အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Sai Nyein Chan

Sai Nyein Chan

အခြား · ချမ်းမြသာစည်

4,367
လွန်ခဲ့သော ၆ နှစ် က

ဟုတ်တယ်ဗျာ၊ ကျတော်လဲမြန်မာပင်စိမ်းထင်လို့စိုက်ထားမိတာ။

မျိုးထုပ်မှာ Basil လို့ရေးထားလို့ ပင်စိမ်းပဲဖြစ်မယ်ဆိုပြီးအိမ်မှာဝယ်စိုက်ထားတယ် (ပုံကတော့အင်တာနက်ကပါ)။ ပုံထဲကလိုအပင်မျိုး‌သေးသေးလေးတွေတော့ပေါက်နေပြီ။ ဒါပေမယ့် ပင်စိမ်းလဲမဟုတ်ပြန်ဘူး၊ ပင်စိမ်းကတော်တော်ကိုမွှေးတာလေ၊ အခုဟာကဘာအနံ့မှမရဘူး။ ဟင်းနုနွယ်လိုလိုပဲ။ ** Basil ဆိုတာဘာအပင်လဲခင်ဗျ?

လွန်ခဲ့သော ၆ နှစ် က

ဪ အဲဒါကြောင့်ဖြစ်မယ် စားကြည့်ရတာပေါ့ဗျာ ကျေးဇူးတင်ပါတယ်အကို

မျိုးထုပ်မှာ Basil လို့ရေးထားလို့ ပင်စိမ်းပဲဖြစ်မယ်ဆိုပြီးအိမ်မှာဝယ်စိုက်ထားတယ် (ပုံကတော့အင်တာနက်ကပါ)။ ပုံထဲကလိုအပင်မျိုး‌သေးသေးလေးတွေတော့ပေါက်နေပြီ။ ဒါပေမယ့် ပင်စိမ်းလဲမဟုတ်ပြန်ဘူး၊ ပင်စိမ်းကတော်တော်ကိုမွှေးတာလေ၊ အခုဟာကဘာအနံ့မှမရဘူး။ ဟင်းနုနွယ်လိုလိုပဲ။ ** Basil ဆိုတာဘာအပင်လဲခင်ဗျ?

လွန်ခဲ့သော ၆ နှစ် က

လေ့လာဖူးသလောက်က ပုံစံ၁၀၅ ဆိုတာမြေပုံကိုပြောတာ၊ ၁၀၆ ကမြေရာဇဝင်။ ဘယ်သူမဆို မိမိသိချင်တဲ့မြေနေရာကို စည်ပင်မြေစာရင်းဌာနကိုသွားပြီး အဲဒီနေရာလေးက မြေပုံထဲစာရင်းရှိသလား စာရင်းသွင်းထားသလား ပါသလားဆိုတာကိုသွားတောင်းယူကြည့်လို့ရတယ်။ သူတို့ဖက်က အထောက်အထားမြေပုံစာရွက်ပြန်ထုတ်ပေးလိုက်တာကိုပဲ ပုံစံ ၁၀၅ ခေါ်တာ။ ပုံစံ၁၀၅ လက်ထဲရှိခြင်း၊ မရှိခြင်းက မြေကိုပိုင်ခြင်းမပိုင်ခြင်းနဲ့ နဲနဲမှမသက်ဆိုင်ဘူး။ ပုံစံ ၁၀၆လဲထိုနည်း၎င်းပဲ။ ၁၀၆က အဲဒီမြေရဲ့ရာဇဝင်ကိုရေးသားမှတ်တမ်းတင်ဖော်ပြထားတဲ့ မြေရာဇဝင်မှတ်တမ်းပါ။ ၁၀၆ကိုလဲ‌ဘယ်သူမဆိုတောင်းယူကြည့်ရှုလို့ရပါတယ်။ ၁၀၅နဲ့၁၀၆လက်ထဲရှိခြင်းဟာ မြေပိုင်ခြင်းမပိုင်ခြင်းကို မထောက်ခံပါဘူး။ နောက်ပိုင်းလယ်မြေကိုအကွက်ရိုက်ရောင်းတဲ့ပွဲစားတော်တော်များများက ပုံစံ၁၀၅ကျပြီးသားမြေလို့ အလွယ်တကူပြောဆိုရောင်းချနေကြပါတယ်၊ မုသားမပါ လက်ာမချောနည်းနဲ့ ဂျင်းထည့်နေကြတာပါ။ တကယ့်တကယ် လယ်ယာမြေလုပ်ပိုင်ခွင့် ပိုင်ဆိုင်ကြောင်းလက်မှတ်က မိမိအမည်ပေါက်ထားတဲ့ ပုံစံ၇ပါ။ ဥယျာဉ်ခြံမြေကတော့ ပုံစံ ၁‌၃ပါ။

လယ်မြေ ယာမြေ ပုံစံ ၁၀၅/၁၀၆ နဲ့လွန်ခဲ့သော၂၀၀၈ ကဝယ်ယူခဲ့ပြီး မြေတိုင်းဌာန မှအသိသက်သေ လက်မှတ်ထိုးခဲ့ပါတယ် မိမိမှာ ဝန်ထမ်းဖြစ်နေပါသဖြင့် စေလွှတ်သောနေရာ ဌာနများသို့သွားရောက်တာဝန်ထမ်းဆောင်နေရပါသဖြင့် ပြန်လည်၍မရောက်ဖြစ်ပါ ဆက်သွယ်ရန်ဖုန်းနံပါတ်အားမြေတိုင်းသို့ပေးခဲ့ပါသည် ယခုအခါတွင်ထိုမြေအားမြေတိုင်းစာရေးမှမြေကွက်များရောင်းချရာတွင်ပါဝင်လက်မှတ်ထိုးခြင်း ပုံစံ ၇ အားအခြားသူတစ်ယောက်အားထုတ်ပေးခြင်းများပြုလုပ် နေပါသဖြင့် မည်သို့ဆောင်ရွက်သင့်ပါသလဲ

လွန်ခဲ့သော ၆ နှစ် က

ခါးရိရောဂါ?

