အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
11,135
လွန်ခဲ့သော ၆ နှစ် က · မှော်ဘီ

ရေကန်စွန်းစိုက်ချင်လို့ပါဘယ်လိုစိုက်ကမလဲအလင်းပြကြပါလားဆရာသမားတို့မျိုးကကောဘာမျိုးကောင်းလဲဗျ

စိုက်ပျိုးနည်း ကန်စွန်းရွက်
2

ဖြေကြားချက် ၂ ခု

11,135 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူး

100,154 လွန်ခဲ့သော ၆ နှစ် က

 ၁။စိုက်ပျိုးခြင်း ကန်ဇွန်းကိုအညွှန့်ဖြတ်ကာစိုက်ကပို၍ရှင်သန်သည်။အဆစ်အနည်းဆုံး(၄)ဆစ်ပါသောကိုင်းများကို(၈-၁၀) လက်မအရှည်ခန့် ဖြတ်ယူ၍ စိုက်ကျင်းတစ်ကျင်းလျှင်(၂-၃)ပင်စိုက်ပါ။စိုက်ရာတွင်စပါး စိုက်သကဲ့ သို့လက် ဖြင့်အောက်ခြေပိုင်းကို မြေထဲသို့ အဆစ်(၂)ဆစ်ထိ ဝင်အောင်ထိုးစိုက်ပါ။တန်းကြား၊ ပင်ကြား(၁၂x၁၀)လက်မထား ၍စိုက်ပါ။ မိုးတွင်း၌စိုက်ပါက အပင်ခြေတွင် တုတ်စိုက်ပြီး ချည်ထားပေးရန် လိုသည်။တစ်ဧကလျှင်ကန်ဇွန်းပင်ဖြတ်ပိုင်း(၁၀၀၀၀-၁၅၀၀၀)ထိလိုအပ်သည်။ ၂။အပင်ပြုစုခြင်း အပင်ချစိုက်ပြီးလျှင်ပြီးချင်း(၃)လက်မအနက်ရအောင်ရေသွင်းပေးပါ။အခင်းထဲတွင်ရေ(၃-၆)လက်မရှိနေစေရန် ထိန်းသိမ်းပါ။ နွေရာသီ ပူပြင်းလာပါကတစ်ပတ်တစ်ကြိမ်ရေလဲပေးသင့်သည်။သို့မှသာ စိုက်ခင်းရှိရေများပူလာ ခြင်းကြောင့် အပင်ကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်မည်။စိုက်ပြီး(၁)လအတွင်းပေါင်းမြက်ပေါက်ပါက ရှင်းပေးပါ။ ထို့ နောက်ရွက်ဖြန်းဆေး ပက်ဖြန်းပေးပါ။ ၃။မြေဩဇာကျွေးခြင်း (၂၀x၃)ပေစိုက်ဘောင်တစ်ဘောင်လျှင်- - မြေပြုပြင်ချိန်တွင်နွားချေးတစ်တင်း - မစိုက်မီ(၁-၂)ရက်အလိုတွင် ပုလဲဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး၊ တီစူပါဓါတ်မြေဩဇာနို့ဆီဗူး၁/၂ ဗူးနှင့်ပို တက် ရှ် ဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး - စိုက်ပျိုးပြီးတစ်လအကြာတွင်ပုလဲဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး ၄။ ရိတ်သိမ်းခြင်း ရိတ်ခါနီးတွင်ရေကို အခင်းအတွင်း(၅)လက်မသို့လျှော့ချပြီး၊ ကန်ဇွန်းညွှန့်များကို ရိတ်သိမ်းရမည်။ ကျန်နေသော ကန်ဇွန်းငုတ် များသည် ရေပေါ်တွင်(၂-၃) ပေါ်နေရမည်။ ကန်ဇွန်းပင်များကိုစိုက်ပြီး(၆၀-၁၂၀)ရက်ကြာလျှင်ရိတ် သိမ်းနိုင်သည်။ တစ်ဧကလျှင် ကန်ဇွန်းပိတ်ဿချိန်(၅၀၀-၁၀၀၀)အထိထွက်နိုင်သည်။ရိတ်သိမ်းပြီး(၁-၂)ရက် အတွင်းရောင်းရပါမည်။ Greenway

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။