အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,214
လွန်ခဲ့သော ၅ နှစ် က · ခန္တီး

ဒေလီယာပန်းစိုက်ပျိ ုးနည်းသိချင်ပါတယ်

စိုက်ပျိုးနည်း လီလီပန်း

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၅ နှစ် က

⁠ဒေလီယာပန်း စိုက်ပျိုးနည်း အင်္ဂလိပ်အမည် – Dahlia ရုက္ခဗေဒအမည် – Dahlia variabilis D – elegans မျိုးရင်း – Compositae မူရင်းဒေသ – မက္ကဆီကို ဒေလီယာပန်း အမျိုးအစားခွဲခြားခြင်း ပန်းပွင့်၏ သဏ္ဍာန်ပေါ်မူတည်၍ အဓိကအားဖြင့် ဆယ်မျိုးခွဲခြားထားသည်။ ယင်းတို့မှာ – ၁။ ပွင့်ချပ်တစ်လွှာမျိုး ၂။ တစ်လွှာ၊ လယ်ပွင့်ချပ် ရှည်လိပ်များ ၃။ ပွင့်ချပ် နှစ်လွှာမျိုး ၄။ ပွင့်ချပ်နှစ် – လေးလွှာမျိုး ၅။ လွှာများပွင့်ကြီးမျိုး ၆။ ဘောလုံးမျိုး ၇။ ပန်းပွားလုံးမျိုး ၈။ ရှားစောင်းမျိုး ၉။ ရှားစောင်းနွယ်မျိုးနှင့် ၁၀။ အထွေထွေမျိုးတို့ ဖြစ်ကြသည်။ ဒေလီယာပန်း စိုက်ပျိုးခြင်း ဒေလီယာပန်းသည် မပူလွန်း၊ မအေးလွန်းသော ရာသီဥတုကို ကြိုက်သဖြင့် မြေပြန့်တွင် ဆောင်း၊ တောင်ပေါ်တွင် တစ်နှစ်လုံး စိုက်ပျိုးနိုင်သည်။ ဒေလီယာပန်းကို သဲဆန်လွန်း၊ မြေစေးလွန်းသော မြေမျိုးမှ အပ ရေမဝပ်သော မြေမရွေး စိုက်ပျိုးနိုင်သည်။ ဒေလီယာပန်း စိုက်ပျိုးရာတွင် အစေ့ကိုလည်းကောင်း၊ ဥကိုလည်းကောင်း ပျိုးထောင်၍ စိုက်ပျိုးနိုင်သည်။ အစေ့ကို ပျိုးထောင်လိုလျှင် ပျိုးဘောင်ကို နေ့လယ်နေမထိစေရန် ဂရုစိုက်ရသည်။ ပျိုးဘောင်ေ ပါ်တွင် စိုက်ကြောင်း တိမ်ကလေးများကို တစ်ကြောင်းနှင့်တစ်ကြောင်း နှစ်လက်မ သုံးလက် မခွာ၍ ဖော်ပြီး မျိုးစေ့ ပါးပါးချ၍ ပျိုးထောင်နိုင်သည်။ ရေဖျန်းရာတွင် အပေါက်သေးသော ရေ ပန်းကရားဖြင့် ရေလောင်းရသည်။ အပင်ပေါက်ရန် ၁၀ ရက်ခန့် ကြာတတ်ပြီး အပင်ပေါက် သည်မှ နှစ်ဆယငါးရက်သား ၊ သုံးဆယ်ငါးရက်သားတွင် စိုက်ဘောင်များသို့ ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။ ဥကို ပျိုထောင်လိုလျှင် မျက်စိပါအောင် ဖြတ်ယူပြီး ပုပ်ရိသော အပိုင်းကို ဓား နှင့် ခွာကာ အမြစ် မွှာ များသည် ဖြတ်တောက်၍ မျက်စိကို မြေပေါ်ဖော်ပြီး ပျိုးထောင်ရသည်။ မိုးဦးကျတွင် ဥမှ ပျိုးစ၍ ထောင်နိုင်ရာပျိုးတက် အမြောက်အမြား ပေါက်လာက အသန်စွမ်းဆုံး နှစ်တက်သာ ချန်၍ ကျန်အတက်များကို