မုန်ညှင်းပင် ၁၄ရက်သားလေးပါ။ ၁၃ရက်နေ့ညအထိကအကောင်း၊ ၁၄ရက်နေ့ည ကြည့်လိုက်တော့ တော်တော်များများလဲနေကြတယ်။ အကုန်လုံးမှာ ပုံထဲကလိုပဲ ခါးနေရာက သေးသေးလေးဖြစ်နေကြတယ်။ အဲဒါဘာဖြစ်တာလဲဗျ။

လွန်ခဲ့သော ၆ နှစ် က

Manganese ဓါတ်ချို့တဲ့လို့ပါ

စံပါယ်ပင်အရွက်တွေမှာအဖြူဥလေးတွေဖြစ်နေပြီအရွက်တွေခြောက်လာတာဘာဖြစ်လဲပြောပြပါအုံး

လွန်ခဲ့သော ၆ နှစ် က

စမ်းပြီးပြီခင်ဗျ၊ အဲဒါတွေနဲ့အဆင်မပြေဘူး။ ၂ရက်လောက်တောင်မကြာဘူး ရေပုပ်တာတွေ၊ ရေအနံ့ဆိုးလာတာတွေဖြစ်တယ်။

Hydroponics solution နဲ့ပက်သက်ပြီးတင်ထားတာဘာမှမတွေ့လို့ပါ။ Solution စပ်ပုံစပ်နည်းလေးသိချင်ပါတယ်။ ဝယ်ရခက်လို့ပါ။

လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ

ခြအိမ်အဟောင်းလေးနဲ့တော့တူတယ်။ ခြတော့မတွေ့ရဘူး။ အဲဒါလေးကိုခြချေးအဖြစ်သုံးလို့ရလားခင်ဗျ။

လွန်ခဲ့သော ၆ နှစ် က

EM3 ပါ။ EM ကိုယ်တိုင်လုပ်ကြည့်ပါ။ ဆန်၁ဆ:ရေ၂ဆကို၁ပတ်လောက်‌ရောထားရင် အချဉ်ပေါက်လာတဲ့ဆန်ဆေးရည်ရမယ်။ ရလာတဲ့ဟာကိုနွားနို့၁၀ဆနဲ့ရောပြီးနောက်ထပ်၁ပတ်ထားရင် နို့ချဉ်အရည်ရမယ်။ အဲဒီရလာတဲ့နို့ချဉ်အရည်၁ဆကို ထန်းလျှက်ရည်၁ဆနဲ့ရေအဆ၂၀ရောပြီး ၃ပတ်ဆက်ထားရင် EM1ရပြီ။ မူလEM (original EM) လို့ခေါ်တယ်။ EM1 ၁ဆ၊ ထန်းလျှက်ရည် ၁ဆ၊ ရေအဆ၂၀ရောပြီး တစ်လထပ်ထားရင် EM2 ရပြီ။ EM အပြင်းပေါ့။ EM2 ၁ဆ၊ ထန်းလျှက်ရည် ၁ဆ၊ ရေအဆ၂၀ရောပြီးတစ်ပတ်‌ဆက်ထားရင် EM3 (instant EM) အသင့်သုံးEM ရပြီ။

EMကိုစိုက်ပျိူရေးအတွက်မြေဆွေလုပ်ရင်Emနံပတ်ဘလောက်ကိုအသုံပြုရတာလဲဗျာEMကိုမြို့တိုင်ဝယ်လိုရလာဗျာ မြေဆွေလုပ်ရင်နောက်ဘာပစ္စည်တွေလိုသေးလဲခဗျာမသိလိုပါ သိရင်ဖြေပေးပါအုံးနော်

လွန်ခဲ့သော ၆ နှစ် က

ဒီအတိုင်းဖျော်ထားတာပါ

EM လုပ်ထားတယ်ဆရာတို့။ ဆန်ဆေးရည်အချဉ်ဖောက်၊ နွားနို့နဲ့ရော၊ နွားနို့အချဉ်ပေါက်လာတဲ့အခါ တင်လဲရည်ထပ်ရော... အဲလိုနည်းနဲ့လုပ်ထားတာ အခုတစ်လခွဲလောက်ရပြီဆိုတော့ သုံးကြည့်မလို့။ အပင်ကို နေ့တိုင်း တစ်ရက်တစ်ခါဖြန်းလို့ရလား? ရက်ခြားရက်ခြားနဲ့ဖြန်းပြီး ကြားရက်မှာ ရိုးရိုးရေပဲပေးရမှာလားခင်ဗျ?

လွန်ခဲ့သော ၆ နှစ် က

နေ့တိုင်းသုံးလို့ရလားသိချင်လို့ပါ

EM လုပ်ထားတယ်ဆရာတို့။ ဆန်ဆေးရည်အချဉ်ဖောက်၊ နွားနို့နဲ့ရော၊ နွားနို့အချဉ်ပေါက်လာတဲ့အခါ တင်လဲရည်ထပ်ရော... အဲလိုနည်းနဲ့လုပ်ထားတာ အခုတစ်လခွဲလောက်ရပြီဆိုတော့ သုံးကြည့်မလို့။ အပင်ကို နေ့တိုင်း တစ်ရက်တစ်ခါဖြန်းလို့ရလား? ရက်ခြားရက်ခြားနဲ့ဖြန်းပြီး ကြားရက်မှာ ရိုးရိုးရေပဲပေးရမှာလားခင်ဗျ?

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။