ငရုတ်ပင်များကို နွားချေးကျွေးပြီး အရွက်များကုတ်နေသဖြင့် ဘာဆေးသုံးရမလဲ ဖြေကြားပေးပါဗျာ
တမာရွက်ကို အလေးချိန် ၂၅ ကျပ်သား နှူတ်နှူတ်စဉ်း ရေ တဂါလံ တည စိန် ဆေးတပုံး နိုှုဆီဗူး တဗူး ထည့်ဖျန်းပါ ပိုထည့်လည်း ဘေးကျိူးဆိုးထွက် မရှိပါ
တမာပိုးသတ်ဆေး က ဘယ်လိုဟာမျိုးလည်းဗျ ဆေးဆိုင်မှာမေးဝယ်လို့ရလားဗျ
အရွက်ကုတ်ရခြင်းက စုပ်စားပိုးကြောင့်လည်းကုတ်တတ်ပါတယ်။ လက္ခဏာတွေအရလည်း စုပ်စားပိုးလို့ယူဆရပါတယ်။ အခင်းမှာ ပျ၊ လှေး၊ ယင်ဖြူ ပိုးတွေရှိမရှိကင်းထောက်ကြည့်ပါဦးရှင့်။ ပိုးတွေကျနေတယ်ဆိုရင်တော့ ပိုးကောင်တွေကိုလက်နဲ့ဖယ်ရှားတာမျိုး၊ အရမ်းဆိုးရွားစွာကျနေတဲ့အပင်တွေကို ဖယ်ရှားပေးတာမျိုးတို့လုပ်ပေးပါ။ နိုင်ထရိုဂျင်များတဲ့ မြေသြဇာတွေမကျွေးသေးပါနဲ့ နွားချေးလည်းထပ်မထည့်သေးရင်ကောင်းပါမယ်။ သဘာဝပိုးသတ်ဆေးအနေနဲ့ တမာပိုးသတ်ဆေးကိုဖျန်းလို့ရပါတယ်။ ဆိုးရွားစွာအများကြီးကျနေတယ်ဆိုရင်တော့ ဓာတုဆေးအနေနဲ့ ပင်လုံးပြန့်၊ ထိသေ အာနိသင်ရှိတဲ့ဆေးတစ်မျိုးမျိုးသုံးပါ။
ဆက်စပ်မေးခွန်းများ
နှမ်းပင်အဲဒီလိုဖြစ်နေတာ ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 2 ခု
စုပ်စားပိုးကြောင့်အရွက်များကုတ်နေသဖြင့်ပြန်လည်ကောင်းမွန်ရန်မည်သည့်ဆေးဝါးအသုံးပြုရမည်ကိုဖြေကြားပေးပါခင်ဗျာ
ဖြေကြားချက် 4 ခု
ဒီလိုမျိုဖစ်နေတယ်ဗျ ဆေးရှိနည်းလမ်းလေညွန်ပေကြပါအုန်
ဖြေကြားချက် 2 ခု
နှမ်းမှာ အရွက်တွေ ကုတ်နေတာ မှိုလား၊ စုပ်စားပိုးလား အလင်းပြပါဗျ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 4 ခု
အရွက်တေလိပ်နေတယ်ဆရာတို့ရေဘာဖစ်တာလဲပြောကြပါအုံးပွင့်ဖူးတေလာနေမှ
ဖြေကြားချက် 7 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။