ဖြေကြားချက် ၁ ခု
ကျွန်းစေ့ အပင်ဖေါက်ခြင်း ကိုဇင် အဓိပတိပစ္စယောစိုက်ပျိုးရေးနည်းပညာ အခမဲ့ဝန်ဆောင်မှုအဖွဲ့ March 31 at 1:24am · ကျွန်းစေ့ အပင်ဖောက်ခြင်း ******************************* ညီငယ်တစ်ယောက်က ကျွန်းစေ့အပင်ဖောက်နည်း မေးလာတယ် ... သူတို့ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကျွန်းပင်တွေစိုက်ဖို့ တာစူနေကြပြီတဲ့ ... ဒါပေမယ့် တစ်သက်လုံးလက်နက်ကိုင်လာရတာဖြစ်တော့ ကျွန်းစေ့တွေ အပင်ဖောက်ဖို့ နည်းစနစ်ကောင်းကောင်းမသိဘူးတဲ့ ... အမှန်အတိုင်းဝန်ခံရရင် ကျနော်လည်း ကျွန်းစေ့ကို အပင်မဖောက်ဖူးဘူး ... သို့သော် ကျွန်းစေ့ကို အပင်ဖောက်ရတာ အချိန်ကြာတယ် .... အခွံမာသီးဖြစ်လို့ စိတ်ရှည်ရတယ် ... အပင်ပေါက်ချိန်မတိုင်သေးဘဲ အတင်းဖောက်လို့ မရဘူးဆိုတာလောက်ပဲ သိပါတယ် ... ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် ... အင်တာနက်အားကိုး ... စာအုပ်မျိုးစုံအားကိုးနဲ့ အကောင်းဆုံးအကြံဉာဏ်ပေးချင်ပါတယ် .... အိန္ဒိယမှာတော့ ကျွန်းကို တစ်သျှူးမျိုးပွားနည်းနဲ့ အပင်လွယ်လွယ်ကူကူရအောင် လုပ်နေတာကြာပြီလို့ဆိုပါတယ် ... ကျနော်တို့မြန်မာနိုင်ငံမှာတော့ ဂရိတ်ဝေါကုမ္ပဏီက ယူကလစ်တစ်သျှူးမျိုးပွားနည်းနဲ့ ပျိုးပင်ပေါက်တွေထုတ်ရောင်းပေးနေပြီး ... နောင်လေးနှစ်ကြာတဲ့အခါ ပြန်ဝယ်တယ်လို့ ဆိုတာပါတယ် ... ကျွန်းစေ့မျိုးကောင်း ********************* ကျွန်းစေ့မျိုးကောင်းရဖို့ဆိုရင် အပင်သက်တမ်းအလယ်အလတ်ရှိတဲ့ (၁၀ နှစ်အထက်) ကျွန်းပင်တွေက သဘာဝအတိုင်ကြွေကျတဲ့အသီးမှသာ ကျွန်းပင်ဖောက်တဲ့အခါ အောင်မြင်မှုပိုများပါမယ် ... သက်တမ်းနုတဲ့ကျွန်းပင်ကမျိုးစေ့ဆိုရင် ပေါက်နှုန်းမကောင်းသလို အပင်အရည်အသွေးလည်းညံ့ပါလိမ့်မယ်တဲ့ ... ပင်စည်ဖြောင့်ဖြောင့် လုံးပတ်ဝိုင်းဝိုင်း မိခင်ကျွန်းပင်ကအစေ့မျိုးဆို ပိုကောင်းပေါ့ ... ဗန်မော် ကသာဖက်က ကျွန်းပင်တွေကျတော့ ကျွန်းဝလုံးလို့ပြောရလောက်အောင် ဝိုင်းစက်နေတတ်ပါတယ် ... ပြည်ဖက်က ရွှေကျွန်းတော ကျွန်းမျိုးဆိုတာလည်း နာမည်ကြီးပါတယ် ... အုတ်အတွင်းအနောက် ပဲခူးရိုးမ ကျွန်းမျိုးလည်း နာမည်ရပါတယ် ... ဒါကြောင့် ကျွန်းမျိုးစေ့ကောင်းရဖို့ဆိုရင် စိတ်ကြိုက်အပင်တွေဆီက ကိုယ်တိုင်ရှာဖွေစုဆောင်းနိုင်ရင်စုဆောင်းပါ ... တဆင့်ဝယ်မယ်ဆိုရင်လည်း အာမခံချက်ရှိပြီး ကျွမ်းကျင်တဲ့ မျိုးစေ့စုဆောင်းရောင်းချသူများဆီက ဝယ်ပါ ... သစ်တောဌာန ကျွန်းသစ်စေ့ထုတ်ခြံလို နေရာမျိုးတွေနဲ့ ဆက်သွယ်ဝယ်ယူပါတဲ့ ... အပင်ဖောက်ခြင်း ******************* ကျွန်းစေ့ကြွေကျပြီးပြီးချင်းမှာ အပင်ဖောက်မယ်ဆိုရင် အထဲကအစေ့ဆံဟာ အပင်ပေါက်လာဖို့ အလုပ်မလုပ်သေးတဲ့အတွက် အချိန်ပိုကြာသွားပါလိမ့်မယ် ... ဒါမှမဟုတ် အစေ့တွေ အလဟသ ဖြစ်ကုန်ပါလိမ့်မယ်တဲ့ ... ဒါကြောင့် အပင်ကကြွေပြီး သုံးလကျော်လောက်သက်တမ်းရှိတဲ့ ကျွန်းစေ့ကိုသာ မျိုးဖောက်ပါတဲ့ ... ဒါကြောင့် စုဆောင်းရလာတဲ့ ကျွန်းစေ့တွေကို သန့်ရှင်းရေးလုပ်ပါ ... အလုံးအဖန်လှပြီး အဝန်းကောင်းတဲ့ အစေ့တွေကို စနစ်တကျရွေးချယ်ပါ ... အလှေးအမွှား အဖျင်းအမှော်တွေ ဖယ်ပစ်ပါ ... ဒါပေမယ့် လွှင့်မပစ်နဲ့ ရေမစိုမခြောက်နေရာမှာ ဖြန့်ခင်းပစ်ထားလိုက်ပါ ... နောက်တော့ ပယ်တဲ့ထဲက အပင်ပြန်ပေါက်ပါသေးတယ် ... ဒီလိုသန့်စင်ရွေးချယ်ပြီးသား ကျွန်းသစ်စေ့တွေကို တစ်ညရေစိမ် တစ်နေ့နေလှမ်း (နေ့ခင်းမှာ နေလှန်း ညခင်းမှာ ရေစိမ်) စသည်ဖြင့် ဒီနည်းစဉ်အတိုင်း ၂ ပတ် (၁၄ ရက်) ကျော်လောက် လုပ်ရပါလိမ့်မယ် ... ဒါပေမယ့် အညှောင့်ထွက်လာဦးမှာမဟုတ်ဘူး ... ဒီလို ၂ ပတ်လောက် ရေစိမ်နေလှမ်းလုပ်ထားတဲ့ ကျွန်းစေ့တွေကို ပျိုးခုံပေါ်တင်ရပါတော့မယ် ... သဲကြမ်းနဲ့ ဖွဲပြာ ဆတူရောထားတဲ့ ပျိုးခုံပေါ်ကို အစေ့တွေ တစ်စေ့နဲ့တစ်စေ့ မထပ်အောင် ဖြန့်ခင်းပါ ... နောက် ဖွဲပြာ ၁ လက္မလောက် ကျွန်းစေ့တွေပေါ်က အုပ်ပေးပါ ... ဖွဲပြာသုံးရတဲ့အကြောင်းရင်းက ဖွဲပြာက အဆွေးမြန်စေတဲ့ဂုဏ်သတ္တိရှိလို့ပါ ... ကျနော်တို့ ကွမ်းသီးတွေ အပင်ဖောက်ရင် ဒီနည်းလည်းသုံးပါတယ် ... တချို့ကျတော့ ကျွန်းစေ့တွေမြန်မြန်အပင်ပေါက်အောင် ခြတောင်ပို့ထဲထည့်ပြီး အပေါ်ခွံပါးသွားအောင် စားခိုင်းပစ်တယ် ... နည်းမှားလို့ထင်ပါတယ် ... ဒီတော့ ပျိုးခုံပေါ်တင်ပြီး ဖွဲပြာပါးပါးအုပ်ထားတဲ့ မျိုစေ့တွေပေါ် ညနေခင်းမှာ ရေတောက်လျှောက်လိုက်ပေးပါ ... ၁၀ ရက်ကနေ ၁၅ ရက်အတွင်းမှာ Sowing ပြပါလိမ့်မယ် ... ဆိုလိုတာက ကျွန်းသီးတွေကွဲအက်ပြီး အညှောင့်စို့ထွက်လာပြီပေါ့ ... ဒီတော့မှ ပျိုးထောင်အိတ်ထဲ ပြောင်းထည့်ပြီး ပုံမှန်သစ်ပင်တွေပျိုးသလို ရေလောင်းပြုစု လုပ်သွားရုံပါပဲ ... ဒါကတော့ ကျွန်းစေ့အပင်ဖောက်ရုံသက်သက်ပဲပြောတာဖြစ်ပါတယ် ... ကျွန်းက မြန်မာပြည်မှာပေါသလောက် မာယာများတဲ့သစ်ပါ ... ကျနော်တို့ များများစိုက် များများလေ့လာရင် သူ့ရဲ့မာယာက ကျနော်တို့လက်အောင် ပြားပြားမှောက်ရောက်လာရမှာပေါ့ဗျာ ... ကျွန်းသစ်စိုက်ပျိုးသူများ တိုးတက်အောင်မြင်ကြပါစေ ... ကိုးကား - ကိုဇေ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းစိုက်မလို့ နည်းရှိရင်ပေးကြပါဦး
ဖြေကြားချက် 2 ခု
ကွမ်းစိုက်ချင်လို့ပါ ကူညီကျပါအုံး
ဖြေကြားချက် 4 ခု
အရွှက်တေတွန့်နေလို့ဘာရောဂါလဲဗျ အများကတော့ စုပ်စားပိုးလို့ ပြောကြတယ် ဒီတပတ်မှပဲ စလာတာ ဘာဆေးသုံးရမလဲလမ်းညွှန်ပေး...
ဖြေကြားချက် 3 ခု
ကွမ်းဘောင်ထဲကောက်ရ်ိုးထည်လိုရလားဗျ
ဖြေကြားချက် 1 ခု
ကွမ်းသားတက် အညွှန့်များအောင် ဘယ်လိုဖြတ်ရလဲ ပုံနှင့်စာတွဲပြပေးပါ
ဖြေကြားချက် 3 ခု