လို ဆေးတွေကို တစ်လှည့်စီ ဖျန်းပေးရပါတယ် ပေါင်းမြက်တွေ ရှင်းထားပေးပါ ရောဂါကျထားတဲ့ အရွက်တွေကို နိုင်သလောက် ဖယ်ရှားပေးပါ နောက်တစ်ခေါက်ပြန်စိုက်မယ်ဆို အဲ့နေရာမှာ ကန်စွန်းနဲ့ မျိုးတူတာတွေ မုန်ညင်းမုန်လာအုပ်စုတွေ ပြန်မစိုက်ပါနဲ့ သီးလှည့် စိုက်လိုက်ပါ ပြီးတော့ နိုက်ထရိုဂျင်မြေသြဇာ (ပုလဲ) တွေကိုလည်း စွတ်မကျွေးပါနဲ့ အရွက်မှာ ဖြစ်တဲ့ ရောဂါတွေ ပိုးမွှားတွေက နိုက်ထရိုဂျင်အကျွေးများရင်လည်း ဖြစ်တတ်တယ် ဘာလို့ဆို အရွက်နုပြီးအရည်ရွှမ်းနေတော့ သူတို့တွေ ပိုကြိုက်ကြလို့ပါ
ဆက်စပ်မေးခွန်းများ
မိုးရာသီမှာ ထိုင်ဝမ်ကန်စွန်းရွက်စိုက်လို့ရပါသလား။ နည်းလမ်းပေးကြပါ ဆရာတို့။ (ကုန်းကန်စွန်း)
ဖြေကြားချက် 2 ခု
အပင်တွေသေကုန်ဘာဆေးသုံးရမလဲပြောပြပါဗျ ပေါင်းပင်တွေသေအောင်ဘာဆေးသုံးရမလဲ
ဖြေကြားချက် 7 ခု
ကန်စွန်းရွက် စိုက်ချင်လို့ပါ...ရှမ်းပြည်တောင်ပိုင်းဘက်ကပါ...စိုက်လို့အဆင်ပြေပါသလား...ဘယ်အချိန်မာစိုက်ရင်အဆင်...
ဖြေကြားချက် 5 ခု
ရေကန်စွန်းစိုက်ချင်လို့ပါဘယ်လိုစိုက်ကမလဲအလင်းပြကြပါလားဆရာသမားတို့မျိုးကကောဘာမျိုးကောင်းလဲဗျ
ဖြေကြားချက် 2 ခု
ကျွဲဆည်ကန် ကားကြီးကွင်းနားနေတာပါ မြေတွေက မာ နေလို့ အကုန်အကျနည်းတဲ့ မြေသြဇာ လုပ်နည်းလေးသိချင်လို့ပါ...ဆရာတို့....
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။