အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၅ နှစ် က · မော်လမြိုင်

စျေးကွက်ထဲမှာ မြင်တွေ့နေရတဲ့ ဗာဒံစေ့နဲ့ ကျွန်တော်တို့ နိုင်ငံမှာ တွေ့နေရတဲ့ ဗာဒံပင်မျိုးက ဘယ်လိုကွဲပြားသလဲဆို...

စျေးကွက်ထဲမှာ မြင်တွေ့နေရတဲ့ ဗာဒံစေ့နဲ့ ကျွန်တော်တို့ နိုင်ငံမှာ တွေ့နေရတဲ့ ဗာဒံပင်မျိုးက ဘယ်လိုကွဲပြားသလဲဆိုတာ သိချင်ပါတယ်... ပြီးတော့ အဆိုပါမျိုးဟာ မြန်မာနိုင်ငံမှာ စိုက်ပျိုးလို့ရနိုင်မရနိုင်ဆိုတာလည်း သိချင်ပါတယ်ဗျ... ကျေးဇူးပါ... (သီးနှံအမည် ရွေးချယ်တဲ့နေရာမှာ ဗာဒံ မတွေ့တဲ့ အတွက် ကြုံရာတစ်ခုကို ရွေးပေးလိုက်ပါသည်)

စိုက်ပျိုး ဗဟုသုတ ကော်ဖီ
Post image
2

ဖြေကြားချက် ၂ ခု

116 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါဗျ... တစ်ခုလောက် ထပ်မေးချင်တာက အဲဒီ ချယ်ရီပင်နဲ့ အမျိုးတူ Almond က ကျွန်တော်တို့ နိုင်ငံမှာ စိုက်ကြလားဗျ... စိုက်လို့ရော ရပါသလားခင်ဗျာ... အပင်ကို တခါမှ မမြင်ဖူးလို့ပါ...

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

တကယ်တော့ မြန်မာပြည်က ဗာဒံပင်ကို english လို indian almond လို့ခေါ်ပါတယ်။ တခြားနာမည်ကွဲတွေလည်း အများကြီးရှိပါတယ်။ country almond, Malabar almond, sea almond, tropical almond, beach almond စသည်ဖြင့်ပေါ့လေ။ ဘယ်လိုဖြစ်လို့ ခုလို အခေါ်အဝေါ် ရောကုန်လဲ ဆိုတော့ Badam( ဗာဒံ ) ဆိုတဲ့ စာလုံးက အိန္ဒိယစကားပါ … အဓိပ္ပာယ်က တကယ့် almond ပင်ကို ခေါ်တာပါ။ ခု စာရေးသူတို့ဆီက ဗာဒံပင် (indian almond) ကိုကျတော့ သူတို့က india badam လို့ ခေါ်ပါတယ်။ နာမည်သာ တူနေပေမယ့် ဇီဝမျိုးစိတ်ချင်းလုံးဝမတူပါဘူး။ အပင်၊ အရွက်၊ အသီး အပွင့်လည်း ပုံစံချင်း ဘာမှကို မတူတာပါ။ Indian almond ခေါ် ဗာဒံပင်က မျိုးရင်း Combretaceae ဖြစ်ပြီး ဇီဝမျိုးကွဲနာမည်က Terminalia catappa ပါ။ Almond ကတော့ မျိုးရင်း Rosaceae ကဖြစ်ပြီး ဇီဝမျိုးကွဲ နာမည် Prunus dulcis ဖြစ်ပါတယ်။ တွေ့လား…ဘာမှကို မတူတာ။ Almond က ဘယ်သူနဲ့ အမျိုးတော်လဲ သိလား။ ချယ်ရီပင်နဲ့ပါ။ ပန်း အပွင့်ကအစ ချယ်ရီပန်း နဲ့ အတော်လေးဆင်ပါတယ်။ ချယ်ရီ နဲ့ almond ဟာ မျိုးရင်းရော မျိုးစိတ်ပါတူပါတယ်။ ( ချယ်ရီရဲ့ မျိုးရင်းက Rosaceae ဖြစ်ပြီး ဇီဝမျိုးကွဲ နာမည်မှာ မျိုးစုက Prunus ပါပဲ။ မျိုးစိတ် အမည်ကတော့ ချယ်ရီ အမျိုးအစားကို လိုက်ပြီး အမျိုးမျိုးကွဲတာပါပဲ) သည်လောက်ညွှန်းနေရတာ အကြောင်းရှိပါတယ်။ ဗာဒံစေ့ရော Almond ပါ အရသာရှိသလို ကောင်းကျိုးသိပ်များလို့ပါပဲ။ လက်တစ်ခုပ်စာရှိတဲ့ Almond စေ့တွေမှာ နှလုံးအကျိုးပြု မပြည့်ဝဆီ ၁၄ ဂရမ်၊ အသားဓာတ် ၆ဂရမ်၊ ကဆီ ဓာတ် ၂.၅ဂရမ် နဲ့ အမျှင်ဓာတ် တွေကြွယ်ဝစွာ ဝင်တဲ့အပြင် အပိုဆုအနေနဲ့ ဗီတာမင် E ရယ်၊ ဗီတာမင် B2 ရယ်၊ မန်းဂနိစ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး စတဲ့ သတ္တုဓာတ်တွေလည်း အဓိကပါသေးတယ်။ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း အများကြီးကို ပါသေးတာပါ။ ပမာဏနည်းပေမဲ့ပေါ့လေ။ Hello Sayawon ရဲ့ Almond နဲ့ ဗာဒံအတူတူပဲလား ဆိုတဲ့ ဆောင်းပါးကနေ ကူးယူဖော်ပြတာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။