အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,287
လွန်ခဲ့သော ၅ နှစ် က · မင်းဘူး

ကြက်ဥဂျူလင်စီပြုလုပ်ပုံလေးနဲ့အသုံးပြုပုံလေးကိုအလင်းပြကြပါအုံး

အပင်အာဟာရ ကုလားပဲ

ဖြေကြားချက် ၁ ခု

25,198 လွန်ခဲ့သော ၅ နှစ် က

ကြက်ဥဂျူလင်စီ လို့ အခေါ်များတဲ့ အနီရောင်ကြက်ဥဇီဝအားဆေးရည်ဟာ အခြားသော အပင်အားဆေးရည်တွေနဲ့မတူတာက ထုတ်လုပ်တဲ့နည်းပါ။ အခြားသော အားဆေးရည်တွေတွေက နေရိပ်ထဲမှာ အမှောင်ထဲမှာ ထုတ်လုပ်ကြရပေမယ့် အနီရောင်ကြက်ဥဇီဝအားဆေးကတော့ ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ ထုတ်လုပ်ကြရတာပါ။ နောက်တခုကတော့ နေရောင်ခြည်မှာ ရက်၃၀-၄၀ ထားပေမယ့်လည်း ဆေးရည် က အနီရောင်မပြောင်းပဲ ရှိနေတတ်တာပါပဲ။ ဘာကြောင့်ဆိုတာ ပြောရခက်ပါတယ်။ ဒီကြက်ဥ ဒီ အချိုမှုန့် ဒီ ငပိ နဲ့ ဖျော်ပြီး ဒီကန်ထဲက ရေနဲ့ပဲ ရောစပ် ထုတ်လုပ်ပေမယ့် ဗူးတိုင်း အနီရောင်ကို မပြောင်းတာကလည်း မေးသူတွေကို မဖြေတတ်တဲ့ မေးခွန်းပါ။ ကျနော်ပြောချင်တာကတော့ အနီရောင်မပြောင်းပေမယ့်လည်း ကုန်ကြမ်းတန်ဖိုးက မများတာမို့ ထပ်ကာ ထပ်ကာ ကြိုးစား ဖော်စပ်ကြပါ လို့။ ဒါပေမယ့် အနီရောင်ပြောင်းသွားပြီးရင်တော့ ပြန်ပွားယူရင် အချိန် (၇) ရက် တပတ်အတွင်းမှာပဲ (၁) လီတာ မှ (၅) လီတာ ရနိူင်တာ သေချာပါတယ်။ အချိန်မပေးနိူင်လို့ မလုပ်ဖြစ်သူများ ပြုလုပ်ခဲ့ပေမယ့် အနီရောင်မရခဲ့သူများကို အောင်မြင်ပြီးသည့် အနီရောင်ကြက်ဥဇီဝအားဆေးရည်ကို စျေးနူန်းသင့်တင့်စွာနဲ့ ပြန်လည် မျှဝေပေးနေပါတယ် ပြုလုပ်နည်း ****"**"*"""** (မေးကြပါ၍ ဖြည့်စွက်ပေးလိုက်ပါသည်) * ကြက်ဥ (၁) လုံး အခွံပါ ထောင်းထည့်ပါ * စိမ်းစားငပိ ဟင်းစားဇွန်း (၁) ဇွန်း * အချိုမှုန့် ဟင်းစားဇွန်း (၁) ဇွန်း တို့ကို သမအောင် မွှေပါ ရလာသောအရည် (၁)ဇွန်းကို ရေ (၁) လီတာဗူးခွံထဲ ထည့်ပြီး ရေအပြည့် ရောပါ (၇) ဗူးခန့် ရပါမယ် ပြီးလျှင် နေပူထဲ ထားပါ နေ့စဉ် လှုပ်ခါပေးပါ ရက်ပေါင်း (၃၀-၄၀) လောက်မှာ အနီရောင်ပြောင်းပါက ဆေးရည်အဖြစ်သို့ ရောက်ရှိပြီး သုံးစွဲနိူင်ပါပြီ အနံ့မှာ ပုတ်အဲ့အဲ့အနံ့ ရှိကာ PH ၈ မှ ၁၂ ထိ ရှိပါသည် ပွားယူခြင်း *********** (ပွားနည်း တခါတည်း ဖော်ပြပေးလိုက်ပါသည်) ဆေးရည် စတင်ဖော်စပ်သည့်အတိုင်း ကြက်ဥ အချိုမှုန့် ငပိ တို့ကို ဖျော်ယူပြီး ၁ လီတာ ၁ ဇွန်း နူန်းပြန်လည် ထည့်ပါ။ ရပြီးသား ဆေးရည် ၂၀၀ cc ထည့်ပါ ရေ ပြန်ထည့်ပါ လှုပ်ခါပါ နေရောင်ခြည်ထဲမှာ ပြန်ထားပါ (၇) ရက် တပတ်အကြာမှာ မူလ ဆေးရောင်အတိုင်း ဖြစ်မည် ရှိပြီးသား အဏုဇီဝပိုးကို အစာပြန်ကျွေးပြီး ပွားယူခြင်းပါပဲ ဒီဆေးရည်ဟာ အပင်အားလုံးကို သုံးစွဲနိူင်ပါတယ် အပင် အရွက် အပွင့် အသီးတွေအတွက် စွယ်စုံအားဆေးပါ။ ရွက်ဖျန်းအတွက် ရေ၂၀ လီတာမှာ ၂၀ cc မှ ၂၀၀ cc မြေလောင်းအတွက် ရေ ၂၀ လီတာမှာ ၂၀၀ cc မှ ၁ လီတာ မြေသြဇာပြုလုပ်ရင် ရေ ၂၀ လီတာ ၂၀၀ cc မှ ၅၀၀ cc စသဖြင့် ထညိ့သွင်း အသုံးပြုနိုင်ပါတယ် Credit - သဘာဝသီးနှံ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။