အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,367
လွန်ခဲ့သော ၆ နှစ် က · ချမ်းမြသာစည်

Hydroponics solution နဲ့ပက်သက်ပြီးတင်ထားတာဘာမှမတွေ့လို့ပါ။ Solution စပ်ပုံစပ်နည်းလေးသိချင်ပါတယ်။ ဝယ်ရခက်လို့ပါ...

Hydroponics solution နဲ့ပက်သက်ပြီးတင်ထားတာဘာမှမတွေ့လို့ပါ။ Solution စပ်ပုံစပ်နည်းလေးသိချင်ပါတယ်။ ဝယ်ရခက်လို့ပါ။

အပင်အာဟာရ ကန်စွန်းရွက်
3

ဖြေကြားချက် ၃ ခု

270,769 လွန်ခဲ့သော ၆ နှစ် က

ဘယ်နည်းကိုစမ်းလုပ်ထားတာလဲရှင့်။ ငါးအမိုင်နိုအက်ဆစ်ကတော့ ငါးရဲ့စွန့်ပစ်ပစ္စည်းတွေနဲ့လုပ်ရတာဆိုတော့ အပုပ်နံ့တော့ထွက်ပါတယ်ရှင့်။ လုပ်ထားပြီး၂ ပတ် ၃ပတ်ကြာရင် သုံးလို့ရပါပြီ။ ၂ ရက်လောက်ဆိုရင်ကို အပုပ်နံ့တော့ထွက်ပါတယ်။ အာ့ကြောင့် အိမ်နဲ့ဝေးတဲ့နေရာမှာလုပ်ဖို့ညွှန်းထားကြတာပါ။ အဲ့တာတွေကတော့ အပင်ကြီးထွားဖို့အတွက်တကယ်ထိရောက်ပါတယ်။ လူကြီးမင်းက သဘာဝမြေသြဇာအရည်ကိုပဲသုံးချင်တယ်ဆိုရင်တော့ အဲ့နည်းလမ်းတွေက အဆင်ပြေပါတယ်။ အပင်အာဟာရ ကဏ္ဍမှလည်း သဘာဝမြေသြဇာလုပ်နည်းတွေနဲ့ပတ်သတ်ပြီးဆောင်းပါးများရှိပါတယ်။ လေ့လာကြည့်ပြီးအဆင်ပြေစေမယ့်နည်းလမ်းတွေကို လုပ်ကြည့်ပါလားရှင့်။ အဆင်ပြေပါစေရှင့်။

4,367 လွန်ခဲ့သော ၆ နှစ် က

စမ်းပြီးပြီခင်ဗျ၊ အဲဒါတွေနဲ့အဆင်မပြေဘူး။ ၂ရက်လောက်တောင်မကြာဘူး ရေပုပ်တာတွေ၊ ရေအနံ့ဆိုးလာတာတွေဖြစ်တယ်။

68,534 လွန်ခဲ့သော ၆ နှစ် က

nutrient solution ကိုပြောတာလားရှင့်။ အာဟာရဖျော်ရည်အဖြစ် တီကျစ်စာရည်၊ ငါးအမိုင်နိုအက်ဆစ်၊ em ဖျော်ရည် ‌စတာတွေကို သုံးလို့ရတယ်လို့ သိရပါတယ်။ တစ်ကယ်လို့မရှိခဲ့ရင်လည်း ၁၅ပတ်လည်ကို တစ်ခါထည့် ၄ကျပ်သားထည့်ပေးလို့ရတယ်လို့လည်း သိရပါတယ်ရှင့်။ ငါးအမိုင်နိုအက်ဆစ်လုပ်နည်း နဲ့ em လုပ်နည်းတို့ကတော့ Greenway app ရဲ့ ဆောင်းပါးတွေထဲမှာ ရှိပါတယ်ရှင့်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။