ကလော်ပင် ထွတ်နေတာ ဘာဆေးဖျန်းရလဲရှင့်
ဘာဆေးထည့်ရမလဲ
ခြကိုက်တာဆိုရင် မြေတွင်းအောင်းဆေးထည့်ပါ အပင်ရှိသားနဲ့သေတာဆို ဖိုးလမင်းကောင်ကိုက်လို့ပါ
ကလော်ပင်ပါ
ကိုဝင်းနိုင်ဦး ဘာအပင်လဲရှင့်။ ဘာပိုးတွေလဲဆိုတာတစ်ချက်ပြောပေးပါဦး။ အမြစ်ထဲဝင်သွားပြီး တစ်ပင်လုံးသေသွားတယ်ဆိုရင်တော့ ဆေးဖြန်းရင်လည်းအရမ်းမထိရောက်နိုင်ပါဘူး။ သီးနှံသက်တမ်းက ရိတ်သိမ်းချိန်ရောက်တော့မယ်ဆိုရင်တော့ နောက်ရာသီအတွက် ကြိုတင်ကာကွယ်မှုတွေပြုလုပ်ပါ။
ကျွန်တော်အပင်ကအမြစ်ပိုးဝင်းသွားရင်တပင်လုံးသေသွာတယ်ဘာဆေးဖြန်းရမလဲ
good
စုပ်စားပိုးကျတဲ့ လက္ခဏာနဲ့တူပါတယ်။ ညနေအချိန်မျိုးမှာ ကင်းထောက်စစ်ဆေးကြည့်ပါ။ ဖြုတ်၊ ပျ၊ ယင်ဖြူ၊ မွှားပင့်ကူ တို့က စုပ်စားပိုးတွေပါ။ အဲ့လိုမျိုးတွေ့ရင်တော့ တမာပိုးသတ်ဆေးကို တစ်ပတ်တစ်ကြိမ်လောက် ဖျန်းပေးပါ။ အဝါရောင်ကပ်ခွာထောင်ခြောက်တွေလည်း ထောင်ပြီးဖမ်းနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ပေါင်းနဲ့အမှိုက်တွေကိုလည်းရှင်းပေးပါ။ စုပ်စားပိုးကနေ ဗိုင်းရပ်စ်ရောဂါလည်း ပါလာနိုင်တာမို့ သတိထားဖို့လိုပါတယ်။ ဗိုင်းရပ်စ်ရောဂါအတွက် ကုဖို့ဆေးမရှိပါဘူး။ ဗိုင်းရပ်စ်ရောဂါ လက္ခဏာတွေ့ပြီဆိုရင်တော့ ရောဂါကျတဲ့အပင်ကို နှုတ်ပြီး စိုက်ခင်းနဲ့ ဝေးရာမှာ မီးရှို့ဖျက်စီးရမှာပါပဲ။ ပိုးအရမ်းကျနေလို့ ဓာတုပိုးသတ်ဆေးသုံးမယ်ဆိုရင်တော့ အဆီတာမီပရစ်၊ အဘာမက်တင်၊ သိုင်ရာမီသောက်ဇင်၊ အင်မီဒါကလိုပရစ် စတာတွေပါတဲ့ ဆေးတမျိုးမျိုးကို အညွှန်းစာအတိုင်း သုံးပေးနိုင်ပါတယ်ရှင့်။
ဆက်စပ်မေးခွန်းများ
အရွက်တေလိပ်နေတယ်ဆရာတို့ရေဘာဖစ်တာလဲပြောကြပါအုံးပွင့်ဖူးတေလာနေမှ
ဖြေကြားချက် 7 ခု
နှမ်းမှာ အရွက်တွေ ကုတ်နေတာ မှိုလား၊ စုပ်စားပိုးလား အလင်းပြပါဗျ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 4 ခု
ငရုတ်ပင်များကို နွားချေးကျွေးပြီး အရွက်များကုတ်နေသဖြင့် ဘာဆေးသုံးရမလဲ ဖြေကြားပေးပါဗျာ
ဖြေကြားချက် 3 ခု
ကျနော်ကုလားအော်ပင်မာအရွက်နားတွန့်လိပ်နေတာဘာဖစ်တာလဲဖြေကြားပေးပါလား
ဖြေကြားချက် 9 ခု
ဘာဆေးသုံးရမလဲဗျာ
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။