ဖြေကြားချက် ၄ ခု
ကျေဇူးပါမမေဇင်ထွန်းနှင့်ကျော့နန္ဒာစိုးအခုလိုဖြေတဲ့အတွက်ကျွန်တော်တို့ဆီမှာဈေးနုန်းကြည့်မရပါဗျာ
6 ရက်နေ့ကဈေးနှုန်းပါအကိုရေ။ နေ့တိုင်း 3 နာရီခွဲလောက်ဆိုရင် ဈေးနှုန်းအသစ်တွေဝင်ကြည့်လို့ရပါပီ။
ကြည့်မရဘူးဗျဈေးနုန်ုးက
မန္တလေး၊ မုံရွာ၊ ရန်ကုန်၊ မြင်းခြံ၊ ရေစကြို တို့မှာ ထောပတ်ပဲ ဈေးနှုန်းကြည့်ကြည့်ပါ။ မနေ့ကထိထင်ထားတာရှိပါတယ်။ အစိမ်းရောင်လမ်းရဲ့ သီးနှံဈေးနှုန်းကဏ္ဍမှာပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြတ်ပင်ပေါင်းပင်ကိုမီးမရှို့ဘဲဒီတိုင်ဘဲထွန်းစက်နဲ့ထွန်းနေတယ် ကောင်မလာ
ဖြေကြားချက် 2 ခု
ထောပတ်ပဲ အပင်သန်ပါတယ် ဒါပေမဲ့ အရွက်ပါးပြီး အသီးနည်းလို့ ဘယ်ဆေး ဖျန်းပေးရမလဲခင်မျာ
ဖြေကြားချက် 2 ခု
ပဲ တစ်တန်က ဘယ်နဲ့တင်းရှိတာလဲ
ဖြေကြားချက် 3 ခု
60%ပိုတက်ကို အရည်ဖျော်ဖျန်းခြင်း အပင်ခြေလောင်းပေးခြင်း ပြုလုပ်လို့ရပါသလားခင်မျာ
ဖြေကြားချက် 7 ခု
တခြားပဲတေတော့အိန္ဒိယကဝယ်တယ်ထောပတ်ပဲကိုတော့ဘယ်နိုင်ငံကပမဝယ်ဘူးလားမသိ
ဖြေကြားချက် 0 ခု