အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,102
လွန်ခဲ့သော ၆ နှစ် က · ခင်ဦး

ပေါင်းသတ်ဆေးသုံးလျင် မြေဆီမြေနှစ်တွေကိုထိခိုက်နိုင်ပါသလား

မြေဆီလွှာ လျှော်ဖြူ
Post image
6

ဖြေကြားချက် ၆ ခု

116 လွန်ခဲ့သော ၆ နှစ် က
116 လွန်ခဲ့သော ၆ နှစ် က

ဂလိုင်ဖိုဆိတ်အုပ်စုကိုနှစ်ရှည်ပင်ဥယျာဥ်ကြားတေမှာမဖြစ်မနေ ပေါင်းမနိုင်မှတနှစ်တကြိမ်သုံးသင့်ပါတယ် လယ်မြေမှာပေါင်းသတ်ဆေးကိုအများစုသုံးနေတာတွေ့နေရတယ် သတ်တဲ့ဆေးဆိုမှတော့ပေါင်းပင်ရောမြေထဲမှာရှိတဲ့အပင်အကျိုးပြုအနုဇီဝပိုးတွေပါသေကြေပျက်စီးတော့မြေဆီလွှာပျက်ပါတယ် ကိုယ့်သားသမီးမြေးဆက်သုံးဘို့ဆိုမြေဆီသြဇာထက်သမ်အောင်ပြုပြင်ဘို့လိုပါတယ်

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

လုံးလုံးကို မသုံးသင့်တာပါ မြေ နှင့် သဘာဝ ပတ်ဝန်းကျင်းကို အကြီးအကျယ် ထိခိုက်စေပါတယ်

5,176 လွန်ခဲ့သော ၆ နှစ် က

EM ဘိုကာရှီ လို့​ရေးတာပါ။

5,176 လွန်ခဲ့သော ၆ နှစ် က

​ပေါင်းသတ်​ဆေးသုံးစွဲခြင်း​ကြောင့်သဘာဝပတ်ဝန်းကျင်၊လူ၊တိရစ္ဆာန် အဆိပ်သင့်မှု ဖြစ်ပွားနိုင်ပါတယ်။မြစ်​ချောင်းနှင့် ​ရေ​အောက်​မြေမှာ ​ပေါင်းသတ်​ဆေးအဆိပ်သင့်နိုင်ပါတယ်။ ​ပေါင်းသတ်​ဆေးများကို မဆင်မခြင် ဆက်တိုက်သုံးစွဲမည်ဆိုလျင် ​မြေဆီလွှာ ​မြေဆီ​မြေနှစ် ပျက်ဆီးမှုလည်းဖြစ်​စေနိုင်ပါတယ်။​မြေ​ဆွေးဓါတ်လို့​ခေါ်တဲ့ ​အောဂဲနစ်မီတာပါဝင်မှု ​​လျှော့နည်းလာနိုင်ပါတယ်။အဏုဇီဝသက်ရှိ​တွေ ပါဝင်မှု ​လျှော့နည်းလာပါလိမ့်မယ်။​မြေအစိုဓါတ်ထိန်းနိုင်စွမ်းလည်း ကျဆင်းလာပါလိမ့်မယ်။ဒါ​ကြောင့် ​ပေါင်းသတ်​ဆေးများကို စနစ်တကျသုံးစွဲ၍ ​ဆေးညွှန်းအတိုင်းလိုက်နာပါ။မိမိစိုက်ပျိုးသည့်​မြေကလည်း ​ပေါင်းသတ်​ဆေး​သုံးစွဲဖို့လိုအပ်တယ် မိမိကလည်း ​မြေဆီလွှာပျက်ဆီးမှာ စိုးရိမ်လို့ရှိရင် တစ်နှစ်မှာ တစ်ကြိမ်သာ ​ပေါင်းသတ်​ဆေးသုံးပါ။သုံးစွဲရမည့်အချိန်ကလည်း မျိုး​စေ့ချပြီး ၁ လအတွင်း ၁ ကြိမ်သာ သုံး​ပေးရမှာပါ။​ပေါင်းသတ်​ဆေး​ရွေးချယ်တဲ့​နေရာမှာလည်း မိမိသတ်ချင်တဲ့ ​ပေါင်းမြက်အမျိုးအစား​ပေါ်မှုတည်၍ ​မြေနှင့်​ရေတွင် မြန်မြန်ဓါတ်ပြိုကွဲသည့် ​ပေါင်းသတ်​ဆေး၊အ​ငွေ့ပြန်လွယ်သည့်​ပေါင်းသတ်​ဆေးများကို ​ရွေးချယ် သုံးစွဲ​ပေးပါ။​ပေါင်းသတ်​ဆေးသုံးစွဲခြင်း​ကြောင့် ​မြေဆီလွှာပျက်ဆီးမှု မရှိ​စေရန် နွား​ချေး၊သစ်စိမ်း​မြေသြဇာ၊အီးအမ်ဘိုကာ အစရှိ​​သော သဘာဝ​မြေသြဇာများကို ထည့်သွင်း​ပေးရန်လည်း လိုအပ်ပါသည်။

116 လွန်ခဲ့သော ၆ နှစ် က

မထိခိုက်နိုင်ပါ

You

ဆက်စပ်မေးခွန်းများ

ယမနေသစ်ပင်စိုက်နည်းလေးပြညိ့ပြည့်စုုံစုုံသိချင်ပါသည်ခင်ဗျား

ဖြေကြားချက် 0 ခု

လျှောက်ဖြူအစေးကို ဘယ်အချိန်တေမှာထုတ်ယူ၍ ဘယ်အချိန်တေမှာ မထုတ်ယူသင့်တာလဲရှင်းပြကြပါအုံးဗျ ဆရာတို့

ဖြေကြားချက် 1 ခု

တမလန်း သစ်နှင်းအကြောင်း သိတဲ့အကို အမ များ ဖြေကြားပေးပါလားဗျ....ဘယ်လိုရာသီဥထုမှာ စိုက်လို့ရလဲ... ဘယ်လိုမြေတေမှာ...

ဖြေကြားချက် 1 ခု

လျော်ဖြူပင်ရဲ့အခေါက်နဲ့ပင်စည်အကြားမှာပင်စည်ထိုးဝင်ရောက် နေလို့ပါ အပင်ခြေတွင်အဖြစ်များပါသဖြင့် ပင်လုံးပြန့်ပိုး...

ဖြေကြားချက် 2 ခု

မန်ဂျန်ရှား ပင် တစ်လက်မအချင်း ကိုင်တတ်တွေဖြတ်ချင်တာ ကတ်ကြေးဘယ်မှာဝယ်လို့ရလဲပြော ပေကြပါဦး မိတ်ဆွေတို့

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။