အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က · ဟုမ္မလင်း

ကော်ဖီဘယ်လိုရာသီဥတုကြိုက် လဲ ဘယ်လိုစိုက်ရလဲ ဘယ်လိုမြေမျိုးကြိုက်လဲသိချင်ပါတယ်ဗျ

စိုက်ပျိုးနည်း ကော်ဖီ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

ကုန်းမြင့်ကော်ဖီ (Arabica)ကိုတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၀၀ ပေကျော်ပါက စိုက်ပျိုးနိုင်ပြီး မြေနိမ့်ကော်ဖီ (Robusta) ကိုတော့ ပင်‌လယ်ရေမျက်နှာပြင် ပေ ၂၅၀၀ အောက်ဆိုရင် စိုက်ပျိုးနိုင်ပါတယ်။ ကုန်းမြင့်ကော်ဖီကို ပြင်ဦးလွင်ဒေသ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် စတဲ့ တောင်တန်းဒေသတွေမှာ စိုက်ပျိုးမှုများပြီး မြေနိမ့်ကော်ဖီကိုတော့ ကရင်ပြည် သံတောင်ကြီးဒေသ၊ တနင်္သာရီ စတဲ့ နေရာတွေမှာစိုက်ပျိုးကြပါတယ်။ အသေးစိတ်ကို ဒီမှာ ဖတ်လို့ရပါတယ်ဗျ။ ကော်ဖီသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။