ဖြတ်ပစ်ရသည်။ နောက်တစ်နည်းဖြင့် ပျိုးထောင်လိုသော်၊ ဥမှ ပထမဆုံး ထွက်လာသော ပျိုးတက်သည် အခေါင်းဖြစ်သဖြင့် ဖြတ်ရသည်။ ထပ်ထွက်လာသော ပျိုးတက် များ ကို လေးလက်မမှ ခြောက်လက်မခန့် ရှည်စေပြီးနောက် အညွှန့်အရင်းတွင် အဆစ်အောက် နားကပ်၍ ဖြတ်သင့်သည်။ ထိုဖြတ်၍ ရသော ပျိုးတက်များကို သဲကြမ်းပျိုးသေတ္တာထဲ ထိုးစိုက်ပြီး အရိပ်ထဲတွင် သုံးလေးရက် ထား၍ ပျိုးထောင်ပြီးသော် သုံးပတ်ကြာသောအခါအမြစ်များထွက်လာသည်။ ထိုအခါ မြေဆွေး တစ်ဆ၊ နုန်းတစ်ဆ၊ သဲတစ်ဆရောထားသော ပျိုးဘောင်သို့မဟုတ် ပျိုးသေတ္တာသို့ ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။ ဥတွင် ချန်ထားခဲ့သော အသန်စွမ်းဆုံး အတက်နှစ်တက်ပါသည့် ဥပျိုးတက်များကိုလည်း ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ စိုက်ခင်းတွင် ဖြစ်စေ၊ စိုက်ဘောင်တွင် ဖြစ်စေ အပင်ပုများကို တစ်ပင် နှင့်တစ်ပင် တစ်ပေ လေးကွက်ကြား စိုက်စနစ်ဖြင့် လည်းကောင်း၊ အပင်ကြီးမျိုးကို တစ်ပင် နှင့် တစ်ပင် နှစ်ပေခွဲ လေးကွက်ကြားစိုက်စနစ်ဖြင့် လည်းကောင်း စိုက်ပျိုးနိုင်သည်။ စိုက်ခင်းမြေကိုလည်း နေရောင်အမြဲရနိုင်သော နေရာကို ရွေးချယ်ရသည်။ ဒေလီယာပန်းကို ဆောင်းတွင်းတွင် စိုက်ပျိုးလျှင် ရေနိုင်နိုင်လောင်း.၊ ပေါင်းမြက်များ ရှင်းလင်းပေးရန်၊ အပင်ကြီးမျိုးကို အပင်ငယ်စဉ်က တိုင်ထောင်၍ ချည်ပေးရန်၊ မြေကျယ်လာက မြေဆွပေးရန် လိုအပ်သည်။ အပင်ခြောက်လက်မမှ ဆယ်လက်မခန့်ရှိသော အခါ ခေါင်ညွန့်နှိမ်ပေးရသည်။ အဖျားပိုင်း အဖူးနှစ်ဖူး နှင့် လေးဖူးမှ အပ ကျန်အဖူးများကိုဖဲ့ပစ်ရသည်။ထိုအခါ ထွက်လာသော အကိုင်းများ၏ ထိပ်တွင်ရှိသော အဖူးမှ အပွင့်သည် ကြီး၍ ရိုးတံတိုသည်။ ဘေးနားမှ ခေါင်ပွင့်နှင့် ပြိုင်၍ ထွက်သော အပွင့်တို့သည် သေး၍ ရိုးတံတိုသည်။အကယ်၍ ခေါင်ဖူးနှင့် ကပ်လျက် ဘေးဖူးတို့ကို ဖဲ့ပစ်လျှင် ကျန်ဘေးဖူးမှ အပွင့်ကြီးပြီး ရိုးတံရှည်သော အပွင့်ကို ရရှိမည်။ ဤသုံးမျိုးအနက် လိုရာကို ယူနိုင်သည်။ ဒေလီယာပင်တို့သည် စိုက်ပြီး သုံးလမှ ငါးလအတွင်းပန်းပွင့်ကြသဖြင့် သုံးပိုင်း တစ်ပိုင်း ပွင့်လျှင် ဓားထက်ထက်ဖြင့် ဖြတ်၍ ရိုးတံကို ရေပုံးတွင် ချက်ချင်း ထိုးရသည်။ စိုက်ပျိုးရေးဦးစီးဌာန

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။