အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2
လွန်ခဲ့သော ၅ နှစ် က

ခရမ်းချဥ်သီးမှာ ဖြစ်​လေ့ရှိတဲ့ ပုံပါအတိုင်း အသီးမှာ အနာ ဖြစ်​နေတာ ဘာ​ရောဂါပါလဲ သိချင်ပါတယ်ဗျ

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်စနစ်တကျအစာကျွေးနည်း
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၅ နှစ် က

ဓာတ်ပုံက တစ်ပုံတည်းဆိုတော့ ပြောဖို့ ခက်နေတယ်ဗျ အသီးငယ်စဥ်က အကောင်ကိုက်ထားတာက တစ်ဆင့် နောက်ဆက်တွဲတွေဖြစ်လာတယ်ထင်တယ် ဗျ အခင်းထဲမှာ အရမ်းကြီးဆိုးဆိုးဝါးဝါး တော့မဖြစ်နိုင်ပါဘူး အနဲအပါးလောက်တော့ဖြစ်နိုင်ပါတယ်

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၅ နှစ် က

ခရမ်းချဉ်မှာ catfaceလို့ခေါ်တဲ့ လက္ခဏာတစ်ခုရှိတယ်။​ ရောဂါကြောင့်တော့မဟုတ်ဘူးဗျ။ ရာသီဥတုကြောင့်လည်း ဖြစ်တယ်။ လေ့လာကြည့်သလောက် ပန်းမပွင့်ခင် ၂ ပတ်လောက်မှာတုန်းက ညအပူချိန်ဆက်တိုက်ကျဆင်းနေတာမျိုး၊ ပန်းပါင့်ချိန်မှာ ညအပူချိန်က ၁၂ ဒီဂရီအောက် ကျနေတာမျိုး၊ နိုက်ထရိုဂျင် ပုလဲမြေသြဇာ များများကျွေးမိတာမျိုးနဲ့ ပေါင်းသတ်ဆေးဒဏ်တွေကြောင့် catface က ဖြစ်နိုင်ပါတယ်။ အသီးအရွယ်ကြီးတဲ့ ခရမ်းချဉ်မျိုးတွေမှာ ပိုဖြစ်နိုင်ခြေများပါတယ်။​ ဒီရောဂါ/လက္ခဏာက သွင်ပြင်လက္ခဏာပြောင်းလဲခြင်းဖြစ်တာကြောင့် ဆေးတော့မရှိပါဘူး။​ ပေါင်းသတ်ဆေး လျော့ပါ/ရှောင်ပါ။ အဟာရပြည့်ဝရင် အပင်က ရာသီဥတုဒဏ်ခံနိုင်ရည်မြင့်တာကြောင့် သဘာဝမြေသြဇာများများထည့်ပေးပါ။ အခြားသူတွေလည်း ဖြည့်စွက်ဖြေဆိုပေးဖို့ တောင်းဆိုပါတယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။